Meizu ဖုန်းတွေထဲမှာ ပထမဆုံး Snapdragon CPU ကို ပြောင်းလဲအသုံးပြုထားတဲ့ Meizu M6 Note ကို တရားဝင်မိတ်ဆက်

date_range 24 August 2017

Meizu ဖုန်းတွေထဲမှာ ပထမဆုံး Snapdragon CPU ကို ပြောင်းလဲအသုံးပြုထားတဲ့ Meizu M6 Note ကို တရားဝင်မိတ်ဆက်

visibility 4220 Views

                Xiaomi ကနေ Redmi Note 5A Smartphone အသစ်ကို ကြေငြာပြီး ယနေ့မှာတော့ Meizu ကနေ Midrange Smartphone တစ်လုံးဖြစ်တဲ့ Meizu M6 Note ကို တရားဝင်ကြေငြာလိုက်ပါတယ်။ 

                Meizu M6 Note ရဲ့ ထူးခြားချက်ကတော့ အခြား Meizu Smartphone တွေလို MediaTek CPU နဲ့မဟုတ်ပဲ ပထမဆုံးအနေနဲ့ Qualcomm ရဲ့ Midrange Processor တစ်ခုဖြစ်တဲ့ Snapdragon 625 CPU ကို အသုံးပြုလာတာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Dual Camera စနစ်ပါဝင်လာတာပါ။ အဲ့ဒီအတွက် Xiaomi Redmi Note 5A ရဲ့ ပြိုင်ဘက်ဆိုတာထက် တလောကထွက်ရှိခဲ့တဲ့ Xiaomi Mi 5X နဲ့ ပိုပြီး တူညီပါလိမ့်မယ်။ 


                Meizu M6 Note ကို Snapdragon 625 CPU, RAM အနေနဲ့ 3GB နဲ့ 4GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ကာ၊ RAM ရွေးချယ်မှုအပေါ်လိုက်ပြီး Storage ကိုပါ 16GB, 32GB နဲ့ 64GB ဆိုပြီး ရွေးချယ်နိုင်မှာပါ။ Display ကလည်း 5.5" Full HD Screen ပါဝင်မှာဖြစ်ပြီး ကိုယ်ထည်ကလည်း Metal Body နဲ့ ပြုလုပ်ထားမှာဖြစ်ပါတယ်။ Meizu M6 Note ဟာ Android 7.1.2 Nougat ကို Flyme OS 6 နဲ့ အသုံးပြုလာမှာဖြစ်ပြီး၊ 18W mCharge Support ပြုလုပ်တဲ့ 4000mAh Battery ပါဝင်ဦးမှာပါ။ 


                ကင်မရာအနေနဲ့လည်း တော်တော်ကိုကောင်းတယ်လို့ပြောလို့ရပြီး Primary Back Camera က Sony IMX 362 12MP Camera၊ Secondary 5MP Camera လည်းပါဝင်ကာ Portrait Shots တွေပါ ရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။ 4 LED Flash လည်း ပါဝင်တဲ့အတွက် ညဘက်ရိုက်ကူးဖို့လည်း အဆင်ပြေမှာပါ။ Front Selfie Camera အနေနဲ့တော့ 16MP Camera ပါဝင်မှာဖြစ်ပါတယ်။ 

                Meizu M6 Note ကို Gold, Blue နဲ့ Black အရောင်တွေရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ RAM 3GB + 16GB ကို 1099 Yuan (~220,00Ks), RAM 3GB + 32GB ကို 1299 Yuan (~270,000Ks) နဲ့ RAM 4GB + 64GB ကိုတော့ 1699 Yuan (~340,000Ks) သတ်မှတ်ထားပါတယ်။

References
GSM Arena
About Author
Assinged Tags
Smartphones Dual Camera Smartphones Meizu M6 Note Meizu M6 Note
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed