ယခုနှစ်ကုန်ပိုင်းလောက်မှာ Mobile Device တစ်ခု ထုတ်လုပ်သွားမယ်လို့ ပြောလိုက်တဲ့ Razer

date_range 23 September 2017

ယခုနှစ်ကုန်ပိုင်းလောက်မှာ Mobile Device တစ်ခု ထုတ်လုပ်သွားမယ်လို့ ပြောလိုက်တဲ့ Razer

visibility 680 Views

                Razer ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Gaming Products တွေဖြစ်တဲ့ Gaming Keyboards, Gaming Mouse တွေနဲ့ အခြားသော Gaming Product တွေနဲ့ နာမည်ရရှိပြီးသား ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း Razer ကနေ Blade နဲ့ Stealth Series Laptop တွေကိုပါ ထုတ်လုပ်ခဲ့ပြီး အဲ့ဒီအပိုင်းမှာလည်း အောင်မြင်နေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Razer ကနေ နောက်ထပ် နယ်ပယ်တစ်ခုကိုပါ ခြေလှမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ 

                ယခင်တုန်းက Razer ရဲ့ CEO ဖြစ်တဲ့ Min-Liang Tan ဟာ Mobile Gaming ဘက်ကို အကောင်အထည်ဖော်သွားဖို့ အစီအစဉ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ CNBC ရဲ့ အင်တာဗျူးမှာ Razer ကနေ Mobile Device တစ်ခုကို ယခုနှစ်ကုန်လောက်မှာ ထုတ်လုပ်ဖို့စီစဉ်နေတယ်လို့ တရားဝင်ပြောကြားလိုက်တာဖြစ်ပါတယ်။ 

                အင်တာဗျူးမှာ Min-Liang Tan ပြောကြားသွားတဲ့ပုံအရတော့ Razer ဟာ Gaming နဲ့ Entertainment ပိုင်းကို ရည်ရွယ်သွားမယ့် Mobile Device တစ်ခုကို ပြုလုပ်နေပြီး၊ ဒီနှစ်ကုန်မှာ ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

                ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း Razer ဟာ Startup Smartphone ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nextbit ကို ဝယ်ယူခဲ့ပြီး၊ Audio ကုမ္ပဏီ THX နဲ့ Gaming Company တစ်ခုဖြစ်တဲ့ Ouya တို့ကိုပါ ဝယ်ယူထားတဲ့အတွက် အခု ထုတ်လုပ်သွားမယ့် Razer Mobile Device ဟာ အဆိုပါ ကုမ္ပဏီတွေရဲ့ နည်းပညာတွေပါ ပါဝင်လာမယ်လို့ ယူဆနိုင်မှာပါ။ 


                ဒါပေမယ့်လည်း ပထမဆုံး Mobile Devices ဖြစ်တဲ့အတွက် Razer ဟာ အသုံးပြုသူပိုများလောက်မယ့် Gaming ကို အဓိကထားတဲ့ စမတ်ဖုန်းပဲထုတ်လုပ်မလား... Nvidia Shield Tablet လိုမျိုးပဲ Gaming နဲ့ Entertainment ကို အဓိကထားမယ့် Tablet ပဲ ထုတ်လုပ်မလားကတော့ ဆက်ပြီးစောင့်ကြည့်ရမှာပါ။ 

References
Android Authority
About Author
Assinged Tags
Razer Gaming Related Mobile Gaming Related News Razer Smartphone Mobile Devices
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed