Android နဲ့ iOS ဖုန်းများအတွက် မေလအကုန်မှာ ထွက်ရှိလာမယ့် Pro Evolution Soccer (PES) 2017

date_range 11 May 2017

Android နဲ့ iOS ဖုန်းများအတွက် မေလအကုန်မှာ ထွက်ရှိလာမယ့် Pro Evolution Soccer (PES) 2017

visibility 1870 Views

                PC နဲ့ Console Gamer များအတွက် ဘောလုံးဂိမ်းဆိုရင် FIFA နဲ့ PES ကိုလူသိများကြမှာပါ။ Mobile Gaming ဟာ ထင်သလောက်မတွင်ကျယ်ဘူးလို့ထင်ရပေမဲ့ လူအတော်များများဟာ On The Go အတွက် Android နဲ့ iOS ပေါ်မှာ ဂိမ်းတွေဆော့ကြသလို ဂိမ်းကောင်းတွေလည်း အများကြီးရှိတာကို သိထားကြမှာပါ။

                အခုအခါမှာလည်း Konami ကုမ္ပဏီ ကနေပြီးတော့ Android နဲ့ iOS အတွက် PES 2017 ကိုထုတ်လုပ်ပေးမယ်လို့သိရှိရတဲ့အတွက် Mobile Gaming သမားများအတွက်တော့ အတော်၀မ်းသာစရာကောင်းတဲ့သတင်းပါပဲ။ Free To Play အနေနဲ့ထွက်ရှိလာမှာဖြစ်ပြီး In-app Purchases တွေကတော့ Mobile Gaming ထုံးစံအတိုင်းပါ၀င်လာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လို့ Pre-Register လုပ်မယ်ဆိုရင် Premium Players တွေကို အချိန်အတိုင်းအတာတစ်ခုအထိ ရရှိမှာပါ။

                PES 2017 ကို September 13, 2016 မှာ PS4, PS3, XBOX One, XBOX 360 နဲ့ PC (Steam) စတဲ့ Platform တွေအတွက် ထွက်ရှိထားခဲ့ပါတယ်။ EA ရဲ့ FIFA ဟာလည်း Console နဲ့ PC Platform တွေအပြင် Mobile Game အနေနဲ့လည်း ထွက်ရှိထားပြီး Konami ရဲ့ PES အနေနဲ့ကတော့ PES 2012 တစ်ခုပဲရှိသေးတာကြောင့် အခုအခါမှာတော့ မေ့လျော့နေခဲ့ပြီဖြစ်တဲ့ Android နဲ့ iOS Platform တွေအတွက် အသစ်ထပ်မံထုတ်လုပ် ပေးလာမှာပဲဖြစ် ပါတယ်။ 

                Console နဲ့ PC Title အတိုင်း Mobile Gaming မှာ Optimized Version အနေနဲ့ထွက်ရှိလာမယ့် PES 2017 ကို ဘယ်လိုပုံစံနဲ့ထွက်လာမလည်းဆိုတာ သိချင်ရင်တော့ ဒီ Link ထဲကို၀င်ပြီး Pre-Register ကြိုလုပ်ထားနိုင်ပါတယ်။ 




References
Engadget
About Author
Assinged Tags
Gaming News Android iOS iOS Games Mobile Game Pro Evolution Soccer Pro Evolution Soccer 2017 Soccer Gaming Related Gaming Related Mobile Gaming Related News Android Games
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed