Modder တစ်ယောက်က early 2008 MacBook Pro ကို Samsung DeX Laptop အဖြစ် ပြောင်းလဲ

date_range 28 September 2017

Modder တစ်ယောက်က early 2008 MacBook Pro ကို Samsung DeX Laptop အဖြစ် ပြောင်းလဲ

visibility 500 Views

                Kris Henriksen ဆိုတဲ့ Modder တစ်ယောက်ဟာ Galaxy S8, S8+ တို့နဲ့အတူ ပွဲထွက်လာခဲ့တဲ့ DeX ဆိုတဲ့ Portable Desktop Software ကိုအသုံးပြုပြီး early 2008 MacBook Pro ကို Samsung DeX Laptop ဖြစ်သွားအောင် Mod လုပ်ခဲ့ပါတယ်။

                Kris Henriksen အနေနဲ့ Mod လုပ်ခဲ့ရတဲ့ Process တစ်ခုလုံးကို တစ်ဆင့်ခြင်းစီ ဓာတ်ပုံတွေအနေနဲ့ Imgur မှာ ပြသထားပြီး Mod လုပ်ပြီးသွားတဲ့ အခါမှာလည်း “New Samsung DeX Laptop” ဆိုတဲ့ ခေါင်းစဉ်နဲ့ DeX ကို Boot တက်ပြီး Game ဆော့နေတဲ့ Video File တစ်ခုကိုလည်း သူ့ရဲ့ YouTube Channel မှာ တင်ထားခဲ့ပါတယ်။ Boot တက်တာ နဲ့ Game ဆော့တာတွေအကုန်လုံး တော်တော်လေး Smooth ဖြစ်တာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။


                Mod လုပ်ဖို့အတွက် MacBook Pro ကို ဖွင့်ခဲ့ရပြီး တစ်ချို့အစိတ်အပိုင်းတွေကိုလည်း DeX နဲ့ ကိုက်ညီမှုရှိအောင် Laptop ရဲ့ Battery ကို အသစ်လဲပစ်ခြင်း၊ LCD Controller အသစ်ထည့်ခြင်း၊ Keyboard နဲ့ Trackpad ကို USB နဲ့ ပြောင်းလဲအလုပ်လုပ်နိုင် ပြုလုပ်ခြင်း၊ Laptop က Fan ကို ပြန်လည်အလုပ်လုပ်နိုင်အောင် ပြုလုပ်ခြင်း၊ Galaxy S8 ကို Laptop နဲ့ ချိတ်ဆက်နိုင်အောင် ပြုလုပ်ခြင်း၊ DeX ကို Boot တက်လာအောင် ပြုလုပ်ခြင်း၊ စတာတွေအားလုံးကို Kris Henriksen လုပ်ခဲ့ရပါတယ်။

                Samsung DeX Dock, Galaxy S8 နဲ့ Monitor တစ်လုံးနဲ့ ဝယ်ပြီးသုံးလိုက်ရင် ပြီးတာပဲ” ဆိုပေမယ့် ဒီလိုမျိုး ဟောင်းနေတဲ့ Laptop တစ်လုံးမှာ ခေတ်သစ်နည်းပညာတစ်ခု အလုပ်လုပ်နိုင်အောင် ပြုလုပ်နိုင်ခဲ့တဲ့ ဒီ Modder ကိုတော့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Samsung MacBook Pro Galaxy S8 Galaxy S8+ (Exynos) Galaxy S8 Plus (Snapdragon) Samsung DeX DeX Dock
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed