4K HD Visuals Support ပါဝင်တဲ့ Age of Empires: Definitive Edition စတင်ရောင်းချပေးမယ့် ရက်အတိအကျကို ကြေငြာလိုက်တဲ့ Microsoft Studio

date_range 23 January 2018

4K HD Visuals Support ပါဝင်တဲ့ Age of Empires: Definitive Edition စတင်ရောင်းချပေးမယ့် ရက်အတိအကျကို ကြေငြာလိုက်တဲ့ Microsoft Studio

visibility 320 Views

                ၁၉၉၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မူလ Age of Empires ဂိမ်းဟာ ၂၀၁၇ ခုနှစ်မှာ နှစ် ၂၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ မူလ Age of Empires ဂိမ်းကို ပြန်လည်ပြုပြင်ထားတဲ့ Age of Empires: Definitive Edition ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ကျရင် ထုတ်ပေးသွားမယ်လို့ E3 2017 မှာ Microsoft က ကြေငြာခဲ့ပါတယ်။

                ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်အတွက် ထုတ်လုပ်ခဲ့တဲ့ Age of Empires: Definitive Edition ဟာ နှစ် ၂၀ ပြည့်ခဲ့တဲ့နှစ်ထဲမှာ ဂိမ်မာတွေလက်ထဲ ရောက်မလာခဲ့ပါဘူး။ Microsoft က Developer တွေ အနေနဲ့ စိတ်ကြိုက် ထပ်မံပြင်ဆင်ပြီးတဲ့ အချိန်မှာတော့ ဂတိပေးထားခဲ့တဲ့ရက်ကို ကျော်လွန်သွားပြီ ဖြစ်ပေမယ့်လည်း Age of Empires: Definitive Edition ကို ဒီနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကျရင် ထုတ်ပေးသွားမယ်လို့ ထပ်မံ ကြေငြာလိုက်ပြန်ပြီ ဖြစ်ပါတယ်။


                ဒီ Age of Empires: Definitive Edition ဂိမ်းကို ကန်ဒေါ်လာ ၁၉.၉၉ ဒေါ်လာနဲ့ Windows Store တစ်ခုတည်းမှာပဲ ဝယ်ယူလို့ရမှာ ဖြစ်ပြီး Pre-order စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒီ Definitive Edition မှာ Microsoft အနေနဲ့ မူလ Age of Empires ဂိမ်းမှာတုန်းက ရှိနေခဲ့တဲ့ အားနည်းချက်တွေကို ပြင်ဆင်ပေးခဲ့တာဖြစ်ပြီး Gameplay Experience ပိုင်းကို ပိုမိုကောင်းမွန် ပြည့်စုံစေဖို့အတွက် 4K HD Visuals Support ပေးထားပြီး Game တစ်ခုလုံးကို မူရင်းအရသာမပျက်စေပဲ ပိုပြီးအနုစိတ် လှပကျစ်လျစ်လာအောင် ပြုလုပ်ပေးထားပါတယ်။

 

                အဲ့ဒါအပြင် Campaign တစ်ခုစီအလိုက်ပါဝင်တဲ့ Soundtrack တွေအကုန်လုံးကို ပြန်လည် အသံသွင်းထားခြင်း၊ Gameplay Bugs တွေကို ပြင်ဆင်ထားခြင်း၊ စတာတွေအပြင် UI ကိုလည်း Modernized ပြန်လုပ်ထားတယ်လို့ သိရပါတယ်။ နောက်ပြီး Online Multiplayer အထောက်အပံ့အနေနဲ့ Xbox Live ကိုပါ ထည့်သွင်းပေးထားပြီး Achievements တွေအားလုံးကို Xbox Live ကနေတစ်ဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Rise of Rome Expansion Pack လည်း ပါဝင်ဦးမှာဖြစ်ပြီး လူမျိုးစု ၁၆ စု ကစားနိုင်မှာ ဖြစ်သလို Campaign အနေနဲ့လည်း နောက်ထပ် ၁၀ ခု ထပ်မံ ထည့်သွင်းပေးထားပါတယ်။


                Core Gameplay Improvement အနေနဲ့ Unit တစ်ခုချင်းစီအလိုက် Command ပေးလို့ရတဲ့ Attack Move၊ Group Command တစ်ခုဖြစ်တဲ့ Unit Queuing စတဲ့ Basic Move တွေအပြင် Single or Group Command မှာ Pathfinding လုပ်တာတွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပေးတဲ့အတွက် Unit တွေကို Command ပေးတဲ့အခါမှာ အလုပ်မရှုပ်တော့ပဲ သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။


                နောက်ပြီး Battle ဆိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့တပ်၊ မြို့ထဲမှာရှိနေတဲ့ Unit တွေကို ကောင်းကောင်း Control လုပ်ပြီး ကစားနိုင်စေဖို့အတွက် Screen အပြည့်လုံး မြင်ရနိုင်မယ့် Zoom Feature အသစ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ အဲ့ဒီ အားသာချက်ကြောင့် ကိုယ့် Unit တွေကို တိုက်ခိုက်ဖို့အတွက်ပဲဖြစ်ဖြစ်၊ နေရာရွှေ့ချင်လို့ပဲဖြစ်ဖြစ် လိုအပ်သလို အလျှင်အမြန် Select လုပ်နိုင်မှာ ဖြစ်ပါတယ်။

                ဒါ့အပြင် Mission တစ်ခုချင်းစီအလိုက် Campaign Narration တွေလည်း ထည့်သွင်းပေးထားပြီး ထပ်မံအားဖြည့်ပေးထားတဲ့ Campaign နဲ့ Scenario Editor ကြောင့် Online ကစားတဲ့အခါ Gameplay ကို Original Custom Campaigns တွေ ပုံစံတွေအတိုင်း ပြောင်းလဲကစားနိုင်ဦးမှာ ဖြစ်ပါတယ်။

                Age of Empires: Definitive Edition အတွက် လိုအပ်တဲ့ Hardware Requirements တွေကတော့

  • OS: Windows 10 version 14393.0 or higher required
  • Processor: 2.4 GHz i5 or greater (4 HW threads, X64 required)
  • Graphics: Nvidia GTX 650; AMD HD 5850
  • Memory: 16GB
  • Storage: 8 to 10GB 

တို့ လိုအပ်မှာပါ။

This Article is contributed by 2puu.
References
Gadgets NDTV TechAdvisor
About Author
Assinged Tags
Microsoft Game Age of Empires Age of Empires Definitive Edition PC Game
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed