Riot Games မှ တရားစွဲဆိုတယ်ဆိုတာ မဟုတ်မှန်ကြောင်း တရား၀င်ကြေညာချက်ထုတ်ပြန်လိုက်တဲ့ Moonton

date_range 12 July 2017

Riot Games မှ တရားစွဲဆိုတယ်ဆိုတာ မဟုတ်မှန်ကြောင်း တရား၀င်ကြေညာချက်ထုတ်ပြန်လိုက်တဲ့ Moonton

visibility 840 Views

                Mobile Multiplayer Online Battle Arena (MOBA) ဂိမ်းထဲမှာ Popular အဖြစ်ဆုံး Mobile Legends: Bang Bang ဟာ League of Legends မှ Terrain, Map နဲ့ အခြား Hero ပုံစံတွေကို Copy ကူးယူထားတာကြောင့် League of Legends ဂိမ်း Developer ဖြစ်တဲ့ Riot Games မှ တရားစွဲဆိုခဲ့တယ်လို့ ကောလဟာလတွေ ထွက်ရှိခဲ့ပါတယ်။ 

                League of Legends ဟာ PC MOBA ဂိမ်းတစ်ခုဖြစ်တဲ့အပြင် E-Sports Tournament တွေလည်းပြုလုပ်ပေးလျှက်ရှိပြီး Player ပေါင်း 15 Millions ကျော်ရှိတဲ့ Gaming Community တစ်ခုဖြစ်ပါတယ်။ Mobile Legends ဟာ E-sport Tournament တွေမပြုလုပ်သေးပေမဲ့ Players ပေါင်း 6 Millions ကျော်ရှိတဲ့ Mobile MOBA Community တစ်ခုလည်းဖြစ်ပါတယ်။


                Mobile Legends ရဲ့ Developer ဖြစ်တဲ့ Moonton ဟာဆိုရင်တော့ သူတို့ရဲ့ Official Facebook Page မှာပဲ Copyright ကြောင့်တရားစွဲဆိုခံရတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရလည်း Mobile Legends မှာ ကိုယ်ပိုင် Copyright ကို နိုင်ငံအတော်များများမှာ Register ပြုလုပ်ထားပြီး ကိုယ်ပိုင်မူပိုင်ခွင့်နဲ့အတူ လွတ်လွတ်လပ်လပ်ရပ်တည်နေတဲ့ Community တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

                Mobile Legends ကိုဆော့ကစားသူတွေအနေနဲ့ ဘာမှစိတ်ပူပန်စရာမရှိပဲ ဆက်လက်ဆော့ကစားနိုင်ပြီး Game ဆော့ရာမှာအဆင်ပြေချောမွေ့အောင် Gameplay Updates တွေလည်းဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီလို မဟုတ်မမှန်တဲ့သတင်းဖြန့်ကျက်တဲ့ Media တွေကိုလည်း Moonton မှ တရားဥပဒေအရ ကာကွယ်ခွင့်ရှိပြီး တရားဥပဒေဘောင်အတွင်းကပဲ ရင်ဆိုင်သွားမှာဖြစ်တယ်လို့လည်း ကြေညာချက်အရသိရှိရပါသေးတယ်။ 

References
Mobile Legends Official Facebook Page
About Author
Assinged Tags
Mobile Game Mobile Gaming Related News MOBA Games Moonton Riot Games Mobile Legends PC MOBA Mobile MOBA League of Legends
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed