ကွန်ပျုတာတစ်ခုလုံးထိကို Backup ပြုလုပ်ပေးနိုင်မယ့် Google ရဲ့ Backup and Sync

date_range 15 June 2017

ကွန်ပျုတာတစ်ခုလုံးထိကို Backup ပြုလုပ်ပေးနိုင်မယ့် Google ရဲ့ Backup and Sync

visibility 380 Views

                Google ကနေပြီးတော့ Windows နဲ့ Mac အတွက် Error များလွန်းတဲ့ Google Drive Client အစား Backup and Sync ဆိုတဲ့ Cloud Backup Service အသစ်ကို မိတ်ဆက်ပေးဖို့ရှိပါတယ်။ လက်ရှိမိတ်ဆက်မဲ့ Backup and Sync client အသစ်ဟာ ကိုယ်ကြိုက်တဲ့ Folder တစ်ခုချင်းစီတင်မကပဲ ကွန်ပျုတာတစ်ခုလုံးကိုပါ Backup ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

                မတ်လ ၂၀၁၇ လောက်မှာတုန်းကလည်း Google ဘက်ကမှားယွင်းပြီး Backup and Sync ကို Google Drive Update အနေနဲ့ Push လုပ်ခဲ့ပါသေးတယ်။ အဲ့တုန်းက Push Update လုပ်မိခဲ့တဲ့ Backup and Sync ဟာ Development မပြီးစီးသေးတာမို့ သုံးလို့မရခဲ့ပဲ Google Drive ကိုပဲ Google ကနေ Rollback ပြန်လုပ်ပေးခဲ့ပါတယ်။ 

                အခုအခါမှာတော့ Backup and Sync ဟာ အသုံးပြုဖို့ Ready ဖြစ်နေပါပြီ။ G Suite Updates blog မှာလည်း Google Drive ကို Windows နဲ့ Mac မှာအသုံးပြုတဲ့သူတွေအကုန်လုံး Backup and Sync ကို အစားထိုး အသုံးပြုကြရမှာဖြစ်ပါတယ် လို့ပြောကြားထားပါတယ်။ ဒါပေမဲ့လည်း Google Drive မှာထားခဲ့တဲ့ Settings တွေနဲ့ Backup လုပ်ထားခဲ့တဲ့ဖိုင်တွေအတိုင်း Backup and Sync ပေါ်မှာ မပျောက်မပျက်ပဲနဲ့ ကျန်ရှိနေမှာမို့လို့ စိတ်ပူစရာတော့သိပ်မရှိပါဘူး။ 

               ကွန်ပျုတာတစ်ခုလုံးထိကို Backup လုပ်ပေးထားနိုင်တဲ့ Feature အသစ်လည်းပါ၀င်လာမှာ ဆိုပေမဲ့ Google Drive အတွက် Storage Limit ကို 15 GB အထိပဲသတ်မှတ်ထားပေးတာကြောင့် အသုံးပြုချင်တယ်ဆိုရင်တော့ Storage ထပ်၀ယ်ရဖို့ရှိပါတယ်။  Google Photos Uploader လည်း Backup and Sync နဲ့အတူတူပါ၀င်လာမှာဖြစ်ပါတယ်။ Backup and Sync ပေါ်မှာပဲ Google Photos Uploader ကိုတစ်ပါတည်း မထည့်သွင်းပေးထားတာကတော့ သိပ်အဆင်မပြေပါဘူး။ 

                ဇွန်လပိုင်း ၂၈ ရက်မှာ စ တင်ထုတ်လုပ်ပေးမယ့် Backup and Sync ဟာ သာမန်အသုံးပြုသူတွေပဲ ပြောင်းလဲအသုံးပြုရမှာလို့  G Suite for Businesses အသုံးပြုသူတွေအတွက်ကတော့ Google Drive Desktop Uploader ကို ဆက်လက်အသုံးပြုရမှာပါ။ G Suite for Businesses ကိုအသုံးပြုသူတွေအတွက် သိပ်မကြာခင်မှာ Drive File Stream လို့ခေါ်တဲ့ Cloud Computing Service သစ်တစ်ခု မိတ်ဆက်ပေးမယ်လို့လည်း သိရှိရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Google Windows Windows 10 PC macOS Mac Backup And Sync G Suite G Suite For Businesses Google Drive Google Cloud Storage Cloud Storage Cloud Computing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed