Google Play Protect ကို အရူးလုပ်ခဲ့တဲ့ ExpensiveWall Malware

date_range 17 September 2017

Google Play Protect ကို အရူးလုပ်ခဲ့တဲ့ ExpensiveWall Malware

visibility 1100 Views

                လွန်ခဲ့တဲ့လက Google ရဲ့ Malware နဲ့ အခြား Security ပြဿနာတွေကနေ ကာကွယ်ပေးနိုင်မယ့် Google Play Protect Feature ကို Device အတော်များများအပေါ်မှာ စတင်တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း Google Play Protect ဟာ ExpensiveWall လို့ခေါ်တဲ့ Malware တစ်ခုရဲ့ အရူးလုပ်ခြင်းကိုခံခဲ့ရပါတယ်။

                Check Point လို့ခေါ်တဲ့ Software ကုမ္ပဏီတစ်ခုရဲ့ ပြောကြားချက်အရ ExpensiveWall ဆိုတဲ့ Malware ဟာ အရင်တုန်းကရှိခဲ့ဖူးတဲ့ Malware အမျိုးအစားတစ်ခုဖြစ်ပြီး၊ Lovely Wallpaper လို့ခေါ်တဲ့ App ထဲကနေ ပါ၀င်လာတာဖြစ်တယ်လို့သိရှိရပါတယ်။ ဒီ Malware ကူးစက်ခံရတဲ့ စမတ်ဖုန်းတွေဟာ ပိုက်ဆံပေးရတဲ့ Premium Services အချို့ကို SMS ကနေ Register ပြုလုပ်ခြင်းတွေခံခဲ့ရတယ်လို့ဆိုပါတယ်။ 

                နောက်ထပ်လည်း ဒီ ExpensiveWall အနေနဲ့ အသုံးပြုသူမသိအောင် Data ခိုးယူတာတွေနဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတိတ်တဆိတ်ရိုက်ကူးတာ စ တဲ့ အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေပါပြုလုပ်နိုင်တယ်လို့ သိရှိရပါတယ်။ 

                ExpensiveWall ဟာ တိုက်ခိုက်မှုပြုလုပ်တဲ့အခါမှာ အသုံးပြုတဲ့သူဆီက Internet နဲ့ SMS Access တွေကို ရယူပြီး Remote Server ကို ချိတ်ဆက်ခဲ့ပါတယ်။ ပြီးတာနဲ့ Remote Server ကနေခိုင်းသမျှကို တိုက်ခိုက်ခံရတဲ့ Device ထဲက Embedded WebView နဲ့အလုပ်ဆက်လုပ်သွားတာလို့ဆိုပါတယ်။ 

                Google Play Protect အနေနဲ့လည်း ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကိုမသိရှိဘဲ Google Play Store ပေါ်မှာ Malware ပါ၀င်တဲ့ Apps တွေအမြောက်အများရှိနေပြီး၊ တိုက်ခိုက်မှုခံရတဲ့ Device ပေါင်း ငါးသန်းကနေ သန်း ၂၀ အထိရှိတယ်လို့ သိရှိထားပါတယ်။ 

                လက်ရှိအချိန်မှာတော့ Check Point အနေနဲ့ Google Play Protect ကနေ ဒီ Malware ကို ရှင်းထုတ်ပေးနေလားဆိုတာကို ဘာမှဖြေရှင်းချက်မပေးထားပေမယ့်၊ Google အနေနဲ့ Security ပိုင်းကိုအထိခိုက်မခံနိုင်တာကြောင့် Google Play Protect ကို Update ပြုလုပ်ပြီး ဒီ ExpensiveWall Malware ပါ၀င်တဲ့ Apps တွေကို ရှင်းလင်းထားလောက်မယ်လို့ ယူဆရပါတယ်။ 

References
Android Police
About Author
Assinged Tags
Google Android Virus Malwares Security Google Play Store Google Play Protect ExpensiveWall
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed