“YouTube Plus” ဆိုတဲ့ Subscription Service အသစ်ပြုလုပ်နေတဲ့ Google

date_range 25 September 2017

“YouTube Plus” ဆိုတဲ့ Subscription Service အသစ်ပြုလုပ်နေတဲ့ Google

visibility 260 Views

                YouTube အတွက် နောက်ဆုံးထွက်ရှိထားတဲ့ App ကို Android Police ကနေ အသေးစိတ်ရှာဖွေခဲ့တဲ့အခါမှာတော့ YouTube ဟာ “YouTube Plus” ဆိုတဲ့ Subscription Service အသစ်ကို “YouTube Red” နဲ့အတူ ထည့်သွင်းပေးဖို့ကြိုးစားနေကြောင်း သိရှိခဲ့ရပါတယ်။ ဒီ YouTube Plus ဆိုတဲ့နာမည်ကိုတော့ App ထဲက String Text အချို့အရ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

<string name="unlimited_brand_name_plus">YouTube Plus</string>
<string name="unlimited_brand_name_red">YouTube Red</string>

                လက်ရှိအချိန်မှာတော့ ဒီ “YouTube Plus” အတွက် သတင်းအချက်အလက်တွေ ဘာမှမသိရှိရသေးပါဘူး။ သိရှိရသလောက်ကတော့ Google ဟာ လက်ရှိ YouTube Red ကိုလည်း ဆက်လက်ထားရှိမှာဖြစ်သလို၊ YouTube Plus လည်းအသစ်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

YouTube Version 12.36
<string name="background_settings_notification_message">With YouTube Red, videos keep playing with the screen off. You can change this in settings.</string>
YouTube Version 12.37
<string name="background_settings_notification_message">With %1$s, videos keep playing with the screen off. You can change this in settings.</string>

                ဆက်လက်ပြီးတော့လည်း Google ဟာ YouTube Version 12.37 မှာ Background Playback Feature ကို “YouTube Red” ဖြစ်ဖြစ်၊ “YouTube Plus” ဖြစ်ဖြစ် သက်ဆိုင်တဲ့ Subscription Service နာမည်ကိုဖော်ပြပေးနိုင်အောင် Notification String ကိုပြင်ထားပါတယ်။ ဒါကြောင့်မို့လို့ YouTube Plus မှာ Background Playback ရရှိမယ်လို့ အကြမ်းဖျင်းသိရှိထားရပါတယ်။

                 “YouTube Red” အတွက် Service တွေဖြစ်တဲ့ Ad-Free, Offline Playback, Exclusive Access for YouTube Red Original Programming နဲ့ Google Play Music တို့အတွက် သက်ဆိုင်တဲ့ String Text တွေကိုတော့ App ထဲမှာ ပြင်ဆင်ထားခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုးမပြင်ဆင်ထားတဲ့အတွက် “YouTube Plus” အတွက် ဒီ Feature တွေလုံး၀မပါ၀င်ဘူးလို့လည်း ပြောလို့တော့မရပါဘူး။

                နောက်ထပ် ခန့်မှန်းချက်တစ်ခုအရ “YouTube Plus” ဟာ YouTube TV ကော၊ YouTube Red ကိုပါပေါင်းထားတဲ့ Subscription Service အသစ်တစ်ခုအနေနဲ့လည်း တွေ့မြင်ရလာဖွယ်ရှိပါတယ်။ Google ဟာ လွန်ခဲ့တဲ့လအနည်းငယ်ကလည်း YouTube Red နဲ့ Google Play Music Subscription တွေကို တစ်ခုတည်းအဖြစ်ပေါင်းခဲ့ပါသေးတယ်။

                “YouTube Red” အတွက် Subscription Fee အနေနဲ့ တစ်လကို USD $9.99 ရှိပြီး၊ “YouTube TV” အတွက်ကိုတော့ တစ်လကို USD $35 နဲ့ လက်ရှိအချိန်မှာသတ်မှတ်ထားပါတယ်။ အသစ်ထပ်ပါလာမယ့် “YouTube Plus” အတွက်ကိုတော့ စျေးနှုန်းမသတ်မှတ်ရသေးပေမယ့် YouTube TV ကော၊ YouTube Red ကော ထည့်သွင်းပေးထားမယ့် Subscription Fee ဟာ အနည်းဆုံး USD $40 နဲ့အထက်လောက်မှာရှိမယ်လို့ ခန့်မှန်းရပါတယ်။  

References
Android Police
About Author
Assinged Tags
Google Youtube YouTube Red YouTube Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed