Google Drive နေရာမှာ ပြောင်းလဲအသုံးပြုရမယ့် Drive File Stream ကို G Suite အသုံးပြုသူတွေအတွက် စတင်မိတ်ဆက်

date_range 08 September 2017

Google Drive နေရာမှာ ပြောင်းလဲအသုံးပြုရမယ့် Drive File Stream ကို G Suite အသုံးပြုသူတွေအတွက် စတင်မိတ်ဆက်

visibility 280 Views

                Google ဟာ ဒီနေ့မှာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းသုံး Google Apps for Work (G Suite) အသုံးပြုသူတွေအတွက် Desktop Application အသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Drive File Stream လို့ အမည်ရတဲ့ Application အသစ်ဟာ Google Drive နေရာမှာ လုံးဝအစားထိုးမယ့် Desktop Application တစ်ခုလည်း ဖြစ်ပါတယ်။

                Google အနေနဲ့ လာမယ့်နှစ်ကျရင် Google Drive ကို လုံးဝပိတ်သိမ်းသွားဖို့ရှိပြီး၊ Google Drive နေရာမှာ သာမန် User တွေအတွက် “Backup and Sync” ဆိုတဲ့ Application တစ်ခုနဲ့၊ Business Users တွေအတွက်က "Drive File Stream" ဆိုပြီး ပြောင်းလဲအသုံးပြုရမှာဖြစ်ပါတယ်။

                လက်ရှိမှာ G Suite Users တွေအနေနဲ့ Google Admin Console ထဲက Apps > G Suite > Drive and Docs > Data Access မှာ “Drive File Stream” နဲ့ ပတ်သတ်တဲ့ Settings တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Drive File Stream နဲ့ ပတ်သတ်တဲ့ Settings အားလုံး ဖွင့်ပေးပြီးသားဖြစ်တာကို တွေ့ရမှာပါ။ Settings တွေ တွေ့ရပေမယ့် Application ကိုတော့ စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

                ပြီးခဲ့တဲ့ဂျူလိုင်လတုန်းက Google ဟာ Google Drive နဲ့ Google Photos Applications တွေကို “Backup and Sync” ဆိုတဲ့ Application တစ်ခုတည်းအဖြစ် ပေါင်းပေးသွားမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ တဆက်တည်းမှာပဲ Enterprise Users တွေအတွက် “Drive File Stream” ဆိုတဲ့ Application ကို အစားထိုးထုတ်ပေးသွားမှာဖြစ်ကြောင်း ကြေငြာခဲ့တာပါ။ “Backup and Sync” နဲ့ “Drive File Stream” တို့က နည်းနည်းပဲကွာမှာဖြစ်ပြီး၊ အခြေခံသဘောတရားချင်းကတော့ အတူတူပါပဲ။ ဘာကွာခြားသွားလဲဆိုတဲ့ အသေးစိတ်ကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။


                Google Drive ကို Mac အတွက်ကော PC အတွက်ပါ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး၊ Support ရပ်ဆိုင်းသွားမှာဖြစ်ကာ၊ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ရောက်ရင်တော့ လုံးဝ Shut Down လုပ်ပစ်တော့မှာဖြစ်ပါတယ်။

                Drive File Stream ဟာ အရင်လို ဖိုင်တွေကို အကြာကြီး Sync လုပ်စရာလိုမှာမဟုတ်တော့ဘဲ၊ Computer Storage မယူဘဲနဲ့၊ Drive ထဲက ဖိုင်တွေအကုန်လုံးကို ကွန်ပျူတာထဲမှာ အသုံးပြုနေရသလိုမျိုး Cloud မှာ အမြဲတမ်း အဆင်သင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

References
Google Blog PC World
About Author
Assinged Tags
Google Cloud Google Photos G Suite G Suite For Businesses Google Drive Cloud Storage Drive File Stream Drive Google Apps for Work
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed