Samsung ကနေ Dual Camera ပါဝင်တဲ့ Galaxy J7+ ကို ရောင်းချမည်

date_range 27 August 2017

Samsung ကနေ Dual Camera ပါဝင်တဲ့ Galaxy J7+ ကို ရောင်းချမည်

visibility 1320 Views

                Samsung ကနေ သူရဲ့ ပထမဆုံး Dual Camera ပါဝင်တဲ့ Samsung Galaxy Note 8 ကို တရား၀င်မိတ်ဆက်ပြီးနောက် ဒုတိယမြောက် Dual Camera ပါဝင်လာမယ့် Samsung ဖုန်းတစ်လုံးကို တွေ့မြင်ရဖို့ ရှိနေပါတယ်။ ဈေးနှုန်းလည်း Galaxy Note 8 လောက်မများလောက်ပဲ Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Samsung Galaxy J7+ ဖုန်းမှာ Dual Camera ပါဝင်လာမှာဖြစ်ပါတယ်။ 

                လက်ရှိပေါက်ကြားလာတဲ့ သတင်းတွေအရတော့ Samsung Galaxy J7+ Smartphone မှာ Back Camera အနေနဲ့ 13MP f1.7 Primary Lens နဲ့ Secondary Lens အနေနဲ့ 5MP f1.9 Lens တပ်ဆင်ထားမှာဖြစ်ပါတယ်။ Samsung ရဲ့ Portrait Mode တစ်မျိုးဖြစ်တဲ့ Live Focus Feature ကို အသုံးပြုနိုင်မှာဖြစ်ပြီး Samsung Galaxy Note 8 လိုတော့ 2× Optical Zoom ပါဝင်လာမှာမဟုတ်ပါဘူး။ အရှေ့ဘက် Selfie Camera ကိုတော့ 16MP Camera တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 

                နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Samsung Galaxy J7+ မှာ Samsung ရဲ့ လက်ရှိ အမြင့်ပိုင်းဖုန်းတွေဖြစ်တဲ့ Galaxy S8/S8+ နဲ့ Galaxy Note 8 တွေမှာပဲ ပါဝင်နေသေးတဲ့ Bixby Voice Assistant ပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်လည်း သီးသန့် Bixby Button ပါဝင်ဦးမှာဖြစ်ပါတယ်။ 

                အခြားအချက်တွေအနေနဲ့ တော့ 5.5" Super AMOLED Full HD Display ပါဝင်လာမယ်လို့သိရှိရပြီး၊ SoC အနေနဲ့ Octa Core Exynos 7870 CPU၊ RAM အနေနဲ့ 4GB ပါဝင်မယ်လို့ သိရပါတယ်။ Storage အနေနဲ့တော့ 32GB ပဲပါဝင်မှာဖြစ်ပြီး MicroSD Slot ကနေ ထပ်ပြီးတိုးချဲ့နိုင်မှာပါ။ Battery အနေနဲ့တော့ 3000mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။ 

                Samsung Galaxy J7+ ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့်ရက်ကို အတိအကျမသိရသေးပေမယ့် တန်ဖိုးသင့် Dual Camera ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

References
GSM Arena
About Author
Assinged Tags
Samsung Samsung Galaxy Dual Camera Smartphone Dual Camera Dual Lens Camera Samsung Galaxy J7+ Galaxy J7+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed