XPS 13 ကို နောက်ဆုံးထွက် 8th Gen Intel Core Processors တွေနဲ့ Update လုပ်ပေးလိုက်တဲ့ Dell

date_range 30 August 2017

XPS 13 ကို နောက်ဆုံးထွက် 8th Gen Intel Core Processors တွေနဲ့ Update လုပ်ပေးလိုက်တဲ့ Dell

visibility 760 Views

                Intel ကနေ 8th-Gen Core Processors တွေကို မိတ်ဆက်ပြီးနောက် သိပ်မကြာခင်မှာပဲ၊ Dell ဟာ သူ့ရဲ့ လူသိအများဆုံး Laptop စီးရီးတွေဖြစ်တဲ့ XPS 13 ၊ Inspiron 5000 နဲ့ Inspiron 7000 Laptop တွေကို 8-th Gen Kaby Lake Refresh Processors တွေနဲ့ အသစ်ထပ်မံထုတ်လိုက်ပြီဖြစ်ပါတယ်။

                Intel ရဲ့ 8-the Generation Core Processors မျိုးဆက်သစ်ဟာ Microarchitecture အသစ်ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ၊ အရင် Kaby Lake ကိုပဲ Upgrade လုပ်ထားတာဖြစ်ပြီး၊ လောလောဆည်မှာ U စီးရီး 8th Gen Processors တွေကိုပဲ မိတ်ဆက်ပေးရပါသေးတယ်။ ဒါပေမယ့် 8th Gen U Processors တွေဟာ U စီးရီး Core Processors တွေထဲမှာ ပထမဆုံးအနေနဲ့ 4 Cores, 8 Threads အထိ ပါဝင်လာပြီဖြစ်တာကြောင့် စွမ်းဆောင်ရည်ပိုမြင့်လာမှာဖြစ်ပါတယ်။

                Dell ရဲ့ အဆိုအရ အခု XPS 13 ဟာ လက်ရှိ XPS 13 (9360) ထက် ၄၄ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်လာတယ်လို့ သိရပါတယ်။ အခု XPS 13 အသစ်ဟာ Processor ပြောင်းသွားတာကလွဲလို့ တခြားပြောင်းလဲမှုတွေတော့ မရှိပါဘူး။ XPS 13 အသစ်ကို အရင်အတိုင်း FHD (1920x1080) Model နဲ့ Touch ပါတဲ့ QHD+ (3200x1800) Model ဆိုပြီးနှစ်မျိုး ထွက်ရှိမှာပါ။

                8th Generation Intel Core Processors အသစ်အသုံးပြုထားတဲ့ XPS 13 Laptop အသစ်ကို Core i7 model နဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ထုတ်လုပ်ရောင်းချသွားဖို့ ရှိပြီး၊ စျေးနှုန်းကတော့ ၁၃၉၉.၉၉ ဒေါ်လာ ရှိမှာဖြစ်ပါတယ်။ နောက်ထပ် i5, i3 Model တွေကိုတော့ အောက်တိုဘာလလောက်ကျမှ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ i3 ဆိုရင်တော့ အနည်းဆုံး ၇၉၉.၉၉ ဒေါ်လာကနေ စရှိနိုင်ပါတယ်။

                နောက်ထပ်အနေနဲ့ Dell ဟာ 8th Generation Processors တွေကို XPS 13 အပြင်၊ Inspiron စီးရီးထဲကိုပါ ယူဆောင်လာပြီဖြစ်ပါတယ်။ Inspiron စီးရီးထဲက Inspiron 5000 2-in-1 ၊ ၁၃ လက်မနဲ့ ၁၅ လက်မ မော်ဒယ်တွေအကုန် 8th Gen Processors တွေနဲ့ အသစ်ပြန်ထွက်လာဖို့ရှိပြီး၊ Inspiron 7000 စီးရီးမှာ Inspiron 7000 2-in-1 ၊ ၁၇ လက်မ ၊ ၁၅ လက်မ၊ ၁၃ လက်မ မော်ဒယ်ကွဲတွေအကုန် 8th Gen Processors တွေနဲံ ပြန်ထွက်လာဖို့ ရှိပါတယ်။ 

References
Anandtech
About Author
Assinged Tags
Dell Intel Laptop Processors Intel 8th Generation Kaby Lake Refresh Dell XPS 13 Inspiron Inspiron 5000 Inspiron 7000
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed