Fake News တွေကို ပုံမှန် Share လေ့ရှိတဲ့ Facebook Page တွေကို ကြော်ငြာသုံးခွင့် လုံးဝပိတ်ပင်သွားမှာဖြစ်ကြောင်း Facebook ကြေငြာ

date_range 29 August 2017

Fake News တွေကို ပုံမှန် Share လေ့ရှိတဲ့ Facebook Page တွေကို ကြော်ငြာသုံးခွင့် လုံးဝပိတ်ပင်သွားမှာဖြစ်ကြောင်း Facebook ကြေငြာ

visibility 660 Views

                မဟုတ်မမှန်သတင်း (Fake News) တွေရဲ့ ရိုက်ခတ်မှုကို  အခုအချိန်မှာ တစ်ကမ္ဘာလုံးနီးပါး ကြုံတွေ့နေရတာကြောင့် လူသုံးအများဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook က ဒီလို Fake News တွေကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားဖို့ ကြိုးစားအားထုတ်နေပါတယ်။

                လက်ရှိမှာလည်း Facebook ဟာ Snopes တို့ APတို့က လွတ်လပ်တဲ့သတင်းအချက်အလက်စစ်ဆေးသူ (Fact-Checkers) တွေနဲ့ ပူးပေါင်းကာ၊ သတင်းအရင်းအမြစ် တိကျခိုင်လုံမှုမရှိတဲ့ သတင်းဆောင်းပါးတွေကို စစ်ဆေးချေမှုန်းလျက်ရှိပါတယ်။ သတင်းဆောင်းပါးတစ်ပုဒ်ဟာ အချက်အလက်ခိုင်လုံမှုမရှိတာ၊ အလိမ်အညာသတင်းတွေဖြစ်နေတာနဲ့ အဆိုပါ သတင်းဆောင်းပါး Link ကို Fake News အဖြစ် သတ်မှတ်ကာ Facebook ကနေ လုံးဝကြော်ငြာလို့ ရတော့မှာ မဟုတ်ပါဘူး။ ဒီလို Fake News တွေကို Share တဲ့လူတွေကို လည်း အကောင့်ဖျက်ပစ်တာ၊ Reach လျော့ချပစ်တာ စတဲ့ အပြစ်ပေးမှုတွေ လုပ်လျက်ရှိပါတယ်။

                အခု နောက်ထပ်တဆင့်အနေနဲ့ Facebook ဟာ ဒီလိုမျိုး သတင်းဆောင်းပါးတွေကို ပုံမှန် Share လေ့ရှိတဲ့ Pages တွေကိုပါ Facebook Ads အသုံးပြုခွင့် လုံးဝပိတ်ပင်သွားမှာဖြစ်ကြောင်း ယနေ့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Facebook Pages တွေအနေနဲ့ Fake News Link တွေကို Boost လုပ်လို့မရရုံတင် မကဘဲ၊ Page မှာ တင်သမျှကို Boost လုပ်လို့ရတော့မှာမဟုတ်ကာ၊ Facebook ရဲ့ ကြော်ငြာဝန်ဆောင်မှုအားလုံးကို အသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။

                လွန်ခဲ့တဲ့နှစ်က Fake News တွေ ပျံ့နှံ့အောင် အားပေးအားမြှောက်လုပ်တယ်ဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ Facebook အတွက် အခုလုပ်ရပ်က ဝေဖန်မှုတွေကို အနည်းနဲ့အများဆိုသလို သက်သာစေမှာဖြစ်ပါတယ်။

                Facebook Product Director ဖြစ်တဲ့ Rob Leathern က ကုမ္ပဏီအနေနဲ့ ဒီလို Fake/False News တွေကို ပြန်လည်တိုက်ခိုက်ဖို့အတွက် နည်းလမ်းသုံးသွယ်ချမှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနည်းလမ်းတွေကတော့

  1. Fake News တွေ တင်ပေးမှုကြောင့် ရရှိလာနိုင်တဲ့ ငွေကြေးအကျိုးအမြတ်တွေကို အဆုံးသတ်ပစ်ခြင်း
  2. အဆိုပါသတင်းတွေရဲ့ Reach ကို နှိမ့်ပစ်ခြင်းနဲ့ 
  3. Facebook အသုံးပြုသူတွေအနေနဲ့ အဆိုပါ Fake News တွေကို မြင်ရင် သတိထားဖတ်ရှုဖို့ အသိပေးခြင်း

                စတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

                Fake News တွေကို ပုံမှန် Share လေ့ရှိတဲ့ Pages တွေကို ဘယ်လိုသတ်မှတ်မလဲဆိုတာကိုတော့ Facebook က အတိအကျပြောပြခဲ့ခြင်းမရှိပါဘူး။ သတင်းအမှား Link တွေကို ဘယ်နှစ်ကြိမ်ထိတင်မှ Lock ကျသွားမယ်ဆိုတာမျိုး အတိအကျမပြောထားတဲ့အတွက် Pages တွေအနေနဲ့လည်း ကိုယ့် Page မှာ သတင်းတစ်ပုဒ်မတင်ခင် ကြိုတင်စိစစ်သတိထားသင့်ပါတယ်။ 

                ဒါပေမယ့် ဒီလို Facebook Ads အသုံးပြုခွင့် ပိတ်ခံရတဲ့ Pages တွေအနေနဲ့ ရာသက်ပန်ပိတ်ခံရတာမျိုးတော့ မဟုတ်ဘူးလို့ Leathern က ဆက်လက်ပြောကြားခဲ့ပါတယ်။

                တကယ်လို့ Page က Fake News တွေ Share တာ ရပ်လိုက်ပြီဆိုရင်၊ နောက်ပိုင်းမှာ Ads ပြန်ဝယ်ခွင့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအချက်ကတော့ ကောင်းတဲ့အချက်လို့ ပြောလို့ရသလို၊ မကောင်းတဲ့အချက်လို့လည်း ပြောလို့ရပါတယ်။ 

References
Tech Crunch
About Author
Assinged Tags
Facebook Fake News Pages Social Media Ads Facebook Ads False News Facebook Pages Ads Network
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed