Android Microsoft Outlook မှာ Add-ins တွေ သုံးနိုင်ပြီ

date_range 12 September 2017

Android Microsoft Outlook မှာ Add-ins တွေ သုံးနိုင်ပြီ

visibility 40 Views

                Microsoft က Android အတွက် Outlook App မှာ Add-in တွေသုံးနိုင်အောင် လုပ်ပေးလိုက်ပါပြီ။ iOS မှာတော့ ဒီနှစ်စတည်းကအသုံးပြုနိုင်ခဲ့တာပါ။ Android အတွက်ကိုတော့ လွန်ခဲ့တဲ့သောကြာနေ့က ထုတ်ပေးခဲ့တာဖြစ်ပြီး၊ iOS မှာ သုံးနိုင်တဲ့ Add-ins တွေအပြင် အသစ်တွေပါ အများကြီးထပ်ပါလာခဲ့ပါတယ်။ 

                ပထမအသုတ် အနေနဲ့ Evernote, Microsoft Dynamics 365, Microsoft Translator, Nimble, OnePlaceMail, Outlook Customer Manager, Smartsheet နဲ့ Trello Apps တွေကိုသုံးနိုင်မှာပါ။ Add-ins တွေသုံးရင် App တစ်ခုကတစ်ခု ပြောင်းစရာမလိုပဲ Outlook ထဲမှာတင်သုံးနိုင်တာဆိုတော့ အချိန်ကုန်သက်သာစေမှာပါ။ Microsoft ဟာ ပြီးခဲ့တဲ့ဂျွန်လတုန်းကလည်း၊ Microsoft Office ကို အသံနဲ့ခိုင်းစေနိုင်တဲ့ Dictate Add-in ကို စတင်စမ်းသပ်ခဲ့ပါသေးတယ်။

                ဒီ Add-in Features ကိုတော့ Outlook App ရဲ့ Settings ထဲက  “Add-ins” မှာ အပေါင်းလက္ခဏာကို နှိပ်ပြီး လိုချင်တဲ့ App ကိုရွေးပေးရမှာပါ။ ရွေးထားတဲ့ Add-ins တွေကိုတော့ Email အသုံးပြုနေစဉ်မှာ Icons တွေအနေ နဲ့ပြပေးမှာဖြစ်ပြီး Trello App မှာ ဆို Project Cards တွေပြုလုပ်တာ၊ Evernote App မှာဆို Emails တွေကို တခါတည်းတွဲထားတာလို လုပ်ဆောင်ချက်တွေကို Outlook App ကနေ တခါတည်းလုပ်နိုင်မှာပါ။


                များသောအားဖြင့်တော့ ဒီ Apps တွေဟာ အခြား Android နဲ့ iOS Apps တွေအတွက် Extensions တွေအနေနဲ့ လုပ်ဆောင်ပေးတဲ့ Apps လေးတွေဖြစ်ပြီး Microsoft ကတော့ အခြား Apps တွေပါ တဖြည်းဖြည်းနဲ့ ထပ်ထည့်နိုင် အောင်ပူးပေါင်းလုပ်ဆောင်နေပါတယ်။ Wrike, JIRA, MeisterTask, Gfycat, နဲ့ MojiLala တို့လို Apps တွေပါ မကြာခင်ရရှိမှာဖြစ်ပြီး၊ Outlook နဲ့  Gmail Account အသုံးပြုသူတွေကိုပါ Add-ins တွေ Support လုပ်ပေးနိုင်အောင်လုပ်ဆောင်နေပါတယ်။ Microsoft ကတော့ Add-ins တွေသုံးပြီးတဲ့အခါ Feedback ပြန်ပေးဖို့ Users တွေကိုတိုက်တွန်းထားပါတယ်။

This Article is Contributed by YLin
References
The Verge Android Headlines
About Author
Assinged Tags
Microsoft Android Applications Outlook Email Client Add-In Evernote Outlook for Android Microsoft Translator
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed