တစ်နေ့တည်းနဲ့  Public Post တွေ အများကြီး Share တဲ့သူတွေကို Facebook News Feed ကနေ Hide လုပ်တော့မည်

date_range 04 July 2017

တစ်နေ့တည်းနဲ့ Public Post တွေ အများကြီး Share တဲ့သူတွေကို Facebook News Feed ကနေ Hide လုပ်တော့မည်

visibility 1040 Views

                Facebook အသုံးပြုသူတွေရဲ့ News Feed ပေါ်က Clickbait ပို့စ်တွေ၊ သတင်းအမှန်ဖြစ်ဖို့ထက် လူစိတ်ဝင်စားဖို့ ချဲ့ကားပြီး ရေးသားထားတဲ့ သတင်းတွေနဲ့ သတင်းအမှားတွေကို စတင်ပြီး Hide လုပ်သွားတော့မှာဖြစ်ပါတယ်။

                အခုလို ပြုလုပ်ရတာဟာ သုံးစွဲသူတွေအတွက် အကျိုးမရှိတဲ့ Link တွေကို News Feed ပေါ်က လျှော့ချဖို့အတွက်ဖြစ်တယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဆိုပါတယ်။ 

                Facebook က စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာမှာ အသုံးပြုသူအချို့က နေ့စဉ် Public Post အတော်များများကို ပုံမှန် Share နေတာကိုတွေ့ရပြီး၊ အဲဒီ Post တွေက အခြားသူတွေရဲ့ News Feed မှာ မလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဖောင်းပွစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီလိုလူတွေ Share ကြတဲ့ အကြောင်းအရာတွေကလည်း အပေါစား အကြောင်းအရာတွေ ဖြစ်တယ်ဆိုတာကိုပါ ဆက်လက်ပြီး တွေ့ရှိခဲ့ရပါတယ်။ 

                ဒါကြောင့်မို့ အဲဒီ အကောင့်တွေက Share လုပ်တဲ့ Post တွေကို Facebook က ဦးစားပေးဖော်ပြတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

                အခုသတ်မှတ်လိုက်တဲ့ မူဝါဒအသစ်မှာ သတင်းနဲ့ သတင်းရပ်ဝန်းတစ်ခုချင်းစီက Link တွေအတွက်ပဲ အကျုံးဝင်မှာဖြစ်ပြီး Facebook Page တွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ Check-in တွေနဲ့ Status တွေအပေါ်မှာတော့ သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။

                အသုံးပြုသူတွေရဲ့ News Feed ကို ပိုပြီး ဗဟုသုတရစရာ ဖြစ်စေချင်တဲ့အတွက် ရည်ရွယ်တယ်လို့ Facebook က ဆိုပါတယ်။ ဆက်လက်ပြီး အခုလို News Feed ကို ပိုပြီး အကျိုးရှိစေဖို့အတွက် ခြေလှမ်းသစ်စလိုက်တာကြောင့် News Feed မှာ အသုံးပြုသူတွေအတွက် ပိုမို အကျိုးရှိစေမယ့် အကြောင်းအရာတွေကို ဖော်ပြပေးနိုင်မှာဖြစ်ပြီး Clickbait တွေ၊ ချဲ့ကားပြီးရေးထားတဲ့ သတင်းတွေနဲ့ သတင်းမှားတွေလိုမျိုး ပြဿနာဖြစ်စေမယ့် Link တွေကို လျှော့ချသွားနိုင်မယ်လို့လည်း ဆိုပါတယ်။

                တပြိုင်နက်တည်းမှာပဲ အသုံးပြုသူတွေအနေနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေနဲ့ Chatbot တွေ ကို ရှာဖွေဆက်သွယ်ရာမှာ လွယ်ကူစေဖို့ Discover ဆိုတဲ့ Tab အသစ်တစ်ခုကို Messenger မှာ Facebook က ထည့်သွင်းတော့မယ်ဆိုတာကိုလည်း Business Insider ရဲ့ သတင်းတစ်ပုဒ်အရ သိထားရပါတယ်။

This Article is Contributed by Min Hein Kyaw
References
Independent
About Author
Assinged Tags
Facebook Fake News Social Media Clickbaits News Feed
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed