Microsoft က Surface အသစ်ကို အောက်တိုဘာလကုန်မှာ မိတ်ဆက်ဖွယ်ရှိ

date_range 08 September 2017

Microsoft က Surface အသစ်ကို အောက်တိုဘာလကုန်မှာ မိတ်ဆက်ဖွယ်ရှိ

visibility 320 Views

                နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Future Decoded Event ကို လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ  အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ Microsoft ရဲ့ Surface Product ပိုင်းဆိုင်ရာ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ Panos Panay လည်း တက်ရောက်ပြောကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                Microsoft ဟာ Surface Devices တွေကို နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလဝန်းကျင်လောက်မှာ ပြသတတ်တဲ့အတွက်ကြောင့်၊ ယခုတစ်ကြိမ်မှာလည်း Surface Devices အသစ်တစ်ခုကို ပြသလောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

                Microsoft ကိုယ်တိုင်ကလည်း LTE SIM Support ပြုလုပ်လာမယ့် Surface Pro Version အသစ်တစ်ခုကြေငြာသွားမယ်လို့ ပြောကြားထားခဲ့ဖူးတာကြောင့်၊ Surface Pro ဖြစ်ဖို့က များပါတယ်။ ဒါပေမယ့် ဒီ Surface Pro အသစ်အပြင် မနှစ်ကမိတ်ဆက်ခဲ့တဲ့ Surface Book ဒါမှမဟုတ် Surface Hub မော်ဒယ်အသစ်ကိုလည်း တပါတည်း မိတ်ဆက်သွားနိုင်ပါတယ်။

                နောက်ထပ်ခန့်မှန်းရတာကတော့ Windows 10 အသုံးပြုလာမယ့် Qualcomm Snapdragon CPU နဲ့ Surface Device တစ်ခုများ ဖြစ်မလားလို့ပါ။ Microsoft ကိုယ်တိုင်ကလည်း ယခင်က Windows 10 OS ကို Qualcomm လို Mobile CPU ပေါ်မှာ အသုံးပြုလို့ရအောင် Asus, HP နဲ့ Lenovo တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ တရားဝင်ပြောကြားခဲ့ဖူးပါတယ်။

                “Windows 10 သုံး Snapdragon Devices တွေကို ယခုနှစ်အတွင်းမှာ မြင်တွေ့ရဖို့ ရှိပါတယ်။ Microsoft နဲ့ Qualcomm တို့ဟာ OEM Partner တွေဖြစ်တဲ့ ASUS, HP နဲ့ Lenovo တို့နဲ့ ပူးပေါင်းပြီး၊ Always-on LTE လိုင်းချိတ်ဆက်မှုပါဝင်သလို၊ ဘက်ထရီသက်တမ်းလည်း အကြာကြီးခံတဲ့ Always Connected Devices တွေကို စျေးကွက်သွင်းနိုင်ဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါတယ်”

                လို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Verge သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

                ဘာပဲဖြစ်ဖြစ် နောက်လကုန်ကြရင်တော့ Microsoft ရဲ့ Surface အသစ်ကို တွေ့ရဦးမှာဖြစ်ပြီး၊ ဘယ်လိုထူးခြားမှုတွေနဲ့ ထွက်ရှိလာမလည်းဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

References
The Verge
About Author
Assinged Tags
HP Asus Microsoft Windows 10 Lenovo Surface Hub Snapdragon Laptops LTE
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed