ဆယ်စုနှစ်တစ်စုကျော်ကြာပြီးနောက် ပထမဆုံး ‘Age of Empires” ဂိမ်းအသစ်ကို Microsoft ကြေငြာ

date_range 22 August 2017

ဆယ်စုနှစ်တစ်စုကျော်ကြာပြီးနောက် ပထမဆုံး ‘Age of Empires” ဂိမ်းအသစ်ကို Microsoft ကြေငြာ

visibility 480 Views

                Strategy Game ကြိုက်နှစ်သက်သူတိုင်းလိုလို ဂန္တဝင်ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ထားတဲ့ “Age of Empires” ဂိမ်းအသစ် ‘Age of Empires 4’ ကို Microsoft က ဒီမနက်ပဲ မိတ်ဆက်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ Microsoft အနေနဲ့ ပြီးခဲ့တဲ့ E3 ပွဲမှာတုန်းကလည်း Original Age of Empires ကို Remastered ပြုလုပ်ထားတဲ့ “Age of Empires: Definitive Edition” ကို မိတ်ဆက်ခဲ့သေးတာကြောင့်၊ Microsoft အနေနဲ့ AoE ဘက်ကို တော်တော်အာရုံပြန်စိုက်လာပြီလို့ ဆိုရမှာပါ။

                ၂၀၀၅ ခုနှစ်မှာ Age of Empires III ထွက်ရှိပြီးနောက်၊ နောက်ထပ် AoE ဂိမ်းအသစ်ကို မထုတ်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်စုကျော် ကြာခဲ့ပါပြီ။ ဒီကြားထဲမှာ ထွက်ထားတဲ့ HD Edition တို့ Definitive Edition တို့က အရင် AoE ဂိမ်းတွေကိုပဲ Remastered လုပ်၊ ပြန်ထုတ်ထားတဲ့ဂိမ်းတွေ ဖြစ်တာကြောင့် AoE ဂိမ်းအသစ်လို့ မဆိုနိုင်တာကြောင့် အခု AoE 4 ဟာ ၂၀၀၅၊ AoE 3 ပြီးနောက် ဆယ်စုနှစ်တစ်စုကျော်ကြာပြီးတော့မှ အသစ်ထွက်လာတဲ့ AoE ဂိမ်းအသစ်လို့ ပြောနိုင်ပါတယ်။

                ၂၀၀၇ ခုနှစ်အထိ AoE Games တွေအကုန်လုံးကို ရေးဆွဲပေးခဲ့တဲ့ Developer Ensemble Studios က ဖျက်သိမ်းလိုက်ပြီဖြစ်တာကြောင့်၊ Age of Empires 4 ကို Relic Entertainment က တာဝန်ယူရေးဆွဲသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Relic ဟာ Real-Time Strategy Games တွေကို ရေးဆွဲရာမှာ နာမည်ကြီးတဲ့ Game Developer ဖြစ်ပြီး၊ Homeworld, Company of Heroes, Warhammer 40,000: Dawn of War စတဲ့ ဂိမ်းတွေကို ရေးဆွဲပေးခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ AoE 4 Publisher ကတော့ Microsoft Studios ပဲဖြစ်ပြီး၊ Windows 10 PC တွေအတွက် စတင်ရေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

                Microsoft အနေနဲ့ လောလောဆည် Age of Empires 4 ထွက်ရှိမယ့်ရက်ကို တရားဝင်ကြေငြာထားခြင်း မရှိသေးဘဲ၊ Trailer Video ပဲ ထုတ်ပေးထားပါသေးတယ်။

                Microsoft ဟာ ဒီနေ့ AoE 4 မိတ်ဆက်ရင်းနဲ့ မကြာမီက မိတ်ဆက်ထားတဲ့ “Age of Empires: Definitive Edition” ကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိသွားမှာဖြစ်ကြောင်း၊ တပါတည်း ကြေငြာသွားခဲ့ပါတယ်။



References
Polygon
About Author
Assinged Tags
Microsoft Age of Empires PC Game Age of Empires 4 AoE 4 Relic Entertainment Strategy Games Real-Time Strategy Microsoft Studios
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed