ဖုန်းခေါ်ဆိုချိန်မှာ Earpiece ကနေ တဂျစ်ဂျစ်အသံတွေ ကြားနေရတဲ့ ပြဿနာဟာ iPhone 8 နဲ့ 8 Plus မှာ ဖြစ်ပေါ်နေကြောင်း Apple အတည်ပြု

date_range 27 September 2017

ဖုန်းခေါ်ဆိုချိန်မှာ Earpiece ကနေ တဂျစ်ဂျစ်အသံတွေ ကြားနေရတဲ့ ပြဿနာဟာ iPhone 8 နဲ့ 8 Plus မှာ ဖြစ်ပေါ်နေကြောင်း Apple အတည်ပြု

visibility 1580 Views

                iPhone 8 အသုံးပြုသူတစ်ချို့အနေနဲ့ ဖုန်းခေါ်ဆိုချိန်မှာ Earpiece ကနေ ဖုန်းခေါ်ဆိုမှုကို အနှောင့်အယှက်ပေးနေတဲ့ တဂျစ်ဂျစ်အသံတွေ၊ Static အသံ (Radio နားထောင်တဲ့အခါ လိုင်းသိပ်မမိရင် ကြားရလေ့ရှိတဲ့အသံ) တွေ ကြားနေရတဲ့ ပြဿနာတစ်ခုနဲ့ ကြုံနေကြရတယ်လို့ Apple ရဲ့ Suppor Forum, MacRumors ရဲ့ Forum နဲ့ Reddit တို့မှာ Report လုပ်ခဲ့ကြပါတယ်။ The Verge က Editor တစ်ယောက်ကလည်း သူ့ iPhone 8 မှာ ဒီပြဿနာရှိတယ်လို့ ဆိုထားပါတယ်။

                ဒီပြဿနာဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် iPhone 8 မှာရော၊ 8 Plus မှာပါ ဒီပြဿနာ ရှိနေပါတယ်။ Mobile Carriers တွေနဲ့လည်း မဆိုင်ဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ဒီပြဿနာက ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်နေတာကြောင့်ပါ။

                ဖုန်းခေါ်တာမှာတင် မဟုတ်ပဲ FaceTime ခေါ်ဆိုရင်လည်း ဒီပြဿနာရှိတယ်လို့ သိရပါသေးတယ်။ ဒါပေမယ့် အမြဲတမ်းကြီး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ Speaker ဖွင့်လိုက်ပြန်တော့လည်း ပြန်ကောင်းသွားတယ်လို့ ဆိုကြပါတယ်။ ဒီတော့ Software မှာ ပြဿနာရှိနေပြီး Hardware နဲ့မဆိုင်ဘူးလို့တော့ ဆိုနိုင်ပါတယ်။

                ဒီပြဿနာနဲ့ ပက်သက်ပြီး Apple က ပြောရေးဆိုခွင့်ရှိသူကတော့

                “Apple Team အနေနဲ့ အခုဖြစ်နေတဲ့ ပြဿနာနဲ့ပက်သက်ပြီး Fix လုပ်ပေးနိုင်ဖို့ ကြိုးစားနေကြပါပြီ။ နောက်ပြီး ဒီ Fix ကိုလည်း လာမယ့် Software Update မှာ ထည့်သွင်းပေးသွားမှာပါ”

လို့ ပြောကြားထားပါတယ်။

                ဘယ်လိုအသံမျိုးတွေ ထွက်လာလည်းဆိုတာကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။ ဒီတိုင်းတော့ သိပ်ကြားရမှာ မဟုတ်ဘူးဗျ။ Headphone နဲ့ နားထောင်ရင်တော့ “ဂျစ်ဂျစ်၊​ ဂျစ်ဂျစ်” ဆိုတဲ့ အသံတွေကို ကြားရပါလိမ့်မယ်။ ဒီမလိုလားအပ်တဲ့ အသံတွေက အရမ်းကြီး အကျယ်ကြီး ကြားနေရတာတော့ မဟုတ်ပေမယ့် ဖုန်းခေါ်ဆိုချိန်မှာ တစ်ဖက်က ပြောနေတဲ့အသံက ကြည်လင်ပြတ်သားမှု မရှိတော့သလိုတော့ ခံစားရပါတယ်။


                Bug Fix ထုတ်ပေးမယ်လို့တော့ Apple ဘက်က ဆိုထားပေမယ့် ထုတ်ပေးမယ့် ရက်အတိအကျတော့ မသိရပါဘူး။  နောက်ပြီး Apple အနေနဲ့ ဒီ Bug Fix အပြင်၊ Apple Watch Series 3 မှာ ဖြစ်နေတဲ့ Software ပြဿနာကိုလည်း Fix လုပ်ပေးရဦးမှာပါ။

References
The Verge
About Author
Assinged Tags
iPhone Bug Report iPhone 8 related news Bug iPhone 8 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed