YouTube Red နဲ့ Google Play Music Subscription တွေကို တစ်ခုတည်းအဖြစ်ပေါင်းတော့မည်ဟု Google မှအတည်ပြု

date_range 27 July 2017

YouTube Red နဲ့ Google Play Music Subscription တွေကို တစ်ခုတည်းအဖြစ်ပေါင်းတော့မည်ဟု Google မှအတည်ပြု

visibility 200 Views

                Google မှ Products အသစ်တွေ ဆက်တိုက်မိတ်ဆက်ပေးလျက်ရှိပြီး အခုတစ်ခါမှာ ထူးထူးဆန်းဆန်းအနေနဲ့ ဘာမှမသက်ဆိုင်တဲ့ Product နှစ်မျိုးဖြစ်တဲ့ Google Play Music နဲ့ YouTube Red တို့ရဲ့ Subscription တွေကို တစ်ခုတည်းအဖြစ်ပေါင်းတော့မယ်လို့ Google မှ အတည်ပြုပြောကြားလိုက်ပါတယ်။  

                ဒီလိုမျိုးပူးပေါင်းတော့မယ်ဆိုတာကို New York မှာကျင်းပခဲ့တဲ့ New Music Seminar Conference ရဲ့ဘုတ်အဖွဲ့အစည်းအဝေးမှာ YouTube ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Lyor Cohen မှအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရှင်းပြချက်အရ Google မှ Subscribers အသစ်တွေများများရရှိဖို့အတွက် ဒီလိုမျိုး Subscription တွေပူးပေါင်းသင့်တယ်လို့လည်းဆိုပါတယ်။

                YouTube Red Subscription ဆိုတာ YouTube Videos တွေမှာ Ads တွေဖျောက်ပစ်နိုင်တာ၊ Videos တိုင်းကို Offline Save ပြုလုပ်နိုင်တာ စတဲ့ Feature တွေပါ၀င်ပြီး YouTube Music ပေါ်မှာပါ Ads တွေ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ Google Play Music Subscription အနေနဲ့ကတော့ Music Streaming Service ကိုအသုံးပြုနိုင်ဖို့သက်သက်ပဲဖြစ်ပါတယ်။

            အစကတည်းကလည်း YouTube Red ဖြစ်ဖြစ်၊ Google Play Music ဖြစ်ဖြစ် လစဉ် USD $9.99 နဲ့ Subscribe လုပ်တဲ့အခါ တခြားတစ်ခုကို Free အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း Subscribe ပြုလုပ်တဲ့သူတွေအနေနဲ့ ဒီလိုမျိုး Offer ပေးထားတာကို သေချာနားမလည်ပဲ ရှုပ်ထွေးနေကြတယ်လို့ဆိုပါတယ်။ 

            ဒီလိုမျိုး Offer ကိုပေါင်းစည်းလိုက်ပြီး တစ်မျိုးတည်းအဖြစ် အသုံးပြုသူတွေကိုပြသလိုက်မယ်ဆိုရင် နားလည်မှုလွဲနေတာတွေမရှိတော့ပဲ အသုံးပြုသူတွေအနေနဲ့လည်း Subscribe လုပ်ရပိုအဆင်ပြေပြီး၊ Subscriber အသစ်တွေပိုမိုရရှိလာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုမျိုး Offer ကိုတစ်ခုတည်းအနေနဲ့ပူးပေါင်းထားပေမဲ့ Google Play Music နဲ့ YouTube/YouTube Music Apps တွေကိုတော့ ပေါင်းစည်းဖို့ အစီအစဉ်မရှိသေးဘူးလို့လည်းသိရှိရပါတယ်။ 

References
Android Police
About Author
Assinged Tags
Google Youtube Google Play Music YouTube Red Merge
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed