Edge Browser ကို Android နဲ့ iOS အတွက် ထုတ်လုပ်ပေးဖို့ ကြိုးစားနေတဲ့ Microsoft

date_range 06 October 2017

Edge Browser ကို Android နဲ့ iOS အတွက် ထုတ်လုပ်ပေးဖို့ ကြိုးစားနေတဲ့ Microsoft

visibility 400 Views

                Microsoft အနေနဲ့ Windows အပြင် အခြားစမတ်ဖုန်း Platform တွေဖြစ်တဲ့ Android နဲ့ iOS အတွက် Microsoft Edge Browser ကိုထုတ်လုပ်ပေးဖို့ကြိုးစားနေပြီး၊ Android စမတ်ဖုန်းတွေအတွက်Microsoft Launcher အသစ်တစ်ခုကိုလည်း စတင်စမ်းသပ်ထုတ်လုပ်ပေးနေတယ်လို့ သိရှိရပါတယ်။

                Edge Browser ဟာတော့ လက်ရှိအချိန်မှာ Windows Insider Preview Program ထဲ၀င်ထားသူတွေအတွက် Beta အနေနဲ့ iOS မှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android အတွက် လောလောဆယ်မှာတော့ စတင်အသုံးပြုလို့မရသေးပေမယ့် သိပ်မကြာခင်မှာပဲ Beta Version ထွက်လာဖို့ရှိတယ်လို့ ယူဆရပါတယ်။ တကယ်လို့ သင်ဟာ Windows Insider Preview Program ထဲ၀င်ထားပြီး၊ Edge Browser ကိုလည်းစမ်းသပ်ချင်တယ်ဆိုရင်တော့ ဒီ Link ထဲကနေ Sign Up ၀င်ရောက်ပြုလုပ်နိုင်ပါတယ်။ 

via GIPHY

                ဒီ Edge Browser ရဲ့ အကောင်းဆုံး Feature ကတော့ မိမိစမတ်ဖုန်းရဲ့ Edge Browser မှာကြည့်ရှုနေတဲ့ Web Page တွေကို PC ပေါ်မှာပါဆက်လက်ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Feature ကို လွန်ခဲ့တဲ့ ဇူလိုင်လကတည်းက Android ဖုန်းကနေ Microsoft Apps ကို Download ပြုလုပ်ပြီး “Continue Now” (ဒါမှမဟုတ်) “Continue Later” နဲ့ မိမိကြည့်ရှုနေတဲ့ Web Page ကို PC ပေါ်မှာဆက်လက်ကြည့်ရှုဖို့ ပြုလုပ်နိုင်ကြောင်း ကျွန်တော်တို့ဆောင်းပါးတစ်ခုမှာ ရေးသားထားခဲ့ပြီးပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် Third-Party App တစ်ခုသက်သက် Download လုပ်နေစရာမလိုဘဲ၊ Edge Browser မှာ Built-In ပါလာမယ်ဆိုတာကတော့ မဆိုးဘူးလို့ပဲပြောရမှာပါ။

                တခြား Features တွေအနေနဲ့ Private Browsing တွေအတွက် InPrivate Mode၊ Reading View၊ Reading List နဲ့ အခြား Windows 10 ရဲ့ Edge Browser မှာရှိတဲ့ Features တွေကို တဖြည်းဖြည်းချင်း ထည့်သွင်းပေးသွားမယ်လို့ သိရှိထားပါတယ်။ ဒါ့အပြင် သင်ဟာ Edge Browser အသုံးပြုသူဖြစ်ပြီး၊ Password တွေကိုသိမ်းထားတတ်တဲ့သူဆိုရင် အခုထွက်ရှိလာမယ့် စမတ်ဖုန်း Edge Browser မှာလည်း မိမိသိမ်းထားတဲ့ Password တွေကို Sync လုပ်ပြီး အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 


                နောက်ထပ်အနေနဲ့ Microsoft ဟာ Microsoft Launcher လို့ခေါ်တဲ့ Android စမတ်ဖုန်းတွေအတွက် Home Screen Launcher အသစ်တစ်ခုကို စတင်စမ်းသပ်နေပါတယ်။ Home Screen Launcher အသစ်ဆိုပေမယ့် Microsoft ရဲ့ ၂၀၁၅ တုန်းက Android စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ပေးခဲ့တဲ့ Arrow Launcher ကိုပဲ ပြန်လည်ပြုပြင်ထားတဲ့ပုံစံနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ 

                ယခု Microsoft Launcher ဟာ Microsoft ရဲ့ ကိုယ်ပိုင် Design Language အသစ်ဖြစ်တဲ့ Fluent Design နဲ့တွေ့မြင်ရမှာဖြစ်ပြီး၊ Feed လို့ခေါ်တဲ့ Feature အသစ်တစ်မျိုးလည်းပါ၀င်လာမှာဖြစ်ပါတယ်။ Home Screen ရဲ့ညာဘက်မှာ Feed Page တစ်ခု သက်သက်ရှိပြီး ကိုယ့်ရဲ့ Recent Activities တွေ၊ သတင်းတွေ၊ Events တွေ၊ Reminders တွေ စတဲ့ အရာတွေအားလုံးကို တစ်စုတစ်စည်းတည်းဖော်ပြပေးထားမယ့် Page အနေနဲ့ မြင်တွေ့လာရမှာဖြစ်ပါတယ်။


                စမ်းသုံးကြည့်ရသလောက်တော့ Microsoft Launcher ဟာ Preview ဆိုပေမယ့် မဆိုးလှတဲ့အနေအထားမှာရှိပါတယ်။ Design ပိုင်းလည်းရိုးရှင်းပြီး၊ Launcher တစ်ခုမှာရှိသင့်တဲ့ Customize Options တွေလည်း ပြည့်ပြည့်စုံစုံပါ၀င်ပါတယ်။ ဒါ့အပြင် Search Bar အတွက် Bing ကိုအသုံးမပြုချင်ရင် Google (ဒါမှမဟုတ်) Yahoo တို့ကိုလည်းပြောင်းလဲအသုံးပြုနိုင်ပြီး၊ Built-In QR Code Scanner လည်းပါ၀င်ပါတယ်။ 

                Microsoft Launcher ကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ Android စမတ်ဖုန်းတွေအတွက် Google Play Store မှာ အခမဲ့ Download ရယူနိုင်ပါတယ်။ 

References
Android And Me Windows Blog
About Author
Assinged Tags
Microsoft Android iOS Android App Edge Browser iOS App Related Microsoft Edge Microsoft Launcher
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed