Yahoo နဲ့ AOL ကုမ္ပဏီကို ပူးပေါင်းပြီး “Oath” ကုမ္ပဏီသစ်အဖြစ် ဖွဲ့စည်းသွားမည်

date_range 05 April 2017

Yahoo နဲ့ AOL ကုမ္ပဏီကို ပူးပေါင်းပြီး “Oath” ကုမ္ပဏီသစ်အဖြစ် ဖွဲ့စည်းသွားမည်

visibility 200 Views

                Verizon Communications ကုမ္ပဏီဟာ Yahoo ကို ဒေါ်လာ ၄.၈ ဘီလီယံနဲ့ ဝယ်ယူပြီးနောက်မှာ ၎င်းတို့အပိုင် AOL ကုမ္ပဏီနဲ့ ပူးပေါင်းကာ “Oath” ဆိုတဲ့ ကုမ္ပဏီသစ်ကို တည်ထောင်သွားမှာဖြစ်ပါတယ်။

                တစ်ချိန်က ဒေါ်လာ ၁၀၀ ဘီလီယံကျော် တန်ကြေးရှိခဲ့တဲ့ Yahoo ကုမ္ပဏီရဲ့ အင်တာနက်လုပ်ငန်းတွေ အားလုံး (Mail, Finance, Search စတာတွေကို) Verizon က ဒေါ်လာ ၄.၈ ဘီလီယံနဲ့ ဝယ်ယူမှာဖြစ်ကြောင်း လွန်ခဲ့တဲ့နှစ်၊ ဂျူလိုင်လက ကြေငြာခဲ့တာဖြစ်ပြီး၊ ငွေပေးချေမှုကို ယခုတတိယသုံးလပတ်အတွင်းမှာ အပြီးသတ်သွားဖို့ရှိပါတယ်။

                Yahoo လုပ်ငန်းစုမှာ ကျန်ခဲ့တာဆိုလို့ ဂျပန်မှာရှိတဲ့ Yahoo Japan နဲ့ Alibaba မှာ ရင်းနှီးမြှပ်နှံထားတဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းပဲ ကျန်ရှိခဲ့ပြီး၊ အဆိုပါလုပ်ငန်းတွေကိုတော့ “Altaba” လို့ အမည်ပေးထားပါတယ်။

                AOL ရဲ့ အမှုဆောင်အရာရှိချုပ် Tim Armstrong ကိုယ်တိုင်က Yahoo နဲ့ AOL ကို ပေါင်းပြီး “Oath” လို့ နာမည်သစ်ပေးမယ့်အကြောင်းကို သူ့ရဲ့ Twitter စာမျက်နှာကနေ ကြေငြာခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ Twetter မှာ

“Billion+ Consumers, 20+ Brands, Unstoppable Team. #TakeTheOath. Summer 2017” 

                လို့ ရေးသားထားတာ တွေ့ရပါတယ်။

                Tim Armstrong ရဲ့ ရေးသားချက်အတိုင်းဆိုရင် “Oath” ကုမ္ပဏီသစ်မှာ Consumers ပေါင်း တစ်ဘီလီယံအထိ ရှိမှာဖြစ်ပြီး၊ Brands အမှတ်တံဆိပ် ၂၀ ကျော်နဲ့ လှုပ်ရှားသွားဖို့ ရှိနိုင်ပါတယ်။ 

                AOL ဟာ Search Engine အပြင် The Huffington Post, TechCrunch နဲ့ Engadget တို့လို နည်းပညာမီဒီယာ websites တွေကို လုပ်ကိုင်နေတဲ့ Verizon ရဲ့ ဒီဂျစ်တယ်မီဒီယာအခွဲတစ်ခုပါ။ Yahoo ကလည်း ဒီဂျစ်တယ်မီဒီယာပိုင်းမှာ သမ္ဘာရင့်ပြီးသား ကုမ္ပဏီတစ်ခုဆိုတော့ ဒီနှစ်ခုကို ပူးပေါင်းလိုက်မှုက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။

                ဒီလိုပေါင်းစည်းလိုက်ပေမယ့် Yahoo ရဲ့ Brand Name ရော၊ AOL Brand Name တို့ပါ ပျောက်သွားမှာမဟုတ်ဘဲ၊ “Oath” ရဲ့ နာမည်အောက်မှာ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

References
Venture Beat
About Author
Assinged Tags
Yahoo AOL Verizon
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed