Apple GPU တွေ ထုတ်လုပ်ပေးခဲ့တဲ့ Imagination Technologies ကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုဆီ ရောင်းချ

date_range 24 September 2017

Apple GPU တွေ ထုတ်လုပ်ပေးခဲ့တဲ့ Imagination Technologies ကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုဆီ ရောင်းချ

visibility 500 Views

                Apple Device တွေအတွက် GPU Chipset တွေထုတ်လုပ်ပေးခဲ့တဲ့ Imagination Technologies ဟာ Canyon Bridge လို့ခေါ်တဲ့ ပုဂ္ဂလိကရှယ်ယာကုမ္ပဏီတစ်ခုဆီကို ရောင်းချဖို့သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ Apple ကိုယ်တိုင်ကလည်း Imagination Technologies ရဲ့ Services တွေကို မလိုအပ်တော့တဲ့အတွက် ဆက်လက်အသုံးမပြုတော့ကြောင်းကို သိရှိခဲ့ရပါတယ်။ Imagination ဟာ Canyon Bridge ကို USD $743.2 မီလီယံနဲ့ ရောင်းချဖို့သဘောတူညီလိုက်တာဖြစ်ပါတယ်။ 

                Apple ရဲ့ လွန်ခဲ့တဲ့ ဧပြီလလောက်က ကြေညာချက်တစ်ခုအရ Imagination Technologies ဆီကရယူနေတဲ့ Stock စျေးနှုန်းတွေကို ထက်၀က်ကျော်လျှော့ချခဲ့ပါတယ်။ ဒီလိုလျှော့ချခဲ့မှုကြောင့်လည်း Imagination Technology အနေနဲ့ ကုမ္ပဏီဆက်လက်ရပ်တည်ဖို့ အခက်အခဲဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး ပဋိပက္ခတွေဖြစ်နေခဲ့ပေမယ့် Apple ဟာ အဲ့ဒီအချိန်တုန်းက ကိုယ်ပိုင် Graphic Development တွေပြုလုပ်နေခဲ့ပြီး၊ မကြာသေးခင်ကမှ တရား၀င်မိတ်ဆက်ထားတဲ့ iPhone 8, 8 Plus နဲ့ iPhone X တို့မှာလည်း Apple ရဲ့ Bionic Chip အတွင်းမှာ ကိုယ်ပိုင် GPU မြုပ်နှံအသုံးပြုခဲ့တာကို သိရှိခဲ့ကြပြီးဖြစ်မှာပါ။ 

                Imagination Technologies အနေနဲ့လည်း Apple ဟာ သူတို့ရဲ့ကိုယ်ပိုင် GPU ထဲမှာ Imagination ရဲ့နည်းပညာတွေ အသုံးပြုထားလား၊ မပြုထားဘူးလားဆိုတာကို ရှာဖွေပြီး၊ အသုံးပြုထားတယ်ဆိုရင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ Imagination အနေနဲ့လည်း

Apple ဟာ ကိုယ်ပိုင် GPU တွေကိုပြုလုပ်တဲ့အခါမှာ Imagination Technology ရဲ့ နည်းပညာတွေ လုံး၀အသုံးမပြုထားဘူးဆိုတဲ့အကြောင်းနဲ့ Imagination ရဲ့ ဉာဏမူပိုင်ခွင့်တွေကို မချိုးဖောက်ထားဘူးဆိုတာကို သက်သေအထောက်အထားခိုင်လုံစွာနဲ့ တင်ပြထားတာမျိုးမရှိသေးပါဘူး။ 

လို့လည်း ၂၀၁၇ နှစ်စပိုင်းလောက်က ပြောကြားထားပါသေးတယ်။  

                Imagination အနေနဲ့လည်း Apple နဲ့အခုလိုမျိုးစာချုပ်ရပ်တန့်လိုက်တာကို ကျေနပ်မှုရှိတဲ့ပုံမပေါ်ပါဘူး။ နောက်ထပ်လည်း Imagination ဘက်က ဘယ်လိုမျိုးစွဲချက်တွေနဲ့ နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apple ကို တရားရုံးမှာ ရင်ဆိုင်သွားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
iPhone GPU Apple Imagination Technology Imagination
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed