သတင်းတုတွေကို Share လုပ်တော့မယ်ဆိုရင် သတိပေးနေပြီဖြစ်တဲ့ Facebook

date_range 24 March 2017

သတင်းတုတွေကို Share လုပ်တော့မယ်ဆိုရင် သတိပေးနေပြီဖြစ်တဲ့ Facebook

visibility 250 Views

                Facebook မှာ ကျနော်တို့ လက်ရှိကြုံနေရတဲ့ ပြဿနာတွေထဲမှာ Hate Speech လို့ ခေါ်တဲ့ အမုန်းစကားတွေကလည်း အဆိုးဆုံးတစ်ခုပါပဲ။

                ဒါပေမယ့် အကြောင်းရင်း ပြန်စစ်ကြည့်လိုက်ရင် Hate Speech တွေ ပေါ်လာတဲ့ အကြောင်းရင်းထဲမှာ သတင်းမှား (Fake News) တွေက အဓိကဇစ်မြစ်လို့ ပြောရမှာပါ။ ဖတ်သူကို အချက်အလက်အမှားတွေ ပေးတဲ့ သတင်းတွေကြောင့် မလိုအပ်တဲ့ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

                ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် Facebook က အခု လုပ်ဆောင်နေပါပြီ။ 

                အခုကစပြီး US က Facebook အသုံးပြုသူတွေအနေနဲ့ ဒီလို Fake News တွေကို Share လုပ်တော့မယ်ဆိုရင် သတိပေးချက်တစ်ခု တက်လာမှာဖြစ်ပါတယ်။ အဆိုပါ Warning (သတိပေးချက်) မှာ ကိုယ် Share ထားတဲ့သတင်းဟာ အချက်အလက်မခိုင်မာကြောင်း ဘက်မလိုက်တဲ့ အချက်အလက်စစ်ဆေးသူတွေ ( Independent Fact-Checkers) တွေက ထောက်ပြထားကြောင်း ဖော်ပြထားမှာကြောင့် ကိုယ် Share လုပ်မယ့်သတင်းက အမှန်လား၊ အမှားလားဆိုတာ မတင်ခင် ပြန်လေ့လာနိုင်မှာပါ။

                ဒီ Warning ကို နှိပ်လိုက်မယ်ဆိုရင်တော့ နောက်ထပ် Warning တစ်ခု ထပ်ကြလာမှာဖြစ်ပြီး၊ ဒီ Warning မှာတော့ သတင်းရင်းမြစ်ခိုင်မာမှုအပေါ် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ အကြောင်းအရာတွေ အကြောင်း ( About Disputed Content) ကို လေ့လာနိုင်သလို၊ သတင်းအချက်အလက်စစ်ဆေးထားတဲ့ ဘက်မလိုက်အဖွဲ့အစည်း၊မီဒီယာတွေရဲ့ Link တွေကိုပါ ဖော်ပြထားတာ တွေ့ရမှာပါ။

                Fake News တွေကို အဆင့်ဆင့်တားဆီးထားပေမယ့်လည်း လုံးဝ Share လို့ မရအောင် တားထားတာတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဒီသတင်းကို Share ချင်သပဆိုရင်လည်း Post Anyway လုပ်နိုင်သလို၊ Share မလုပ်ချင်တော့ဘူးဆိုရင်လည်း Cancel လုပ်ပစ်နိုင်ပါတယ်။


                သတင်းတစ်ခုရဲ့ အချက်အလက်ခိုင်မာမှုကို စစ်ဆေးတဲ့ အဖွဲ့အစည်းတွေဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ သြဇာအာဏာကိုမှ မခံယူထားတဲ့ ဘက်မလိုက်အဖွဲ့အစည်းတွေ ဖြစ်ပြီး၊ စစ်ဆေးသူအားလုံးဟာ နာမည်ကျော် ဂျာနယ်လစ်ကျင့်ဝတ်ကျောင်းတစ်ခုဖြစ်တဲ့ Poynter Institute ရဲ့ Non-Partisan code of principles ( ဘက်လိုက်မှုမရှိရေးကျင့်ဝတ်စည်းကမ်းချက်) ကို ဝန်ခံလက်မှတ်ရေးထိုးထားသူတွေ ဖြစ်ကြောင်း Facebook က ရှင်းပြထားပါတယ်။

                ဒီ Feature ကို ဂျာမနီနိုင်ငံတွင်းမှာ စတင်စမ်းသပ်ခဲ့တာဖြစ်ပြီး၊ အခု US မှာ ရရှိလာတာဖြစ်ပါတယ်။

                မြန်မာဘာသာနဲ့ ရေးသားထားတဲ့သတင်းတွေအနေနဲ့ကတော့ လတ်တလောမှာ စစ်ဆေးဖို့ မလွယ်ကူနိုင်တာကြောင့် တော်တော်နဲ့ ရရှိဦးမယ့်ပုံ မပေါ်သေးပါဘူး။

References
PC World
About Author
Assinged Tags
Facebook Fake News Fact Checking Feature
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed