Android Nougat အသုံးပြုမှု ၁၅.၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာ

date_range 14 September 2017

Android Nougat အသုံးပြုမှု ၁၅.၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာ

visibility 260 Views

                Google ကနေ လစဉ်ထုတ်ပြန်နေကြ Android Platform Distribution Chart က စက်တင်ဘာလအတွက် ထွက်ရှိလာပြီဖြစ်ပါတယ်။

                ယခင်လတွေနဲ့ ယှဉ်ရင် Nougat က လွဲလို့ တခြား Android Version တွေ အသုံးပြုမှုရာခိုင်နှုန်းက နည်းပါးသွားတာကို တွေ့ရပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေ (OEMs) တွေဘက်ကလည်း သူတို့ရဲ့ Devices တွေကို Nougat Update ထုတ်ပေးတာတွေ များလာပြီးနောက်မှာ၊ Nougat အသုံးပြုမှုက ၁၅.၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာတာ တွေ့ရပါတယ်။

                လက်ရှိမှာတော့ နောက်ဆုံး Android Version ဖြစ်တဲ့ Android Oreo ကို Chart မှာ မတွေ့မြင်ရသေးပါဘူး။ Pixel ဖုန်းတွေနဲ့ Nexus ဖုန်းတစ်ချို့မှာပဲ Oreo ရသေးပြီး၊ 0.1 ရာခိုင်နှုန်းထက် နည်းတဲ့ Andorid Version တွေကို Chart မှာ မဖော်ပြထားဘူးလို့ ဆိုတာကြောင့် Oreo က Chart ထဲ မပါလာတာ ဖြစ်လောက်ပါတယ်။

                ယခုနှစ် ဂျွန်လလောက်မှာ Android Nougat Version က Android OS အသုံးပြု Active Devices အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့တာကြောင့်၊ သုံးလအတွင်းမှာ ၅ ရာခိုင်နှုန်းလောက် တက်လာတာဖြစ်ပါတယ်။ လက်ရှိမှာ Android 7.0 Nougat Version က Android Devices အားလုံးရဲ့ ၁၄.၂ ရာခိုင်နှုန်းဖြစ်ပြီး၊ Android 7.1 Nougat က ၁.၆ ရာခိုင်နှုန်း ရှိနေပါတယ်။


                စက်တင်ဘာလမှာ Android 6.0 Marshmallow က ၃၂.၂ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေဆဲဖြစ်ပေမယ့်၊ အရင်လက  ၃၂.၃ ရာခိုင်နှုန်းရှိခဲ့တာကြောင့်၊ ၀.၁ ရာခိုင်နှုန်းလောက် နည်းသွားတာ တွေ့ရပါတယ်။ Marshmallow နောက်မှာတော့ Android Lollipop (5.0+5.1) က ၂၈.၈ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ ရယူထားပြီး၊ Android 4.4 KitKat က ၁၅.၁ ရာခိုင်နှုန်းနဲ့ Nougat အောက် စတုတ္ထလူသုံးအများဆုံး Android OS Version အဖြစ် ရှိနေပါတယ်။ Lollipop ဟာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ အထိကို  ၃၂.၅ ရာခိုင်နှုန်းနဲ့ လူသုံးအများဆုံး Android OS အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်၊ အခုတော့ ဒုတိယနေရာမှာပဲ ရှိတော့ပါတယ်။

                Android Devices တွေနဲ့ ပတ်သတ်ပြီး စက်တင်ဘာလအတွက် Google က ထုတ်ပြန်ခဲ့တဲ့ Screen Sizes and Densities Chart နဲ့ OpenGL Version Chart တို့ကို ယခု Link ကနေ သွားရောက်လေ့လာနိုင်ပါတယ်။

References
XDA Developers Android
About Author
Assinged Tags
Google Android Android Nougat Android Lollipop Android Marshmallow Android Operating System Android Version Android Distribution Chart
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed