Android အတွက် Facebook Update အသစ်မှာ Unicode နဲ့ Zawgyi ကို ဖောင့်ပြောင်းစရာမလိုဘဲ အလိုအလျောက်ဖတ်ရှုလာနိုင်

date_range 10 August 2017

Android အတွက် Facebook Update အသစ်မှာ Unicode နဲ့ Zawgyi ကို ဖောင့်ပြောင်းစရာမလိုဘဲ အလိုအလျောက်ဖတ်ရှုလာနိုင်

visibility 14520 Views

                နောက်ဆုံးထွက်ရှိလာတဲ့ Facebook Update အသစ်မှာ Zawgyi နဲ့ ရေးသားထားတဲ့ စာတွေကို Unicode အသုံးပြုသူတချို့အနေနဲ့ အရင်လို “ဖောင့်ပြောင်းကြည့်ပါ/See Conversion” လုပ်စရာမလိုတော့ဘဲ၊ ဖတ်ရှုလာနိုင်ပြီလို့ သိရပါတယ်။ ဒီအတိုင်းပဲ Zawgyi အသုံးပြုသူတွေတချို့မှာလည်း Unicode နဲ့ ရေးသားထားတဲ့စာတွေကို ဘာမှလုပ်စရာမလိုဘဲ အမှန်အတိုင်းဖတ်ရှုလာနိုင်ပြီလို့ သိရပါတယ်။

Zawgyi နဲ့ ရေးသားထားသော TechX Myanmar Facebook Page ၏ Post ခေါင်းစဉ်များကို Unicode အသုံးပြုသူတစ်ဦးမှ အလိုအလျောက်ဖောင့်ပြောင်းလဲပြီးသားမြင်ရပုံ

                သြဂတ်စ်လ (၇) ရက်နေ့က Android အတွက် ထွက်ရှိလာတဲ့ Facebook Version 136.0.0.22.91 (Beta Tester ဆို ဗားရှင်းနံပါတ် အပြောင်းအလဲရှိနိုင်) မှာ အခုလို ဖောင့်နှစ်မျိုးကို အလိုအလျောက်အပြန်အလှန်ပြောင်းလဲပေးထားတာ ဖြစ်ပါတယ်။ လောလောဆည် Android အတွက် Facebook Update မှာပဲ အခု Feature ရရှိတာဖြစ်ပြီး၊ iOS အတွက်တော့ မရသေးဘူးလို့ သိရပါတယ်။


“ ဒီနေ့မနက် ( သြဂတ်စ်လ ၈ ရက်နေ့) မှာ Facebook Update လုပ်ပြီးတော့ ဝင်ကြည့်တဲ့အခါ Zawgyi နဲ့ ရေးထားတဲ့စာတွေကို ဖောင့်ပြောင်းကြည့်စရာမလိုဘဲ အလိုလို Unicode ပြောင်းပြီးသား ဖတ်နိုင်တာ တွေ့ရတာပေါ့”

                လို့ အသက် ၃၀ နှစ်အရွယ်၊ Unicode အသုံးပြုသူတစ်ဦးဖြစ်တဲ့ ကိုပြည့်က ပြောပြပါတယ်။

                စိတ်မကောင်းစရာတစ်ခုက Facebook Update မြှင့်တိုင်းလည်း Zawgyi<>Unicode အလိုအလျောက်ဖောင့်ပြောင်းပေးတဲ့ Feature ကို ရရှိတာမဟုတ်ဘဲ၊ အကောင့်တစ်ချို့မှာတော့ Update တင်ပြီးတာတောင် မရသေးဘူးလို့လည်း Myanmar Unicode Area က User တချို့ရဲ့ မှတ်ချက်တွေမှာ တွေ့မြင်ရပါတယ်။

                ဒါပေမယ့် မရသေးသူတချို့ဟာ App တစ်ခုတည်းမှာပဲ တခြားအကောင့်တစ်ခု ပြောင်းသုံးကြည့်ရာမှာတော့၊ Auto Convert Feature ရရှိလာတာကို တွေ့မြင်ရပြီး၊ အရင်အကောင့်ပြန်ဝင်ကြည့်ရင်တော့ အဆိုပါ Feature က ပြန်ပျောက်သွားတယ်လို့လည်း ဆိုပါတယ်။ တချို့ User တွေကလည်း Facebook App မှာ မရပေမယ့်၊ Facebook Lite မှာတော့ ရတယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

                Facebook အနေနဲ့ အခုလို Zawgyi<>Unicode အလိုအလျောက်ဖောင့်ပြောင်းပေးတဲ့ Feature ထည့်ပေးလိုက်တာက မြန်မာနိုင်ငံက User အကုန်လုံးအတွက် တော်တော်အဆင်ပြေသွားပြီလို့ ဆိုရမှာပါ။ 

                 Facebook Messenger မှာတော့ အခုလို အလိုအလျောက်ဖောင့်ပြောင်းလဲပေးတဲ့ Feature ကို လက်ရှိအချိန်ထိတော့ မတွေ့မြင်ရသေးပါဘူး။ Unicode အသုံးပြုသူတွေကြုံတွေ့ရတဲ့ အခက်အခဲတွေထဲမှာ Messenger မှာ Zawgyi စာတွေ ဖတ်မရတာက အဆိုးဆုံးလို့ ပြောလို့ရတာဆိုတော့ Messenger မှာလည်း အခုလို Feature ပါလာဖို့ လိုအပ်နေပါသေးတယ်။

References
Myanmar Unicode Area
About Author
Assinged Tags
Facebook Android Android App Local News Local Tech News Unicode Zawgyi Automatic Font Conversion Facebook for Android Facebook Update
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed