Tim Cook ဘောင်းဘီအိတ်ထဲက ဖုန်းက iPhone 8 လား?

date_range 25 August 2017

Tim Cook ဘောင်းဘီအိတ်ထဲက ဖုန်းက iPhone 8 လား?

visibility 29500 Views

                Apple က iPhone 8 ကို တရားဝင် မမိတ်ဆက်ရသေးပေမယ့်၊ CEO Tim Cook ကတော့ အခုကတည်းက iPhone 8 ကို ကိုင်နေတဲ့ပုံပါပဲ။

                Apple CEO Tim Cook တစ်ယောက် Cincinnati မှာရှိတဲ့ ထုတ်လုပ်ရေးစက်ရုံတစ်ရုံကို အလည်အပတ်သွားတုန်းက ရိုက်ထားတဲ့ဓာတ်ပုံကို Twitter မှာ တင်ပြီးနောက်မှာ၊ ဒီဓာတ်ပုံကိုမြင်လိုက်သူတိုင်းက Tim Cook ဘောင်းဘီအိတ်ထဲက ဖုန်းက ဘာဖုန်းဖြစ်မလဲဆိုတာကိုပဲ စိတ်ဝင်စားနေကြပါတယ်။

                Tim Cook ညာဘက်ဘောင်းဘီအိတ်ကပ်ထဲကဖုန်းဟာ ဒီတိုင်း အမြင်နဲ့ကြည့်မယ်ဆိုရင်တောင် တော်တော်ရှည်နေတဲ့အတွက် iPhone 7 လုံးဝမဖြစ်နိုင်သလို၊ 7 Plus လို့ ဆိုရအောင်ပြန်လည်း ဖုန်းအနံက အနည်းငယ်ကျဉ်းနေတာကို သတိထားမိမှာပါ။

                Tim Cook ရဲ့ အရပ် ၆ ပေ ၃ လက်မနဲ့ အခုဓာတ်ပုံထဲက ဖုန်းအရွယ်အစားကို BGR ကနေ နှိုင်းယှဉ်တွက်ချက်ထားချက်အရ  အဆိုပါဖုန်းဟာ Dimensions အနေနဲ့ အရှည် 156 mm နဲ့ အနံ 74 mm ရှိနိုင်တယ်လို့ ဆိုပါတယ်။ iPhone 7 ( 138.3 mm x 67.1 mm ) နဲ့ iPhone 7 Plus ( 158.2 mm x 77.9 mm) တို့နဲ့ယှဉ်ရင် မီလီမီတာ နည်းနည်းကွာနေတာကြောင့် BGR ကတော့ Tim Cook ဘောင်းဘီအိတ်ထဲကဖုန်းဟာ iPhone 8 လို့ တထစ်ချ ဆိုနေပါတယ်။


                Concept တွေ ထွက်နေတဲ့ iPhone 8 ဒီဇိုင်းတွေအရဆိုရင်လည်း iPhone 8 မှာ ဘေးဘောင်တွေ မပါဝင်တော့ဘဲ စခရင်အပြည့်ဖြစ်လာနိုင်တာကြောင့် ဖုန်းက အနံပိုကျဉ်းသွားနိုင်တာကို ခန့်မှန်းကြည့်မယ်ဆိုရင် အခုဓာတ်ပုံထဲက ဖုန်းပုံစံအရွယ်အစားနဲ့ တော်တော်လေးကိုက်ညီနေတာကို သတိထားမိတဲ့လူတွေလည်း ရှိနေပါတယ်။


                Mobile Carrier တွေဆီကနေ သိရှိရတဲ့ သတင်း အရဆိုရင် Apple အနေနဲ့ iPhone 8 ကို အခုလာမယ့် စက်တင်ဘာလ (၁၂) ရက်နေ့မှာ မိတ်ဆက်မှာဆိုတော့ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ အဲ့နေကျရင်တော့ တရားဝင် သိရမှာပါ။ 

References
BGR
About Author
Assinged Tags
iPhone Tim Cook iPhone 8 related news Apple iPhone 8
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed