Google Play Store Location ပြောင်းပြီး မြန်မာ Play Store မှာ မပွင့်သေးသော App များအား Download ဆွဲနည်း

date_range 02 May 2017

Google Play Store Location ပြောင်းပြီး မြန်မာ Play Store မှာ မပွင့်သေးသော App များအား Download ဆွဲနည်း

visibility 7690 Views


မိတ်ဆက်

                ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Google Play Store အတွက်  Payment Method မဖြစ်လာသေးတာရယ်၊ Google Play Redeem Card တွေလည်း မြန်မာနိုင်ငံအတွက် မရှိသေးတာရယ်ကြောင့် In-App Purchases ပါတဲ့ App အတော်များများကို ကျွန်တော်တို့ မြန်မာ Play Store မှာ Download လုပ်လို့မရတာကို အတော်များများသိကြမှာပါ။ 

                Myanmar Play Store ဆိုတာ မရှိခဲ့တဲ့အချိန်တုန်းကဆိုရင် ကျွန်တော်တို့တွေဟာ VPN ကျော်ပြီး Location တွေပြောင်းခဲ့ကြပါတယ် (ဒီနည်းလမ်းလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ တင်ဆက်ထားတဲ့ ဗီဒီယိုလေးကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်)။ အဲ့တုန်းက ပြောင်းခဲ့တဲ့နည်းက Free VPN တစ်ခုကိုဒေါင်း၊ ပြီးရင် Google Play Store ကို Clear Data လုပ်ပြီး US Play Store ကို ပြောင်းလဲတဲ့နည်း ဖြစ်ပါတယ်။

                နောက်ပိုင်း Google Play Store Update တွေမှာတော့ အထက်ပါနည်းလမ်းဟာ VPN ဖြုတ်လိုက်တာနဲ့ Myanmar Play Store ကို တိုက်ရိုက်ပြန်ရောက်သွားတာမျိုး ကြုံရပါတယ်။ ဒါကတော့ Google က Location Data တွေနဲ့အတူ Sign-In ဝင်ရောက်ခဲ့တဲ့ IP Address တွေကိုပါ Caching လုပ်ထားတာဖြစ်တဲ့အတွက် VPN ဖြုတ်လိုက်တာနဲ့ Location ကို Auto ပြန်ရောက်သွားအောင် လုပ်ထားလို့ဖြစ်ပါတယ်။

                ဒါကြောင့် User တွေအနေနဲ့ Third-Party Store တွေကို အားကိုးကြရတဲ့ အနေအထား ရောက်သွားပါတယ်။ Third-Party Store တွေရဲ့အဓိကပြဿနာကတော့ Privacy ပါ။ ကိုယ့်ရဲ့အတွင်းရေးတွေ ပေါက်ကြားစေနိုင်ပါတယ်။

                နောက်တစ်ခုက Third-Party Store တွေဟာ App Update တွေ နောက်ကျတတ်သလို Google Play Store လိုမျိုး Device ရဲ့ Architecture အပေါ် မူတည်ပြီး ကိုက်ညီမယ့်အမျိုးအစား ကိုရွေးချယ်ပေးတဲ့ Function တွေ များသောအားဖြင့် မပါဝင်ပါဘူး။ မကိုက်ညီတဲ့ App ကို Download ဆွဲမိပြီး Data ဆုံးရှုံးရတဲ့ ပြဿနာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

                နောက်တစ်ချက်ကတော့ Server တွေပါ။ များသောအားဖြင့် Third-Party Store တွေဟာ ကိုယ်ပိုင်ဆာဗာအပေါ် အခြေခံတာဖြစ်တဲ့အတွက် Google Play Store လောက် Traffic Management က မငြိမ်ပါဘူး။ ပြန်ပြုတ်ကျတာ၊ Download ဆက်ဆွဲမရတာ၊ စတဲ့ပြဿနာတွေ အများကြီး ဖြစ်နိုင်ပါသေးတယ်။

Google Play Store Location အား ပြောင်းလဲနည်း

                ဒီ Tips and Tricks ကိုမစခင် ဦးစွာပထမပြောချင်တာကတော့ ဒီနည်းဟာ VPN ခေတ္တခဏပဲ သုံးစရာလိုတာမှန်ပေမဲ့ ကိုယ့် Device ကို Reboot ချတဲ့အခါမျိုး၊ Caches တွေ Clean လိုက်တဲ့အခါမျိုးဆိုရင်တော့Myanmar Play Store ကိုပဲ ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

                ဒါပေမယ့် Cache တွေမရှင်းမချင်း၊ Device ကို Reboot မချမချင်း၊ Normal Connection နဲ့ပဲ ကြိုက်တဲ့ Operator၊ ကြိုက်တဲ့ WiFi သုံးပြီး VPN မလိုပဲ စိတ်ကြိုက် Download ဆွဲနိုင်ပါတယ်။

  • ပထမဦးစွာ Turbo VPN (Direct Google Play Store Link - goo.gl/W2koKY ) ကို Download လုပ်လိုက်ပါ။ (VPN မသုံးပဲလည်း Turbo VPN ကို Download လုပ်လို့ရပါတယ်။)

  • ပြီးရင် လက်ရှိသုံးနေတဲ့ Google account ကို Log-Out လုပ်လိုက်ပါ။ (ဖုန်းရဲ့ Settings ထဲမှ Other Accounts ဆိုတဲ့နေရာမှာ ကိုယ့်အကောင့်နာမည်ကိုနှိပ်ပြီး Menu (…) ကို ထပ်နှိပ်ကာ “Remove Account” ကို ရွေးလိုက်ရင်ရပါပြီ။ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Settings အထားအသို အနည်းငယ် ကွဲပြားနိုင်ပါတယ်။)

  • ပြီးရင် Turbo VPN app ကိုဖွင့်လိုက်ပါ။ Ads တွေပေါ်လာရင် ခေတ္တစောင့်ပေးပါ။


  • ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ပေါ်လာပြီဆိုတာနဲ့ ညာဘက် အပေါ်ဆုံးထောင့်က ကမ္ဘာလုံးပုံလေးကိုရွေးပေးပါ။

  • ရွေးပြီးလို့ အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် United States ကိုရွေးလိုက်ပါ။ ရွေးပြီးတာနဲ့ သူ့ဘာသာ တန်း Connect သွားပါလိမ့်မယ်။


  • အပေါ်မှာပြထားတဲ့ပုံအတိုင်း Connected ဆိုရင်တော့ စသုံးလို့ရပါပြီ။ VPN ချိတ်ဆက်သွားပါပြီ။

  • ပြီးတာနဲ့ Google Play Store App ကို နှိပ်လိုက်ပါ။ Log-In ပြန်ဝင်ပေးပါ။ Gmail Username နဲ့ Password တွေကိုတော့ သိရပါမယ်။ ဖုန်းနဲ့ Two-Steps Verification ခံထားတယ်ဆိုရင် SMS နဲ့ပါ Verify ပြန်လုပ်ပေးရပါမယ်။ ဝင်ပြီးပြီဆိုတာနဲ့ US Play Store စတင်ပေါ်လာပါပြီ။ Paid Apps တွေမြင်ရပါပြီ။ Free Games တွေကလည်း ခါတိုင်းထက်ပိုပြီး များပြားလာပါပြီ။ ရွေးချယ်စရာတွေလည်း အများကြီးတွေ့ရမှာပါ။

  • US Play Store ပေါ်လာတာနဲ့တစ်ပြိုင်နက်တည်း Turbo VPN App ထဲပြန်သွားပြီး Disconnect လုပ်လို့ ရပါပြီ။ VPN သုံးစရာ မလိုတော့ပါဘူး။ အခုဆိုရင် US Play Store ပေါ်မှာပဲ စိတ်ကြိုက် Clash of Royale လား? Clash of Clans လား? Mobile Legends လား? Age of Wushu, Asphalt 8, Dead Trigger အစရှိတဲ့ Free Games တွေကို စိတ်ကြိုက် Download ဆွဲနိုင်ပါပြီ။

                စာကြွင်းအနေနဲ့ ဟိုးအပေါ်ဆုံးက ပြောထားတဲ့အတိုင်း Reboot လုပ်တာပဲဖြစ်ဖြစ် Cache တွေရှင်းမိတာပဲဖြစ်ဖြစ် Myanmar Play Store ပြန်ရောက်သွားပြီဆိုရင် ဒီနည်းကိုပဲ အစအဆုံးတစ်ခေါက် ပြန်လုပ်ပေးတာနဲ့ US Play Store ကို ပြန်ရောက်မှာဖြစ်ပါတယ်။

                ဒီနည်းက VPN ချိတ်ပြီး Google Play Store Clear Data လုပ်တာနဲ့ ဘာကွာသလဲဆိုရင် VPN ဖြုတ်ပြီးတာတောင်မှ US Play Store ပေါ်မှာ ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ VPN ကို အချိန်ကြာကြာသုံးမယ်ဆိုရင်တော့ Data ဆွဲတာများတာကြောင့် ခဏလောက်ပဲသုံးစွဲတာ ပိုကောင်းပါတယ်။

                အကယ်လို့ အထက်ပါ How To ကိုမရှင်းဘူးဆိုရင် ကျွန်တော်တို့ TechX Myanmar ရဲ့ Facebook Page ကနေ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

References
TechX HowTo
About Author
Assinged Tags
Google Android Download App Download Google Play Store VPN Tips and Tricks
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed