StarLadder i-League Season 3 မှာဗိုလ်စွဲသွားတဲ့ Team Liquid

date_range 27 February 2017

StarLadder i-League Season 3 မှာဗိုလ်စွဲသွားတဲ့ Team Liquid

visibility Views

                StarLadder i-League Season 3 ရဲ့ Grand Final မှာတော့ Team Liquid ဟာ VG.J နဲ့အကြိတ်အနယ် ယှဥ်ပြိုင်ခဲ့ပြီး Champions ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီ့အပြင်၊ လာမယ့် “Kiev Major” ကိုလည်း Direct Invite အလုပ်ခံရနိုင်ချေရှိပါတယ်။

                ဒီ Grand Final မှာ Liquid က VG.J ကို ၃ ပွဲ၊ ၁ ပွဲဖြင့် အနိုင်ယူသွားခဲ့ပြီး၊ ပွဲတစ်ပွဲချင်းစီကလည်း အသက်ရှုမှားနိုင်တဲ့ Battle တွေနဲ့ ပြည့်နေပါတယ်။ တစ်ပွဲခြင်းစီရဲ့ Pick/Ban လေးတွေနဲ့ ဘယ်ပွဲကို ဘယ်အသင်းကနိုင်သွားလည်း ဆိုတာကို အောက်မှာဓာတ်ပုံများနှင့်တကွ ပြသလိုက်ပါတယ်။

Game One


                ပထမပွဲမှာတော့ Durable ကောင်တွေဖြစ်တဲ့ Timbersaw, Brew Master နဲ့ Ogre Magi တို့ကို Pick ပါတယ်။ VG.J ကတော့ High Mobility ကောင်တွေဖြစ်တဲ့ Centaur နဲ့ Bounty Hunter ကို Pick သွားပြီး VG.J က အနိုင်ရရှိခဲ့ပါတယ်။

Game Two


                ဒုတိယပွဲအတွက်တော့ Liquid က Centaur ကို Pick လိုက်ပြီး၊ Miracle အတွက်ကတော့ သူ့ရဲ့ Signature Hero ဖြစ်တဲ့ Invoker ကို Pick ပေးလိုက်ပါတယ်။ VG.J ကတော့ Lifestealer ကိုပဲထပ် Pick ခဲ့ပြီး Sladar နဲ့ Combo တွဲပေးခဲ့ပါတယ်။ Liquid က Enigma ကို Last Pick လုပ်ခဲ့ပြီး Kuroky ရဲ့ Black Hole ကြောင့်ပဲ VG.J ဟာ ၂၄ မိနစ်နဲ့ GG ခေါ်ခဲ့ရပါတယ်။

Game Three


                VG.J က Juggernaut နဲ့ Magnus ကို Combo တွဲသွားခဲ့ပြီး ဒီအတွဲဟာ OG နဲ့ပွဲတုန်းက အနိုင်ရခဲ့တဲ့ Combo လည်းဖြစ်ပါတယ်။ Liquid ကတော့ Map Vision နဲ့ Mobility ကောင်းကောင်းပေးနိုင်မယ့် IO, Beastmaster နဲ့ Ember Spirit တို့ပါဝင်တဲ့ Combo ကို Pick ခဲ့ပါတယ်။ ဒီပွဲကိုတော့ Liquid က Hit and Run Tactics ကိုသုံးပြီး ရန်သူ့ Base ကို Rat လုပ်ရင်းနဲ့ အနိုင်ယူခဲ့ပါတယ်။

Game Four


                လေးပွဲမြောက်မှာ First Pick ရတဲ့ Liquid ဟာ Centaur ကို Pick ခဲ့ပြီး၊ VG.J ကတော့ Centaur ကို Counter လုပ်ဖို့အတွက် Keeper နဲ့ Storm ကို Combo တွဲပေးခဲ့ပါတယ်။ ဒီပွဲမှာတော့ VG.J က Team Fight နဲ့ Sustainability ကို ဦးစားပေး Pick ပြီး၊ Liquid ကတော့ Split Push နဲ့ Sustainability ကို ဦးစားပေးခဲ့ပါတယ်။ ၃၇ မိနစ်မှာတော့ VG.J က GG ခေါ်ခဲ့ပါတယ်။

ပွဲတွေအားလုံးရဲ့ Replay ကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Part One


Part Two


References
Gosu Gamers
About Author
Assinged Tags
Gaming News Dota 2 Team Liquid VG.J
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed