Android အတွက် Facebook Messenger App မှာ Conversation တွေမမြင်ရတဲ့ပြဿနာဖြစ်ပေါ်

date_range 31 August 2017

Android အတွက် Facebook Messenger App မှာ Conversation တွေမမြင်ရတဲ့ပြဿနာဖြစ်ပေါ်

visibility 3300 Views

                Android အတွက် ထုတ်လုပ်ပေးထားတဲ့ Facebook Messenger App မှာ Conversation  တွေတစ်ခုမှမမြင်ရဘဲ၊ Loading ပဲတက်နေတာကို ယခုမနက်ပိုင်းမှာ အသုံးပြုသူအတော်များများ (စာရေးသူကိုယ်အတိုင်အပါအ၀င်) ကြုံတွေ့နေရပါတယ်။ 


                Messenger Version 133 ကို Update လုပ်မိရာက စ တင်ပြီး Conversation တစ်ခုမှ မမြင်ရတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Messenger Version ချင်းအတူတူ iOS အတွက်ထုတ်လုပ်ပေးထားတဲ့ Messenger App မှာတော့ Conversation Loading Error တက်တာကို မတွေ့ရပါဘူး။

                ဒီလိုမျိုး Android App မှာ Conversation တွေမပေါ်တဲ့ Error ဖြစ်နေပေမယ့် iOS နဲ့ Desktop Browser တွေမှာတော့ ကောင်းကောင်းမွန်မွန်အသုံးပြုလို့ရနေပါသေးတယ်။ Latest Messenger Version အတွက် Play Store Review တွေမှာလည်း တစ်ကမ္ဘာလုံးကအသုံးပြုအတော်များများဟာ ဒီပြဿနာကို ကြုံတွေ့နေရတယ်လို့ ရေးသားထားပါတယ်။ 

                ယခု Messenger Update 133 မှာ Zawgyi-Unicode အလိုအလျောက်ဖောင့်ပြောင်းပေးတဲ့ Feature ပါ၀င်လာပါတယ်။ ဒါပေမဲ့လည်း အခုလို Conversation တွေမပေါ်တဲ့ Error တွေရှိနေတာမို့ Latest Update ကို Download မပြုလုပ်သေးဖို့ အကြုံပြုလိုက်ပါတယ်။ တကယ်လို့ Android မှာ Messenger ကို Update ပြုလုပ်မိသူတွေအနေနဲ့လည်း လက်တလောအနေနဲ့ Messenger Lite ကို ခေတ္တအစားထိုးသုံးစွဲကြဖို့ တိုက်တွန်းလိုက်ပါတယ်။

UPDATED: မကြာမီမိနစ်ပိုင်းအနည်းငယ် ( 4: 20 PM ) လောက်မှာ Conversation တွေကို ပြန်လည်မြင်တွေ့ရပြီဖြစ်တယ်လို့ သိရပါတယ်။
References
TechX Myanmar
About Author
Assinged Tags
Facebook Android Android App Messenger Facebook Messenger Conversation Loading Error Loading Error
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed