Kaggle ဆိုတဲ့ အကြီးဆုံး သတင်းအချက်အလက် လေ့လာရေးအသင်းအဖွဲ့ကို ဝယ်ယူလိုက်တဲ့ Google

date_range 10 March 2017

Kaggle ဆိုတဲ့ အကြီးဆုံး သတင်းအချက်အလက် လေ့လာရေးအသင်းအဖွဲ့ကို ဝယ်ယူလိုက်တဲ့ Google

visibility 110 Views

                သတင်းအချက်အလက် နည်းပညာဆိုတဲ့ Information Technology ခေတ်ကြီးထဲမှာ သတင်းအချက်အလက် လေ့လာရေးဆိုတာကလည်း အရေးပါပါတယ်။ Google လို ကုမ္ပဏီမျိုးအတွက်ကတော့ ပိုလို့တောင် အရေးပါပါသေးတယ်။ 

                အခုတစ်လော AI နဲ့ Machine Learning ဘက်မှာ ခြေလှမ်းအရမ်းသွက်နေတဲ့ Google က AI နဲ့ Machine Learing ဘက်မှာ ထပ်မံအားဖြည့်ဖို့အတွက်ရော၊ Google ကမဟုတ်တဲ့ ပြင်ပ Developer တွေအတွက်ပါ အကျိုးရှိစေဖို့အတွက် Kaggle ဆိုတဲ့ အကြီးဆုံး သတင်းအချက်အလက် လေ့လာရေးအသင်းအဖွဲ့ကို ဝယ်ယူလိုက်ပါတယ်။

                ဒီလိုဝယ်ယူလိုက်တယ် ဆိုတာကို San Francisco မှာပြုလုပ်တဲ့ Cloud Next ဆိုတဲ့ ညီလာခံမှာ တရားဝင်ကြေငြာလိုက်တာ ဖြစ်ပါတယ်။ Google Cloud AI နှင့် Machine Learning ဌာနရဲ့ သိပ္ပံဌာနမှူး Fei-Fei Li ကတော့ 

“ကျမတို့တွေဟာ AI နည်းပညာအတွက် တံခါးကိုပိတ်ထားလို့မရပါဘူး။ Google ကမဟုတ်တဲ့ အခြားပြင်ပက Developer တွေ၊ User တွေ၊ စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း တံခါးကိုဖွင့်ပေးထားမှ ရပါမယ်။ ဒါမှ AI နည်းပညာဟာ ပိုမိုတိုးတက်လာမှာဖြစ်သလို၊ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာပါ”

လို့ ပြောခဲ့ပါတယ်။

Google Cloud Blog မှာတော့ Fei-Fei Li က

“ဒီနေ့မှာတော့ Kaggle ဟာ Google Cloud နဲ့ ပူးပေါင်းလိုက်ပြီဆိုတဲ့ အကြောင်းကို စိတ်လှုပ်ရှားစွာနဲ့ပဲ ကြေငြာလိုက်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Kaggle ဟာ သတင်းအချက်အလက် လေ့လာရေး သုတေသီတွေ၊ Machine Learning ကို စိတ်ဝင်စားတဲ့ သူတွေအတွက်ကတော့ ကမ္ဘာ့အကြီးဆုံး နားခိုရာအိမ်ကြီးတစ်လုံးလိုပါပဲ။ Kaggle မှာ သုတေသီ ၈၀၀,၀၀၀ ကျော်လောက်ရှိပြီး သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခြင်း၊ Machine Learning အတွက် Model တွေဆောက်လုပ်ခြင်း၊​ အစရှိတာတွေကို သူမတူအောင် ပြုလုပ်နိုင်သူတွေလည်း ဖြစ်ပါတယ်”

လို့ ရေးသားထားပါတယ်။

Kaggle Blog မှာလည်း

“Kaggle အဖွဲ့သားတွေဟာ အရင်လိုလက်တွဲမဖြုတ်ပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး၊ Goolge Cloud ထဲမှာပဲ သီးခြားဌာနခွဲတစ်ခုအနေနဲ့ ရပ်တည်သွားမှာဖြစ်ပါတယ်။ Kaggle Kernels တွေဟာလည်း Google က Support လုပ်ထားတဲ့ Machine Learning Libraries တွေ၊ Packages တွေ၊ အခြားပြင်ပက Machine Learning Libraries တွေ၊ Packages တွေအတွက် Diverse Ecosystem ကိုလည်း Support လုပ်ပေးသွားမှာပါ”

လို့ ရေးသားထားပါသေးတယ်။

References
9to5Google
About Author
Assinged Tags
Artificial Intelligence Machine Learning Google Cloud Kaggle Data Science
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed