4K Resolution နဲ့ ပြန်ထွက်လာတော့မယ့် 1997 Age of Empires

date_range 18 June 2017

4K Resolution နဲ့ ပြန်ထွက်လာတော့မယ့် 1997 Age of Empires

visibility 6380 Views

                Strategy ဂိမ်းတွေထဲမှာ ဂန္တဝင်ဂိမ်းတစ်ခုဖြစ်တဲ့ ပထမဆုံး Age of Empires (AoE) ဂိမ်းကို Microsoft အနေနဲ့ 4K Remasterd Edition ပြန်ထုတ်သွားမှာဖြစ်ကြောင်း E3 2017 ပွဲမှာ တရားဝင်ကြေငြာသွားခဲ့ပါတယ်။

                ကျနော်တို့အားလုံးလိုလို စွဲစွဲမြဲမြဲဆော့ခဲ့ဖူးတဲ့ AoE ဟာ ၁၉၉၇ ခုနှစ်မှာ ပထမဆုံး စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ အခု ဒီနှစ်မှာ သက်တမ်း နှစ် ၂၀ ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ Age of Empires: Definitive Edition လို့ နာမည်ပေးထားတဲ့ အခု Remasterd Edition ဟာ ပထမဆုံး ၁၉၉၇ AoE ဂိမ်းကို 4K Edition အနေနဲ့ ပြန်ထုတ်တာဖြစ်ပြီး၊ Upgrade တွေအနေနဲ့ Graphics ကို 4K Resolution အထိ မြှင့်ပေးထားကာ၊ Gamplay ပြင်ဆင်မှုအချို့၊ Orchestrator နဲ့ ပြန်တီးထားတဲ့ Soundtrack အသစ်တစ်ခုတို့ ပါဝင်လာမှာပါ။ ဒီ့အပြင် AoE: Definitive Edition မှာ Xbox Live နဲ့ Multiplayer Support , Achievements တွေလည်း ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။


                နောက်ထပ်သတင်းကောင်းတစ်ခုကတော့ အခု Definitive Edition မှာ Civilizations 16 ခုပါတဲ့ Rise of Rome Expansion Pack လည်း တပါတည်း ပါဝင်လာမှာပါ။

                Aoe: Definitive Edtion ထွက်မယ့်ရက်နဲ့ စျေးနှုန်းကို Game Developer ဖြစ်တဲ့ Forgotten Empires ဘက်က ထုတ်ပြန်ကြေငြာရခြင်းမရှိသေးပါဘူး။ သိထားသလောက်တော့ Steam ကနေတော့ ဝယ်ယူနိုင်မှာမဟုတ်ဘဲ၊ Windows Store ကနေပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် AoE Website မှာ Beta အနေနဲ့ Sign-up လုပ်ပြီး၊ Multi-player စမ်းဆော့ကြည့်နိုင်ပါတယ်။ ဂိမ်း Trailer ကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။



                Microsoft ဟာ ၁၉၉၉ ခုနှစ်က ထုတ်ခဲ့တဲ့ Age of Empires II ကိုလည်း HD Edition အနေနဲ့ ပြန်ထုတ်ထားပြီး၊ HD Edition အတွက် မကြာမီကထွက်ခဲ့တဲ့ Rise of the Rajas Expansion မှာဆိုရင် မြန်မာအပါအဝင် အရှေ့တောင်အာရှ Civilization လေးခု ပါဝင်လာပြီး၊ Villagers တွေက သက်ဆိုင်ရာဘာသာစကားနဲ့ ပြောဆိုနိုင်တာ တွေ့ခဲ့ရပါတယ်။ HD Edition ကိုတော့ Steam မှာ ရောင်းခဲ့ပေမယ့်၊ အခု 4K Definitive Edition ကိုတော့ Windows Store ကနေပဲ ရောင်းမယ်လို့ သိရပါတယ်

References
First Post The Next Web
About Author
Assinged Tags
Gaming News 4K Resolution Age of Empires Age of Empires II Age of Empires Definitive Edition PC Game
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed