ဒေါ်လာ ၁၀၀ ခန့်သာရှိတဲ့ Meizu M6 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်

date_range 21 September 2017

ဒေါ်လာ ၁၀၀ ခန့်သာရှိတဲ့ Meizu M6 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်

visibility 2760 Views

                Meizu ကနေ ယခင်အပတ်တွေတုန်းက Meizu M6 Note ကို မိတ်ဆက်ခဲ့ပြီး၊ အခုအချိန်မှာတော့ Meizu M6 စမတ်ဖုန်းကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။

                 M6 စမတ်ဖုန်းမှာတော့ M6 Note လိုမျိုး Qualcomm Snapdragon 625 Processor ကို အသုံးမပြုတော့ဘဲ၊ Mediatek MT6750 Octa Core 1.5Ghz Processor ကိုပဲ ပြောင်းလဲအသုံးပြုထားတာတွေ့ရပါတယ်။ RAM အနေနဲ့တော့ 2GB နဲ့ 3GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ကာ၊ Storage ကလည်း 16GB နဲ့ 32GB ကွဲပြားသွားမှာဖြစ်ပါတယ်။ 

                အရွယ်အစားလည်း အနည်းငယ်သေးသွားပြီး Meizu M6 ဖုန်းမှာ 5.2" HD Display ကိုပဲ အသုံးပြုထားပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ မဆိုးဘူးလို့ ပြောလို့ရပြီး 13 Megapixels Back Camera နဲ့ 8 Megapixels Front Camera တို့ ပါဝင်လာပါတယ်။ Dual Camera တော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။ အရှေ့ဘက် Home Key မှာတော့ Fingerprint Scanner ပါဝင်ဦးမှာပါ။ Fingerprint Scanner က ဖုန်းကို ၀.၂ စက္ကန့်အတွင်းမှာ Unlock လုပ်ပေးနိုင်တယ်လို့ Meizu က ကြေငြာထားပါတယ်။


                Meizu M6 ဖုန်းကို Android 7.0 Nougat နဲ့ ထုတ်သွားမှာဖြစ်ပြီး၊ Flyme 6.0 UI နဲ့ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,070mAh Battery ပါ။

                Meizu M6 ဖုန်းမှာ အကောင်းဆုံးအချက်ကတော့ ဈေးနှုန်းလို့ ပြောရမှာပါ။ ၁၀၅ ဒေါ်လာလောက်နဲ့ HD Display ၊ Octa-Core CPU၊ 13 MP Camera Sensor၊ USB Type-C နဲ့ Android Nougat သုံး စမတ်ဖုန်းတစ်လုံး ဝယ်ယူနိုင်တာက တန်တယ်လို့ ပြောလို့ရပါတယ်။ Body အတွက်ကတော့ ပလတ်စတစ်ဘော်ဒီကိုပဲ Polycarbonate Treatment Process နဲ့ Metal ပုံစံထင်ရအောင် လုပ်ပေးထားတာကြောင့်၊ တန်ဖိုးနည်းဖုန်းဆိုပေမယ့် အသင့်အတင့်ဆွဲဆောင်မှုတော့ ရှိပါတယ်။


                အရောင်တွေအနေနဲ့ကတော့ Moonlight Silver, Champagne Gold, Matte Black နဲ့ Electric Light Blue စတဲ့အရောင် ၄ မျိုးရရှိနိုင်မှာဖြစ်ပြီး၊ လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

References
GSM Arena Android Authority
About Author
Assinged Tags
Smartphones Meizu Meizu M6 Note Meizu M6
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed