ဒီပြဿနာက ကိုယ့် Apple ID ကို အခြားလူတွေအများကြီးကို ငှားရမ်းသုံးစွဲခွင့်ပေးတဲ့အခါ၊ ဒါမှမဟုတ် ကိုယ့် Apple ID Password ကို မေ့သွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ Passwords တွေ ခဏခဏ မှားရိုက်တဲ့အခါ၊ Apple က ID ကို Security ကြောင့် Lock ချလိုက်ပါတယ်။ အဲ့လို ID Locked ဖြစ်သွားခဲ့ရင် ဘယ်လိုပြန်ယူရမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။
Setting မှာ ကိုယ့် ID ကို Log In လုပ်လိုက်ရင် ပုံထဲကလို ပေါ်လာတဲ့ Unlock Account ဆိုတာကို နှိပ်ပြီး လုပ်ပြထားပါတယ်။ Safari Browser ပေါ်ကနေလည်း ပြန်လုပ်လို့ရပါတယ်။

Unlock account ဆိုတာကို နှိပ်လိုက်ရင်၊ Unlock ပြန်လုပ်ဖို့ Options နှစ်ခု တွေ့ပါလိမ့်မယ်။
Unlock By Email ကို နှိပ်ရင်၊ ကိုယ့် Apple ID ဖွင့်တုန်းက ထည့်ခဲ့တဲ့ Rescue Email ဆီကို Reset Link ပို့လိုက်ပါလိမ့်မယ်။ ကိုယ့် Rescue Mail ထဲဝင်ပြီး၊ Apple က ပို့လိုက်တဲ့ Reset Link ကို နှိပ်ပေးလိုက်ရုံနဲ့ ID ပြန်ရပါလိမ့်မယ်။
Rescue Email မမှတ်မိတာ ၊ Password မေ့နေတာဆိုရင်တော့ အောက်က Security Questions တွေကို ဖြေရမယ့် Option ကို ရွေးနိုင်ပါတယ်။ Security Questions ဖြေပြီး ပြန်ယူတဲ့ Option ကို အောက်မှာ လုပ်ပြထားပါတယ်။
ပထမဆုံး Answer Security Questions ကို နှိပ်လိုက်ပါ။

Birthday မေးပါလိမ့်မယ်။ အကောင့်ဖွင့်တုန်းက Birthday ကို ထည့်ပေးလိုက်ပါ။
ပြီးရင် Security Questions နှစ်ခုမေးပါလိမ့်မယ်။ အဲ့နှစ်ခုဖြေနိုင်ရင်ပြန်ရပါပြီ။ အဲ့ဒါကြောင့် Apple ID တစ်ခုဟာ Security Questions တွေ ၊ Birthday တွေ မှတ်မိနေဖို့ အရေးကြီးပါတယ်။ Password တစ်ခုတည်းနဲ့ လုံးဝ မလုံလောက်ပါဘူး။ ဒီအကြောင်းကို ကျနော်တို့ Apple ID တစ်ခု ဘယ်လိုဖွင့်မလဲဆိုတဲ့ ဆောင်းပါးဗီဒီယိုမှာ ပြောခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ Apple ID မဖွင့်တတ်ဘူးဆိုရင် ဒီ Link ကနေ ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဒီနေရာမှာ Security Questions တွေလဲ မမှတ်မိတော့ဘူး ၊ Rescue Email ကလဲ မေ့နေတယ်ဆိုရင်တော့ တိုင်ပတ်ပါပြီ။ လုပ်သင့်တဲ့ တစ်ခုကို အကြံပေးလိုက်ပါ့မယ်။
Apple Support App ကို အခြား ID တစ်ခုနဲ့ App Store ကနေဒေါင်းပါ။ ပြီးရင် အဲ့ App မှာ Apple က Technician တစ်ယောက်နဲ့ Live Chat လို့ရပါတယ်။ ကိုယ့် Apple ID ရဲ့ Purchased History Email တွေ ဒါမှမဟုတ် Apple ID ဖွင့်ခဲ့တုန်းက Confirmation Mail Screenshot တွေပြရင် ပြန်ရနိုင်ပါတယ်။
အခြား ID မရှိလို့ ငှားမရလို့ Apple Support App ဒေါင်းမရရင် Safari ကနေ ဒီ Link ကိုသွားပြီး အကူညီတောင်းကြည့်ပါ။ Apple Support App ကို အောက်ပါ Link ကနေလည်း Download ဆွဲနိုင်ပါတယ်။
Security Questions တွေ ဖြေနိုင်သွားရင် နောက်တစ်ဆင့်မှာ ပုံထဲကလို Unlock Account နဲ့ Unlock and Change Password ကြိုက်တာရွေးပေးပြီး၊ Unlock ပြန်လုပ်လိုက်ရင် ကိုယ့် Apple ID လေးပြန်ရပြီပေါ့။

ဒီနေရာမှာ တစ်ခုပြောစရာရှိပါတယ် Apple ID ခဏခဏ Lock ကျနေပြီး၊ နောက်ပိုင်း Your Apple ID is Disabled ဆိုပြီး ဖြစ်သွားရင်တော့ ပြန်ရဖို့က မသေချာတော့ပါဘူး။အခွင့်အရေးက 50/50 ပဲ ရှိပါတော့တယ်။
အဲ့လို ဖြစ်သွားခဲ့ရင် Mac Computer ရဲ့ Safari Browser ကနေပဲ ပြန်ယူလို့ရပါတော့မယ်။ Apple Support ကိုလဲ Purchased History Email တွေ သွားပြပြီး ပြန်ဖွင့်ခိုင်းပါ ။ ကံကောင်းရင်တော့ Disabled ID လေးပြန်ရပါလိမ့်မယ်။ Disabled ဖြစ်နေရာကနေ ပြန်ရထားတဲ့ ID လေးကို နောက်တစ်ခေါက် Public သူများတွေကို ထပ်ပေးရင်တော့ မိတ်ဆွေ Apple ID အပြီးပိုင် ဆုံးရှူံးသွားနိုင်ပါတယ်။
This Article is Contributed by Shine Htet Aung
 
             
	 
      			 
      			 
      			 
      			 
                     
                         
                         
                         
                         
                         
                             
                             
                             
                             
                             
             
             
             
             
            
Join Us On