MPT မှ တန်ဖိုးနည်း 4G စမတ်ဖုန်းအသစ် မိတ်ဆက်

date_range 18 March 2017

MPT မှ တန်ဖိုးနည်း 4G စမတ်ဖုန်းအသစ် မိတ်ဆက်

visibility 1870 Views

                အရင်က M40 နဲ့ M50 ဖုန်းအမျိုးအစားများကို ထုတ်လုပ်ထားတဲ့ MPT ဟာ ယနေ့မှာတော့ နောက်ထပ်မော်ဒယ်အသစ်ဖြစ်တဲ့ M50A စမတ်ဖုန်း ကိုမိတ်ဆက်ခဲ့ပါတယ်။

                M50A ဟာ MPT ရဲ့ 4G ကွန်ရက်အသုံးပြုနိုင်တဲ့ တန်ဖိုးနည်း Android စမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ မြန်မာငွေကျပ် ၈၉,၀၀၀ ပဲ ကျသင့်မှာပါ။

                အရင်မော်ဒယ် M50 ဖုန်းထက် ဒီဇိုင်းပိုလှသွားပြီး၊ ၅ လက်မအကျယ် HD 2.5D curved glass touchscreen display နဲ့ဖြစ်ပါတယ်။ CPU ကတော့ 1.2GHz Quad-Core Processor ဖြစ်တယ်လို့သာ ဖော်ပြထားပြီး၊ Processor နာမည်တော့ မဖော်ပြထားပါဘူး။


                MPT-KSGM Joint Operation ရဲ့ Chief Commercial Officer ဖြစ်တဲ့ Mr. Koichi Kawase က

“MPT အမှတ်တံဆိပ် စမတ်ဖုန်းစီးရီးထဲကို နောက်ထပ်မော်ဒယ်တစ်မျိုး ထပ်မံထည့်သွင်းလိုက် နိုင်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ M50A က ဈေးနှုန်းအားဖြင့် အတော်လေးသက်သာရုံမက အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းပဲဖြစ်ပါတယ်။ ခုရော နောင်မှာပါ MPT ရဲ့ ကျယ်ပြန့်ပြီး မြန်ဆန်တဲ့ 4G ကွန်ရက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ဦးမှာပါ”

                လို့ ဆိုပါတယ်။

                Telecom ကုမ္ပဏီတွေက ရောင်းချတဲ့ စမတ်ဖုန်းတွေထုံးစံအတိုင်း ဒီ M50A ဖုန်းကို ဝယ်ယူမယ်ဆိုရင် ဝယ်ယူပြီးသည့်နေ့မှ ၆ လတိုင်တိုင် လစဉ်သုံး ဒေတာအပိုဆု 2.5GB ရရှိနိုင်တဲ့ MPT ဆင်းမ်ကတ်တစ်ကတ်ကို လည်းပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

                တန်ဖိုးနည်းဖုန်းဆိုပေမယ့်၊ 4G အသုံးပြုနိုင်တာ၊ Android 6.0 Marshmallow တပါတည်းပါဝင်တာတို့ကတော့ မဆိုးဘူးလို့ ပြောရမှာပါ။ တန်ဖိုးနည်းဖုန်းဆိုတဲ့အတိုင်း RAM တွေ Storage တွေတော့ များများစားစားပါရှိမှာမဟုတ်ဘဲ RAM 1GB နဲ့ Storage 8GB ပဲပါရှိမှာပါ။

                အရောင်အနေနဲ့ အဖြူရောင်ကိုပဲ စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အနက်ရောင်နဲ့ ရွှေရောင်တို့ ရနိုင်မယ်လို့လည်းသိရပါတယ်။

                M50A စမတ်ဖုန်းကို ဝယ်ယူချင်တယ်ဆိုရင် MPT အမှတ်တံဆိပ်အရောင်းဆိုင်များ၊ စူပါမိုဘိုင်းဖုန်း ဆိုင်ခွဲများနှင့် အခြားသော မိုဘိုင်းဖုန်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မည်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းရဲ့ Specifications အပြည့်အစုံကိုတော့ MPT website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

References
MPT
About Author
Assinged Tags
Smartphones Local News Local Tech News Android Smartphones MPT MPT Smartphone MPT M50A
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed