ဘက်ထရီပြောင်းသုံးထားတဲ့ Samsung Grand Duos စမတ်ဖုန်းတစ်လုံး အိတ်ကပ်ထဲမှာထည့်ထားရင်း ပေါက်ကွဲမှုဖြစ်

date_range 09 October 2017

ဘက်ထရီပြောင်းသုံးထားတဲ့ Samsung Grand Duos စမတ်ဖုန်းတစ်လုံး အိတ်ကပ်ထဲမှာထည့်ထားရင်း ပေါက်ကွဲမှုဖြစ်

visibility 1300 Views

                Galaxy Note 7 ဘက်ထရီပေါက်ကွဲမှုကြောင့် နာမည်ကြီးခဲ့ရတဲ့ Samsung အနေနဲ့ အခုလည်း Grand Duos မော်ဒယ်ဖုန်းတစ်လုံး အိတ်ကပ်ထဲထည့်ထားရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြန်ပါပြီ။

                အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ အလုပ်ခွင်မှာ Samsung Grand Duos ကို အိတ်ကပ်ထဲထည့်ထားပြီး၊ အလုပ်လုပ်ကိုင်နေစဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကို CCTV မှတ်တမ်းတစ်ခုအရ သိရှိခဲ့ရတာပါ။ စမတ်ဖုန်းဟာ အိတ်ကပ်အတွင်းမှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အင်္ကျီကိုပါ မီးစွဲခဲ့တာကြောင့် မြေကြီးမှာလူးလိမ့်ပြီး၊ အင်္ကျီအတင်းဆွဲချွတ်ပစ်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်မှုအမြောက်အများမရှိခဲ့ဘူးလို့တော့ သိရှိရပါတယ်။ (CCTV Video ကိုတော့အောက်မှာ ကြည့်ရှုနိုင်ပါတယ်)


                ဒါပေမယ့်လည်း Samsung ဟာ CNET ကို ပြောကြားချက်အရ ဒီ Grand Duos စမတ်ဖုန်းမှာ Samsung  ရဲ့ Original Battery ကိုအသုံးမပြုထားသလို၊ Samsung ကနေ ခွင့်ပြုထားတဲ့ Battery ကိုလည်း အသုံးပြုထားတာမဟုတ်ဘဲ အခြား Third-Party Battery ကို အစားထိုး အသုံးပြုမ အခုလိုပေါက်ကွဲမှု ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။ (ကျွန်တော်တို့အနေနဲ့ Li-Ion ဘက်ထရီတွေ ဘာကြောင့်ပေါက်ကွဲရသလဲဆိုတာကိုတော့ ဆောင်းပါးတစ်ခု မှာ အသေးစိတ်ရှင်းပြထားပါတယ်)

                Samsung အနေနဲ့ အခုလိုအဖြစ်အပျက်အပေါ်

ကျွန်တော်အနေနဲ့ Customer ကို ထိခိုက်မှုတွေကနေ အမြန်ပြန်လည်ကောင်းမွန်လာပါစေဆို ဆန္ဒပြုပါတယ်။ Customer တွေကလည်း Samsung ရဲ့ထုတ်ကုန်တွေအသုံးပြုတဲ့အခါ အစစ်အမှန်ကိုသာ အသုံးပြုကြဖို့နဲ့ Samsung ကနေ အသိအမှတ်ပြု Battery တွေကိုသာ လဲလှယ်အသုံးပြုကြဖို့ အကြံပေးလိုပါတယ်။

                လို့ပြောကြားထားပါတယ်။

                ယခုအဖြစ်အပျက်မှာ Samsung ဘက်က အပြစ်တစ်စုံတစ်ရာမရှိပါဘူး။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Apple ကနေ ထုတ်လုပ်ထားတဲ့ iPhone 8 အချို့မှာတောင် ဘက်ထရီဖောင်းတဲ့ပြဿနာ တွေရှိနေတာကြောင့် မိမိအနေနဲ့ ဘယ်လိုစမတ်ဖုန်းပဲသုံးသုံး အမြဲသတိရှိဖို့တော့လိုပါတယ်။

                ဒါကြောင့်မို့လို့ အသုံးပြုသူတွေအနေနဲ့ မိမိစမတ်ဖုန်းမှာ အတတ်နိုင်ဆုံး Original Battery ကိုအသုံးပြုဖို့နဲ့ မဖြစ်မနေ လဲလှယ်ရတော့မယ်ဆိုရင်လည်း သက်ဆိုင်ရာကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ အသိအမှတ်ပြု Battery တွေနဲ့သာ အစားထိုးလဲလှယ်သင့်ပါတယ်။ မိမိစမတ်ဖုန်း Battery ကိုလည်း တာရှည်ခံအောင် ဘယ်လိုအားသွင်းရမလဲဆိုတာကိုသိရှိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဆောင်းပါးတစ်ခုမှာ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Samsung Battery Lithium-Ion Battery Battery Explosion Explosion Battery Explodes Samsung Grand Duos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed