iPhone 8 Battery ဖောင်းကြွမှုတွေကို စုံစမ်းစစ်ဆေးနေပြီဖြစ်တဲ့ Apple

date_range 08 October 2017

iPhone 8 Battery ဖောင်းကြွမှုတွေကို စုံစမ်းစစ်ဆေးနေပြီဖြစ်တဲ့ Apple

visibility 2560 Views

                အသုံးပြုသူတွေရဲ့ Report အချို့အရ iPhone 8 Battery တွေဟာ အတွင်းထဲကနေဖောင်းတက်လာပြီး ဖုန်းအပြင်ဘက်အထိကိုကြွတက်လာတာကြောင့် သုံးမရတဲ့အခြေအနေကိုပါရောက်ရှိသွားတယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုးဖောင်းတက်လာတာကို ဖုန်း စတင်အသုံးမပြုရသေးတဲ့အခြေအနေနဲ့ အသုံးပြုပြီး ရက်အနည်းငယ်ကြာအခြေအနေမျိုးတွေမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။


                ပထမဆုံး Report ကို Taiwan နိုင်ငံက အမျိုးသမီးတစ်ဦးရဲ့ Tweet တစ်ခုကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။ Tweet ထဲမှာရေးသားချက်အရ iPhone ကိုအားသွင်းဖို့ Charger Plug ထိုးထားရာကနေ ဖောင်းတက်လာတာဖြစ်ပါတယ်။ 

                ဒီလိုမျိုး iPhone တွေ Battery ဖောင်းတဲ့ပြဿနာအတွက် လက်ရှိအချိန်မှာ Report ၆ ခုနဲ့အထက်လောက်ပဲရှိပါသေးတယ်။ ဒါကြောင့်မို့လို့ သန်းပေါင်းများစွာထုတ်လုပ်ဖြန့်ချိထားတဲ့ iPhone 8 တွေထဲကမှ ခြောက်လုံး၊ ခုနှစ်လုံးလောက်ပဲ ဒီလိုထိခိုက်မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် စိုးရိမ်ရတဲ့ အနေအထားမှာတော့မရှိပါဘူး။


                Apple အနေနဲ့လည်း ဒီလိုဘက်ထရီဖောင်းတဲ့ပြဿနာတွေကို သိရှိပြီး အချိန်မီဖြေရှင်းပေးနိုင်ဖို့အတွက် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။

                iPhone 8 Battery ဖောင်းလာတာဟာ Samsung Galaxy Note 7 လိုမျိုး ပေါက်ကွဲမှုတွေဖြစ်လာနိုင်လားဆိုရင်တော့ ဖြစ်လာဖို့ ရာခိုင်နှုန်းနည်းပါးပါတယ်။ ဒါပေမယ့်လည်း ဒီလို Battery ဖောင်းကြွလာတာဟာ Battery အတွင်းထဲက အစိတ်အပိုင်းတွေချို့ယွင်းနေတဲ့လက္ခဏာပါပဲ။ ကျွန်တော်တို့အနေနဲ့ Lithium-Ion ဘက်ထရီတွေ ဘာကြောင့်ပေါက်ကွဲတတ်တာလဲဆိုတာကို ဆောင်းပါးတစ်ခု မှာရှင်းပြထားပါတယ်။ 

                လက်ရှိအချိန်မှာတော့ သိရှိထားရတဲ့ Report တွေအရ iPhone 8 တွေပဲအခုလိုမျိုး Battery ဖောင်းကြွမှုတွေဖြစ်ပေါ်နေပြီး၊ iPhone 8 Plus တွေတော့ မပါ၀င်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ iPhone 8 ကိုလည်း အသုံးပြုနေပြီး၊ Battery ကိုလည်းတာရှည်ခံစေချင်/အန္တရာယ်မဖြစ်စေချင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Smartphone တစ်လုံးကို သက်တမ်းအကြာကြီးခံအောင် ဘယ်လိုအားသွင်းကြမလဲဆိုတဲ့ ဆောင်းပါးကို ဝင်ရောက်ဖတ်ရှုစေချင်ပါတယ်။ 

References
The Verge 9to5Mac
About Author
Assinged Tags
Battery Lithium-Ion Battery iPhone 8 related news Battery Explosion Apple iPhone 8 Apple Explosion
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed