Facebook Messenger မှာ Unicode နဲ့ Zawgyi အလိုအလျောက်ပြောင်းလဲပေးတဲ့စနစ် စတင် ပါဝင်လာ

date_range 31 August 2017

Facebook Messenger မှာ Unicode နဲ့ Zawgyi အလိုအလျောက်ပြောင်းလဲပေးတဲ့စနစ် စတင် ပါဝင်လာ

visibility 4300 Views

                အခုသြဂတ်စ်လ ပထမအပတ်တုန်းက Facebook for Android မှာ Unicode နဲ့ Zawgyi ကို အလိုအလျောက်ဖောင့်ပြောင်းလဲပေးတဲ့စနစ် ပါဝင်လာပြီးနောက်၊ ယခုအခါ Messenger မှာလည်း အဆိုပါ စနစ် စတင်ပါဝင်လာပါပြီ။


                မနေ့က စတင်ထွက်ရှိလာတဲ့ Messenger Update (Version 133.0.0.14.91) မှာ Unicode အသုံးပြုသူတွေအနေနဲ့ Zawgyi နဲ့ ပေးပို့ထားတဲ့ မက်ဆေ့တွေကို အလိုအလျောက်ဖောင့်ပြောင်းလဲပြီးသား ဖတ်ရှုနိုင်လာနိုင်သလို၊ Zawgyi User တွေအနေနဲ့လည်း Unicode မက်ဆေ့တွေကို အမှန်အတိုင်းမြင်လာရတာဖြစ်ပါတယ်။ တချို့ User တွေမှာတော့ အခု Auto-Converted Feature ရရှိနေတာ ရက်အနည်းငယ်ရှိနေပြီလို့လည်း သိရတာကြောင့်၊ တစ်ယောက်နဲ့တစ်ယောက် Update ရရှိပုံချင်း မတူညီနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ 

                တကယ်လို့ Version 133 တင်ပြီးတာတောင် မရသေးဘူးဆိုရင်တော့ Messenger ကို Log-out လုပ်၊ App ကို Settings ထဲကနေ Clear Data လုပ်ကာ၊ ဖုန်းကို Restart ချပြီး စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကလည်း User တိုင်းအတွက် အလုပ်မဖြစ်ဘူးလို့ Myanmar Unicode Area က Comments တချို့အရ သိရှိရပါတယ်။

                Unicode ကနေ Zawgyi ကို ပြောင်းပေးသလို၊ Zawgyi ကနေလည်း Unicode ကို ပြောင်းပေးတယ်လို့ သိရပါတယ်။

                ကျနော့် Android ဖုန်း ( Android 7.1.1) မှာလည်း ယနေ့ပဲ Messenger အတွက် Auto-Conversion Feature ရရှိခဲ့ပြီဖြစ်ပေမယ့်၊ Message အဝင်အထွက် မမြင်ရတော့တဲ့ ပြဿနာဖြစ်နေပါတယ်။ Computer Browser မှာတော့ Message အဝင်အထွက်ပြပေမယ့်၊ ဖုန်း App မှာတော့ လုံးဝမမြင်ရတော့တာပါ။ Clear Data လုပ်ပြီး၊ Messenger ပြန်ဝင်ချိန်မှာလည်း Message တွေ လုံးဝ မမြင်ရတော့တာ/ ပြန်မပေါ်လာတော့တာမျိုး ဖြစ်နေပါတယ်။ Zawgyi ကော Unicode User တစ်ချို့မှာပါ ဒီပြဿနာဖြစ်နေတာပါ။ ဒီအတွက် Facebook ကို အကြောင်းကြားထားပြီး၊ အခုထိတော့ အကြောင်းပြန်ပေးခြင်း မရှိသေးပါဘူး။ 


                မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Apps နှစ်ခုဖြစ်တဲ့ Facebook မှာကော၊ Messenger မှာပါ Unicode အသုံးပြုသူတွေအတွက် ဖောင့်အကုန်အမှန်မြင်ရပြီဆိုတော့ Unicode ပြောင်းလဲအသုံးပြုချင်သူတွေအနေနဲ့လည်း တော်တော်အဆင်ပြေသွားပြီလို့ ဆိုရမှာပါ။

                ဒါပေမယ့် လောလောဆည် Android အတွက် Messenger App Update မှာ Message မမြင်ရတော့တဲ့ ပြဿနာက တော်တော်များများမှာဖြစ်နေတာကြောင့် ဖြစ်နိင်ရင် Update မလုပ်သေးတာ ကောင်းပါလိ့မ်မယ်။ တကယ်လို့ Messenger ကလည်း Update လုပ်ပြီးသွားပြီ၊ အခု Error လည်း ကြုံတွေ့နေတယ်ဆိုရင်တော့ Messenger Lite ကို Play Store ကနေ Download ပြုလုပ်ပြီး သုံးစွဲထားနိုင်ပါတယ်။ Messenger Lite မှာတော့ Automatic Conversion မရသေးပါဘူး။

References
TechX Myanmar
About Author
Assinged Tags
Facebook Applications Messenger Unicode Zawgyi Automatic Font Conversion
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed