Dota 2 ရဲ့ ထိပ်တန်းကစားသမားတွေကိုတောင် အနိုင်ယူခဲ့တဲ့ Open AI Bot

date_range 14 August 2017

Dota 2 ရဲ့ ထိပ်တန်းကစားသမားတွေကိုတောင် အနိုင်ယူခဲ့တဲ့ Open AI Bot

visibility 2060 Views

                လက်တလောမှာ AI နည်းပညာဟာ အလွန်ခေတ်စားလျက်ရှိပြီး Facebook က AI Chatbot နှစ်ယောက်ကို ပိတ်ချလိုက်တဲ့သတင်း ဟာ လူစိတ်၀င်စားမှုအများအပြားရှိခဲ့ပါတယ်။ AI နည်းပညာဟာ လူသားတွေကို တဖြည်းဖြည်းကျော်လွန်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း အမြောက်အများထွက်ပေါ်လာခဲ့ပါတယ်။


                လက်ရှိအချိန်မှာတော့ Elon Musk ရဲ့ Open AI Bot ဟာ Dota 2 ရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ Syed ‘Suma1l’ Hassan နဲ့ Artour ‘Dendi’ Babaev တို့ကိုတောင် 1 Vs 1 Mid မှာ အနိုင်ယူပြသွားနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ Shadow Fiend 1 Vs 1 Mid မှာ Creep ပိတ်တာ၊ Bait လုပ်တာနဲ့ Last Hit တွေဟာ ထိပ်တန်းကစားသမားတွေထက်တောင် တိကျလျက်ရှိပြီး၊ Lane ပေါ်မှာ အခြား Player ကို ဖိအားပေးတာနဲ့ Raze (Shadow Fiend ရဲ့ Skill) သုံးတာကအစ ကွက်တိကျလွန်းပါတယ်။ 

                Dota 2 ဟာ E-Sports Competition MOBA ဂိမ်းတစ်ခုအနေနဲ့ နှစ်စဉ်နှစ်တိုင်း The International Tournament ကျင်းပပေးလျက်ရှိပါတယ်။ ယခုနှစ် The International 2017 Tournament ကို Seattle မှာကျင်းပပေးခဲ့ပြီး ဆုကြေးငွေပေါင်း ဒေါ်လာသန်း ၂၀ ကျော်ရှိပါတယ်။


                Elon Musk မှလည်း Open AI ဟာ Chess နဲ့ Go တို့လိုမျိုးဂိမ်းထက် ပိုမိုရှုပ်ထွေးလှတဲ့ Dota 2 ဂိမ်းပေါ်က ထိပ်တန်းကစားသမားတွေကိုတောင် အနိုင်ယူပြနိုင်ခဲ့တယ်ဆိုပြီးတော့လည်း Tweet တစ်ခုတင်ခဲ့ပါသေးတယ်။

                တကယ်လည်း Dota 2 ဟာ Chess နဲ့ Go တို့ထက် ပိုမိုရှုပ်ထွေးပြီး အလှည့်ကျဆော့ရတာမျိုးမဟုတ်ပဲ Real-Time Strategy အနေနဲ့ ကစားရတဲ့ဂိမ်းတစ်ခုဖြစ်နေတာကြောင့် Open AI အပေါ် Elon Musk မှ အမွှမ်းတင်နေတာဟာလည်း မှားမယ်မထင်ပါဘူး။

                အနာဂတ်မှာ AI တွေဟာ စွမ်းဆောင်ရည်ပိုကောင်းမွန်လာမလားဆိုတာကိုတော့ အတိအကျမသိရှိသေးပေမယ့် Dota 2 ထိပ်တန်းကစားသမားတွေကိုတောင်မှ အနိုင်ရယူခဲ့ရလောက်အောင် စွမ်းတဲ့ Open AI ကိုတော့ မျက်မြင်ကိုယ်တွေ့  တွေ့မြင်ခဲ့ရပါပြီ။ 

                Open AI Bot ကိုလည်း နောက်နှစ် The International မှာ 5 Vs 5 ဆော့ကစားရစေမယ်လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။ (အောက်ကဗီဒီယိုမှာတော့ Dendi နဲ့ Open AI တို့ The International Tourmanet မှာ 1 Vs 1 ကစားသွားတာကို ကြည့်ရှုနိုင်ပါတယ်)


References
Gadgets 360
About Author
Assinged Tags
Dota 2 Bot Open AI The International The International 2017 TI7 AI Bot MOBA Games E-Sports Competitive MOBA
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed