Supercell ရဲ့ MOBA မိုဘိုင်းဂိမ်းအသစ် "Brawl Stars"

date_range 01 July 2017

Supercell ရဲ့ MOBA မိုဘိုင်းဂိမ်းအသစ် "Brawl Stars"

visibility 420 Views

                Supercell ဟာ မြန်မာနိုင်ငံမှာသာမက နိုင်ငံအနှံ့အပြားမှာ Clash Of Clans, Clash Royale, Bomb Beach, HayDay အစရှိတဲ့ Mobile Game တွေကြောင့် နာမည်ကြီးနေတဲ့ Company တစ်ခုလို့ ဆိုနိုင်ပါတယ်။ Supercell ဟာ Game တွေကိုအများကြီးမထုတ်ပဲ ကောင်းမွန်တဲ့ Gameplay တွေနဲ့ Quality ကို အဓိကအားစိုက်ပြီးထုတ်လုပ်ခဲ့သလို၊ Player တွေနဲ့အဆက်မပြတ်ပဲ Game တွေကိုလည်း အမြဲ Update လုပ်ပေးနေမှုတွေကြောင့် Player တွေ အကြိုက်တွေ့ရတယ်ဆိုလဲ မမှားပါဘူး။

                ယခုအခါမှာတော့ Supercell က သူတို့ရဲ့ နောက်ဆုံး Game အသစ်ဖြစ်တဲ့ “Brawl Stars” ကို ဂျွန်လ ၁၄ ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ Gameplay အမျိုးအစားကတော့ ယခုခေတ်ရေပန်းစားနေတဲ့ MOBA(Multiplayer Online Battle Arena) Game အမျိုးအစားဖြစ်ပြီး၊ တစ်ဖွဲ့ကို Player 3 ဦးစီ၊ 3 vs 3 ဆော့ရမှာဖြစ်ပါတယ်။


                မိုဘိုင်းပေါ်က အခြား MOBA Game တွေနဲ့ မတူတာတစ်ခုက BrawlStars ဟာ Landscape မဟုတ်ပဲ Portrait အနေနဲ့ ဖုန်းကိုထောင်ပြီးကစားရခြင်းပဲဖြစ်ပါတယ်။ Global အနေဖြင့် မဖြန့်ချိသေးပေမယ့် iOS အတွက် Soft Launch အနေနဲ့ Canada နိုင်ငံ App Store မှာ Download ရယူနိုင်မှာဖြစ်တဲ့အတွက်၊ Canada က iOS user တွေပဲ လက်ရှိကစားနိုင်ဦးမှာပါ။


                Game mode များအနေနဲ့ Bounty,Heist,Showdown ဆိုပြီး ၃မျိုးထည့်သွင်းထားပြီး၊ လက်ရှိမှာ player များကစားနိုင်တဲ့ character 15 ယောက် ပါဝင်ပါတယ်။ တစ်ဦးချင်းစီရဲ့ Special Ability များကိုလည်း မိတ်ဆက်ပေးထားပြီးဖြစ်ပြီး၊ နာမည်ကြီး Game Streamer တွေကိုလည်း ဖိတ်ခေါ်ပြီး ဆော့ကစားစေခဲ့သောကြောင့် ကမ္ဘာအနှံ့အပြားက Mobile Player များရဲ့ စိတ်ဝင်စားမှုမြင့်နေတဲ့ ဂိမ်းတစ်ခုလို့ ဆိုရမှာပါ။

                အရင်ထွက်ခဲ့တဲ့ Game တွေလိုပဲ အသင်းအဖွဲ့များနဲ့ကစားနိုင်ဖို့အတွက် Clan တွေလိုပဲ “Band” လို့ခေါ်တဲ့ အဖွဲ့များဖွဲ့စည်းနိုင်ပါမယ်။ In-Game အသုံးပြုရန် Currency များအနေနဲ့ Coins, Gem, Elixir နဲ့Chips ဆိုပြီး ၄မျိုးပါဝင်လာမယ်လို့သိရပါတယ်။

                နောက်ထွက်ရှိလာမယ့် Brawl Stars Game ဟာ လက်ရှိ မြန်မာလူငယ်တွေ အဆော့များနေကြတဲ့ မိုဘိုင်း MOBA Game တွေကို စွန့်ခွာနိုင်လောက်အောင် ဆွဲဆောင်နိုင်မလား၊ အရင်ထွက်ရှိခဲ့တဲ့ Game တွေထက် ပိုပြီးအောင်မြင်မှုများရနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

                Brawl Stars ကို လက်ရှိအချိန်မှာ Global အနေနဲ့ ဖြန့်ချိမယ့်ရက်ကို အတိအကျကြေငြာရခြင်းတော့ မရှိသေးပါဘူး။ Soft Launch ကာလအတွင်းမှာ ကစားပွဲတွေ၊ Balance Update တွေ၊ကစားရမယ့် Character တွေအကြောင်းကို လေ့လာချင်ရင် BrawlStars ရဲ့ တရားဝင် Facebook Page ၊ Youtube Channel တွေမှာ လေ့လာနိုင်ပါတယ်။

This Article is Contributed by SkyeJasper
References
Brawl Stars Facebook Page
About Author
Assinged Tags
Android iOS Android Games iOS Games Mobile Game Supercell MOBA Games Brawl Stars
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed