Dictate Add-In အသုံးပြုပြီး Microsoft Office ကို အသံနဲ့ခိုင်းစေနိုင်တော့မည်

date_range 21 June 2017

Dictate Add-In အသုံးပြုပြီး Microsoft Office ကို အသံနဲ့ခိုင်းစေနိုင်တော့မည်

visibility 980 Views

                Microsoft ကနေ Cortana Digitial Assistant အတွက် အသုံးပြုထားတဲ့ Voice Recognition နည်းပညာကိုအသုံးပြုပြီး Microsoft Office ကိုပါခိုင်းစေနိုင်မယ့် Add-In တစ်မျိုးကိုမိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Dictate လိုအမည်ရတဲ့ Add-In လေးဟာ Microsoft Garage ရဲ့ နောက်ဆုံးထွက် Project တစ်မျိုးလည်းဖြစ်ပါတယ်။  ဒီ Add-In ကို Microsoft Office မှလွဲလို့ ကျန်တဲ့ Program တွေမှာ အသုံးမပြုနိုင်ပါဘူး။ 


                Mic ပုံလေးနဲ့အတူ Start ဆိုတာကိုနှိပ်လိုက်တာနဲ့ ကိုယ့်အသံကို Record ဖမ်းယူပြီး Text Field လေးထဲမှာ ကိုယ်ပြောလိုက်တဲ့စကားကို စာကြောင်းလေးတွေအဖြစ်ပြောင်းလဲပြီး အလိုအလျောက် Type လုပ်ပေးသွားမှာဖြစ်ပါတယ်။ စာတွေနေ့တိုင်း မပြတ်ရိုက်ကူးနေရမှ အလုပ်ပြီးမြောက်တဲ့သူတွေအတွက် ဒီ Feature လေးဟာ အသုံးတည့်မှာပါ။ 

                Microsoft ရဲ့ Dictate လို့ခေါ်တဲ့ Voice-To-Text Add-In မှာ ဘာသာစကား အမျိုး ၂၀ အထိ Support ပေးထားပြီး Real-Time Text Translate လည်းလုပ်လို့ရပါသေးတယ်။ ဥပမာအနေနဲ့ ပြင်သစ်ဘာသာစကား နဲ့ပြောဆိုလိုက်တဲ့ စကားလုံးတွေကို English ဘာသာစကားနဲ့ပြောင်းလဲရိုက်စေချင်တဲ့အခါမျိုးမှာ အသုံးတည့်ပါတယ်။ Voice Commands အချို့လည်းအသုံးပြုနိုင်ပြီး Punctuation တွေကိုပါ ပြုလုပ်လာနိုင်မှာပါ။ (ဥပမာ- “Next Line” လို့ပြောလိုက်တဲ့အခါမှာ Enter တစ်ချက်ခေါက်သလို နောက်တစ်ကြောင်း ချပေးတာတို့၊ “Full Stop” လို့ပြောလိုက်တဲ့အခါ “.” ချပေးတာတို့ပြုလုပ်နိုင်မှာပါ)။ 

               Dictate Add-In ဟာ လောလောဆယ်မှာတော့ စမ်းသပ်ဆဲအဆင့်ပဲရှိပါသေးတယ်။ စမ်းသပ်ဆဲဆိုပေမဲ့လည်း လက်ရှိအချိန်မှာ Microsoft ရဲ့ Dictate ကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Link ကနေတစ်ဆင့် သွားရောက် Download ပြုလုပ်နိုင်ပါတယ်။ 

References
The Verge Microsoft Blog
About Author
Assinged Tags
Microsoft Predictions for Tech Microsoft Outlook Dictate Speech Recognition Microsoft Office Microsoft Word Microsoft Excel Microsoft Power Point Experimental
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed