Safari 11 မှာ Website တစ်ချို့က Autoplay Audio တွေ၊ Video တွေကို အလိုလျောက် ပိတ်ပေးသွားမည်

date_range 21 September 2017

Safari 11 မှာ Website တစ်ချို့က Autoplay Audio တွေ၊ Video တွေကို အလိုလျောက် ပိတ်ပေးသွားမည်

visibility 280 Views

                Apple အနေနဲ့ MacOS High Sierra ကို Release မလုပ်ပေးခင် မနေ့ကပဲ Mac App Store မှာ MacOS Sierra နဲ့ El Capitan အသုံးပြုသူတွေအတွက် Safari 11 ကို Update ပေးလိုက်ပါတယ်။ iPhone, iPad, iPod Touch အသုံးပြုသူတွေကတော့ iOS 11 ကို Upgrade လုပ်လိုက်တာနဲ့တင် Safari 11 ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ Safari 11 မှာ Improvements တွေ၊ Performance Enhancements တွေ၊ Features သစ်တွေ ပါဝင်လာပါတယ်။ 

                အသစ်ပါဝင်လာတဲ့ Features တွေထဲမှာ Safari အသုံးပြုတွေအတွက် Web Browsing လုပ်ရတာ အဆင်ပြေစေမယ့် Feature တစ်ခု ပါဝင်လာပါတယ်။ အဲ့ဒါကတော့ Web Browsing လုပ်တဲ့အခါမှာ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စရာတဲ့ Autoplay Audio တွေ၊ Video တွေကို အလိုလျောက် ပိတ်ထားနိုင်မယ့် Feature သစ်လေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Feature သစ်ဟာ iOS မှာတော့ ပါဝင်မှာ မဟုတ်ပါဘူး။

                ကမ္ဘာပေါ်မှာ အကြီးဆုံး Digital Advertising လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ Google တို့၊ Facebook တို့ အနေနဲ့လည်း User ကို စိတ်အနှောင့်အယှက်ပေးမယ့် Ads အမျိုးအစားတွေကို တတ်နိုင်သလောက် တိုက်ထုတ်ဖို့ ကြိုးစားနေကြတယ် ဆိုပေမယ့်လည်း Website တစ်ချို့ကတော့ ကြော်ငြာခများများရတဲ့ Autoplay Video Ads တွေ၊ Audio Ads တွေကို အခုအချိန်ထိ အသုံးပြုနေကြဆဲပဲ ဖြစ်ပါတယ်။

                တစ်ချို့ Website တွေကျတော့လည်း Ads တွေမဟုတ်ပဲ Video တွေ၊ Audio တွေ စတဲ့ Media တွေအားလုံးကို Autoplay အောင် လုပ်ထားကြပါသေးတယ်။ ဒါပေမယ့် Safari 11 မှာတော့ Autoplay Video Ads တွေ၊ Audio Ads တွေအပြင်၊ Ads မဟုတ်တဲ့ Autoplay Video တွေ၊ Audio တွေကို အလိုအလျောက် ပိတ်ပေးသွားမှာ ဖြစ်ပါတယ်။

                Autoplay Setting ထဲမှာ Website အကုန်လုံးကို ပိတ်မလား၊ မိမိပိတ်ချင်တဲ့ Website ကို ပိတ်ချင်လား၊ ကြိုက်သလို ချိန်လို့ရမှာ ဖြစ်ပါတယ်။ Safari 11 မှာ Autoplay ပိတ်တဲ့ Feature အပြင်၊ Configure Reader, Content Blockers, Page Zoom စတဲ့ Feature အသေးစားလေးတွေလည်း ပါဝင်လာပါသေးတယ်။

References
Gadgets NDTV
About Author
Assinged Tags
Safari Apple Autoplay Videos Autoplay Autoplay Audio Ads Autoplay Video Ads Autoplay Audios Safari 11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed