Samsung Bixby Assistant ကို တစ်ကမ္ဘာလုံးတွင် စတင်အသုံးပြုနိုင်ပြီဖြစ်

date_range 23 August 2017

Samsung Bixby Assistant ကို တစ်ကမ္ဘာလုံးတွင် စတင်အသုံးပြုနိုင်ပြီဖြစ်

visibility 1260 Views

                လက်ရှိ Samsung Galaxy S8 မှာပဲ ပါဝင်သေးတဲ့ Samsung ရဲ့ကိုယ်ပိုင် Voice Assistant ဖြစ်တဲ့ Bixby ဟာ Samsung Galaxy S8 နဲ့အတူ ထွက်ရှိလာတာဖြစ်ပေမယ့်၊ စထွက်ထွက်ချင်းမှာ အသုံးပြုလို့မရခဲ့ပါဘူး။ မြန်မာနိုင်ငံက Galaxy S8/S8+ တွေအနေနဲ့လည်း Bixby ရဲ့ Function တချို့သာ သုံးလို့ရခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လမှာတော့ US က အသုံးပြုသူတွေအနေနဲ့ Bixby ရဲ့ Feature တွေအကုန်လုံးကို စတင်အသုံးပြုနိုင်ခဲ့ပြီး၊ အခုအခါ တစ်ကမ္ဘာလုံးမှာလည်း Feature အပြည့် အသုံးပြုလာနိုင်ပြီလို့ သိရပါတယ်။

                ယခုအချိန်မှာတော့ Samsung Bixby Assistant ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံ ၂၀၀ ကျော်မှာ စတင်အသုံးပြုလို့ရနေပါပြီ။ အခုလိုရရှိလာတာဟာ မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်တော့မယ့် Samsung Galaxy Note 8 မထွက်လာခင်၊ အမီဖြစ်အောင် ထုတ်ပေးလိုက်တာလို့ ခန့်မှန်းရပါတယ်။ နိုင်ငံ ၂၀၀ ကျော်မှာ အသုံးပြုနိုင်ပြီဖြစ်ပေမယ့်လည်း ဘာသာစကားအနေနဲ့ကတော့ English နဲ့ Korean ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်အချိန်အနည်းငယ်ကြာရင်တော့ အခြားဘာသာစကားတွေပါ ရရှိနိုင်ပါလိမ့်မယ်။ 

                Samsung ရဲ့ Bixby Assistant ရှိနေပေမယ့်လည်း Galaxy S8/S8+ ဖုန်းတွေမှာ Google Assistant ကိုလည်း ပုံမှန်အတိုင်းအသုံးပြုနိုင်နေဦးမှာဖြစ်ပြီး Samsung ရဲ့ အဆိုအရတော့ Bixby Assistant ဟာ ဖုန်းကို ပိုပြီးခိုင်းစေမှုတွေပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ 

                တကယ်လို့ Samsung Galaxy S8/S8+ ဖုန်းကို ကိုင်ဆောင်နေတဲ့သူတွေရှိတယ်ဆိုရင် System Update မှာ Bixby ကို Update ပြုလုပ်ပြီးတာနဲ့ Bixby Button ကို နှိပ်ပြီးပဲဖြစ်ဖြစ်၊ "Hi, Bixby" လို့ပြောပြီးပဲဖြစ်ဖြစ် စတင်အသုံးပြုစမ်းသပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ 


References
GSM Arena
About Author
Assinged Tags
Samsung Digital Assistant Smartphones Samsung Galaxy S8 Bixby Samsung Bixby Galaxy S8 and S8+ Bixby Assistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed