ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို Google Photos အသုံးပြုပြီး Apple TV သို့ Stream လုပ်လို့ရတော့မည်

date_range 25 April 2017

ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို Google Photos အသုံးပြုပြီး Apple TV သို့ Stream လုပ်လို့ရတော့မည်

visibility 100 Views

                Google အနေနဲ့ iOS Devices တွေအတွက် Google Photos App ကို Release လုပ်ပေးခဲ့တာ ၂ နှစ်နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Google က Google Photos Version 2.14 ကို iOS Devices တွေအတွက် Release လုပ်ပေးခဲ့ပြီး အခု Version မှာတော့ AirPlay ကို Support လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                ယခင် Google Photos App ကို အသုံးပြုသူတွေဟာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို Apple TV မှာ Stream ကြည့်ချင်တယ်ဆိုရင် တခြား Thir-Party App တွေကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့် အခု Version မှာတော့ AirPlay ကို Support ပေးလိုက်ပြီ ဖြစ်တာကြောင့် Apple TV ရှိသူတွေအနေနဲ့ Google Photos App ကိုအသုံးပြုပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တိုက်ရိုက် Stream လုပ်လို့ရပြီ ဖြစ်ပါတယ်။

                ၂၀၁၅ ခုနှစ် မေလထဲက Release လုပ်ခဲ့တဲ့ ဒီ App လေးဟာ ကြားထဲမှာ Update တွေ ပုံမှန်ရှိနေခဲ့ပေမယ့် Google အနေနဲ့ Google Photos App မှာ AirPlay ကို Support ပေးနိုင်ဖို့ ဘာကြောင့်ဒီလောက်ထိ အချိန်ဆွဲခဲ့ရလဲဆိုတာကိုတော့ မည်သူမှတိတိကျကျ မသိပါဘူး။ 

                ပုံမှန်ပေးခဲ့တဲ့ Update တွေမှာလည်း AirPlay ထက်သာပြီး၊ ပိုပြီး Powerful ဖြစ်တဲ့ Video Stabilization, Content-Aware Filters, Visual Search စတဲ့ Feature တွေကိုတော့ ထည့်ပေးခဲ့ပြီး AirPlay လို ဘာမဟုတ်တဲ့ Feature လေးကျမှ လာပြီးအချိန်တွေဆွဲနေတယ်ဆိုတော့ စဉ်းစားစရာပါပဲ။

                နောက်တစ်ချက် စဉ်းစားစရာရှိတာက Google အနေနဲ့ Motion Stills လိုမျိုး Apple ရဲ့ Ecosystem ကလွဲပြီး ဘယ်မှာမှ သုံးမရတဲ့ Live Photos တွေကို GIF ဒါမှမဟုတ် ဗီဒီယိုအသေးစားလေးတွေ အဖြစ်ပြောင်းပေးနိုင်တဲ့ App မျိုးကျတော့ ထုတ်ပေးနိုင်ပြီး AirPlay လို Feature မျိုးကျမှပဲ အချိန်တွေကြာနေတယ်ဆိုတဲ့ အချက်ပါပဲ။

                Google Photos App ကို အသုံးပြုချင်သူများကတော့ ဒီမှာ သွားရောက် Download လုပ်လို့ရပြီး Motion Stills App ကို အသုံးပြုနည်းသိချင်တဲ့သူတွေကတော့ ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

References
AppleInsider
About Author
Assinged Tags
Google Google App Applications iOS Google Photos Motion Stills
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed