iPad Pro တွေမှာ HDR Videos တွေကို စတင်ကြည့်ရှုနိုင်ပြီ

date_range 17 September 2017

iPad Pro တွေမှာ HDR Videos တွေကို စတင်ကြည့်ရှုနိုင်ပြီ

visibility 460 Views

                Apple ကနေ ပြီးခဲ့တဲ့ ဂျွန်လတုန်းက iPad Pro အသစ်တွေဖြစ်တဲ့ 10.5" နဲ့ 12.9" တွေကို ထုတ်လုပ်ခဲ့ပြီး ထွက်ရှိခဲ့တဲ့အချိန်တုန်းက Display က HDR Support လုပ်ကြောင်း ပြောကြားခဲ့ပေမယ့် တိတိကျကျပြောကြားသွားခြင်းတော့ မရှိခဲ့ပါဘူး။

                ဒါပေမယ့် အခုထွက်ရှိလာတဲ့ Apple iPhone X နဲ့ Apple TV 4K တို့မှာ HDR ကို အထောက်အပံ့ပေးလာပြီး iTunes Stores မှာလည်း HDR Content တွေကို အခု ရယူနိုင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကပွဲမှာ iPad Pro တွေအတွက် HDR Video Support အကြောင်း မပြောသွားပေမယ့်၊ အခုတော့ iPad Pro တွေမှာ HDR Videos တွေကြည့်လို့ ရနေပြီဖြစ်ပါတယ်။

                iPad Pro တွေမှာ HDR Movies တွေကို စတင်ကြည့်ရှုချင်တယ်ဆိုရင်တော့ iOS 11 ကို တင်ထားဖို့လိုအပ်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ Public Beta ပဲတင်လို့ရဦးမှာဖြစ်ပြီး iOS 11 Stable Final Version ကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ကြရင် Apple က ထုတ်ပေးသွားမယ်လို့ ကြေငြာထားတဲ့အတွက် တကယ်လို့ iOS 11 မတင်ရသေးရင် Public Beta မတင်တော့ပဲ Stable ထွက်တဲ့အချိန်ထိစောင့်ပြီး တင်တာက ပိုအဆင်မှာဖြစ်ပါတယ်။ 

                iPad Pro တွေမှာ iOS 11 ကို တင်ပြီးတာနဲ့ Movies ထဲမှာရှိတဲ့ Video Setting ထဲမှာ Download HDR Videos ဆိုတဲ့ Switch ကို On လိုက်တာနဲ့ HDR Movies တွေကို ရယူပြီး ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ 


                တစ်ခုအနည်းငယ်ပြဿနာရှိနေတာကတော့ iPad Pro မှာ 4K Resolution နဲ့ HDR Movies တွေကို Download ပြုလုပ်ခွင့်မပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပုံမှန် Full HD Video တွေကိုပဲ HDR အနေနဲ့ ရယူနိုင်မှာပါ။ Apple iPad Pro တွေရဲ့ Screen Resolution ဟာ 4K မဟုတ်သေးပေမယ့်၊ 2K ဖြစ်တာကြောင့် iPad Pro ပေါ်မှာ 4K Video တွေကြည့်ရင် သာမန် 1080p Display တွေထက် ထူးခြားမှုကိုတော့ ခံစားရမှာပါ။

References
The Verge
About Author
Assinged Tags
iPad Pro iTunes Store Apple HDR HDR Support iPad Pro 10.5" iPad Pro 12.9" 4K Videos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed