Redmi Note 5A ကို သြဂုတ်လ ၂၁ ရက်နေ့မှာ မြင်တွေ့ရတော့မည်

date_range 17 August 2017

Redmi Note 5A ကို သြဂုတ်လ ၂၁ ရက်နေ့မှာ မြင်တွေ့ရတော့မည်

visibility 1460 Views

                Xiaomi မှ Redmi Note 5A ကို သြဂုတ်လ ၂၁ ရက်နေ့မှာ တရား၀င်မိတ်ဆက်ပေးသွားတော့မယ်လို့ သိရှိရပါတယ်။ ဒီလိုမျိုး တရား၀င်မိတ်ဆက်ပေးတော့မယ်ဆိုတာကို Xiaomi ရဲ့ စာနယ်ဇင်းဖိတ်ကြားလွှာမှ သိရှိခဲ့ရတာဖြစ်ပါတယ်။ Xiaomi ရဲ့ CEO ကိုယ်တိုင် ဒီ Redmi Note 5A အတွက် ဓာတ်ပုံအချို့ကို အင်တာနက်ပေါ်မှာ ပြသခဲ့တာဖြစ်ပါတယ်။


                ယခုထွက်ရှိလာမယ့် Xiaomi ရဲ့ Redmi Note 5A မှာ ၅.၅ လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီး 720p Resolution ထောက်ပံ့ပေးနိုင်တဲ့ LCD Display Panel ပါ၀င်လာမှာဖြစ်ပါတယ်။ Variant နှစ်မျိုးထွက်ရှိလာမှာဖြစ်ပြီး Snapdragon 425 SoC အသုံးပြုထားတဲ့ Model မှာ RAM 2GB/Internal Storage 16GB နဲ့ Snapdragon 430 SoC အသုံးပြုထားတဲ့ Model မှာတော့ RAM 3GB/Internal 32GB အနေနဲ့ ထွက်ရှိလာမယ်လို့ သိရှိရပါတယ်။

                Camera အနေနဲ့ကတော့ Snapdragon 430 အသုံးပြုထားတဲ့ Model မှာ 16MP Rear Camera နဲ့ 13MP Front Camera ပါ၀င်လာမှာဖြစ်ပြီး၊ Snapdragon 425 ကိုအသုံးပြုထားတဲ့ Model မှာတော့ 13MP Rear Camera နဲ့ 5MP Front Camera အသီးသီးပါ၀င်လာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ USD $150 ခန့်ကနေ စတင်ရောင်းချသွားဖို့ရှိတယ်လို့လည်း သိရှိရပါတယ်။

References
GSM Arena
About Author
Assinged Tags
Xiaomi Android Smartphones Redmi Redmi 5A 5A Redmi Note 5A Xiaomi Redmi
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed