သင်ကိုယ်တိုင် သတိမထားမိဘဲ ပြုလုပ်မိနေတဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးအမှားများ

date_range 11 June 2017

သင်ကိုယ်တိုင် သတိမထားမိဘဲ ပြုလုပ်မိနေတဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးအမှားများ

visibility 900 Views

                ကျနော်တို့ နေ့စဉ် အွန်လိုင်းအသုံးပြုတဲ့အခါ ကျနော်တို့ ကိုယ်တိုင် သတိမထားမိလိုက်ဘဲ၊ Security ပိုင်းဆိုင်ရာ အမှားအယွင်းတွေကို ပြုလုပ်မိလေ့ရှိတတ်ပါတယ်။ အဲ့လို အမှားအယွင်းတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ Gmail account, Facebook account hack ခံရတာတွေ၊ နောက်ဆုံး အရေးကြီး Bank Information တွေအထိပါ ခိုးယူခံရနိုင်ပါတယ်။

                အဲ့ဒါကြောင့် အောက်ပါ Security ပိုင်းဆိုင်ရာ အမှားအယွင်းတွေကို မပြုလောက်မိအောင် ရှောင်ကျဉ်ပြီး အင်တာနက်ကို လုံခြုံစွာအသုံးပြုလိုက်ပါ။

၁။ အားနည်းတဲ့ Password တွေကို အသုံးပြုနေခြင်း 

                အားနည်းတဲ့ Password ဆိုတာက ရိုးရှင်းတဲ့ သင့်ရဲ့ မွေးနေ့၊ ဖုန်းနံပါတ် စတာတွေဖြစ်ပါတယ်။ မှတ်မိလွယ်တာမှန်ပေမယ့် အနည်းဆုံးတော့ Capital Letter, Small Letter နဲ့ Symbols တွေပါ ပါဝင်တဲ့ Password ပဲအသုံးပြုတာက စိတ်အချရဆုံးပါ။ နောက်တစ်ခုက Account တွေအများကြီးမှာ Password တစ်ခုပဲ အသုံးပြုတာပါ။ အဲ့လိုအသုံးပြုတာက တယောက်ယောက်က ကိုယ့် Password ကိုသိသွားခဲ့ရင် အခြား Account တွေကိုပါဝင်ရောက်ဖို့ လွယ်ကူသွားမှာဖြစ်ပါတယ်။ 

ပြီးတော့ ကျနော်တို့ ဒီမှာ အများဆုံးတွေ့နေရတာက ကိုယ့်ဖုန်းထဲက Gmail ကို တခြားလူတစ်ယောက်ကို လွယ်လွယ်ပေးပစ်ခြင်းပါ။ အွန်လိုင်းဂိမ်းတွေ ဆော့ဖို့ပဲဖြစ်ဖြစ်၊ ဘာအကြောင်းကြောင်းနဲ့ပဲ ဖြစ်ဖြစ် မိမိလက်ရှိသုံးနေတဲ့ Gmail ကို တခြားလူကို ပေးမသုံးသင့်ပါဘူး။ တစ်ဖက်လူက လုပ်ချင်တယ်ဆိုရင် Android Device Manager နဲ့တင် အဝေးကနေ ကိုယ့်ဖုန်းထဲက ဒေတာအကုန်ဖျက်ပစ်တာ၊ ဖုန်းကို Lock လုပ်ပစ်တာ၊ ကိုယ့် Location ကို စောင့်ကြည့်နေတာတွေ လုပ်နိုင်ပါတယ်။ တကယ်လို့ ပေးထားမိတယ်ဆိုရင်လည်း ဒီနည်းနဲ့ ပြန် ကာကွယ်နိုင်ပါတယ်။

၂။ Password Manager မသုံးခြင်း 

                ကျနော်တို့ နေ့စဉ်ဘဝမှာ အနည်းဆုံးမရှိဘူးဆိုရင်တောင် Password မှတ်မိနေဖို့လိုအပ်တဲ့ Account 3/4 ခုတော့ အနည်းဆုံးရှိကြပါတယ်။ အဲ့ဒီ Password တွေကို ကိုယ်တိုင်မှတ်ထားဖို့ထက် Password Manager တစ်ခုကို အသုံးပြုလိုက်ပြီး အဲ့ဒီ Password Manager ထဲမှာ သိမ်းထားလိုက်တာက ပိုပြီးစိတ်ချရသလို Password တွေရောကုန်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ 

                Password Manager ထဲမှာ LassPass Password Manager app က အကောင်းဆုံးလို့ပြောလို့ရပြီး ထည့်သွင်းထားတဲ့ Password တွေအကုန်လုံးကို Encrypt ပြုလုပ်ပြီး သိမ်းဆည်းထားပေးမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် တကယ်လို့မသုံးရသေးဘူးဆိုရင် စတင်သုံးစွဲသင့်ပါတယ်။ 

၃။ Two-factor Authentication ကို အသုံးမပြုခြင်း 

                2-Steps Verification လို့သိကြတဲ့ Two-factor Authentication ဟာ အမှန်တကယ် ကိုယ့် Personal Account တွေကို တခြားသူဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တဲ့ လုံခြုံရေးစနစ်ပါ။ Account ကို ဝင်ရောက်မယ့်သူက Password သိရင်တောင် ပုံမှန်ဖုံးနံပါတ်ကို ပို့တဲ့ Message ကတစ်ဆင့် (သို့) Authentication app တွေကတစ်ဆင့် Verify Code ကို ရိုက်နှိပ်ပြီးမှသာ Account ထဲဝင်ရောက်လို့ ရတာဖြစ်တဲ့အတွက် လူတိုင်းဆောင်ရွက်ထားသင့်တဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်ပါတယ်။

            Microsoft, Google, Facebook အပါအဝင် အတော်များများက Two-factor Authentication ကို Support ပြုလုပ်ပြီးတော့ မိမိရဲ့ Account Setting - Security ကနေ ပြုလုပ်လို့ရပါတယ်။ 

၄။ ကိုယ်မသိတဲ့ Online Shopping Websites တွေမှာ Visa/Master Card အသုံးပြုပြီး ဈေးဝယ်မိခြင်း 

                အခုနောက်ပိုင်း နိုင်ငံတကာ Online Shopping Websites တွေကနေ အလွယ်ဝယ်ယူလို့ရတဲ့ Visa Card, Master Card တွေအသုံးပြုမှုများပြားလာပါတယ်။ Online Payment ပြုလုပ်တာက ပုံမှန်ငွေလွှဲတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ Visa/Master Card No. ကိုပေးလိုက်ရတဲ့အတွက် Online ကနေ ပစ္စည်းဝယ်မယ်ဆိုရင် အရင်ဆုံး Website က ယုံကြည်စိတ်ချရမှုရှိမရှိဆိုတာကို အရင်စစ်ဆေးသင့်ပါတယ်။

                မဖြစ်မနေဝယ်ရမယ်ဆိုရင်လည်း Amazon, AliExpress စတဲ့ နာမည်ရ Shopping Websites တွေမှာပဲ ဝယ်ယူသင့်ပါတယ်။ 

၅။ ကိုယ်မသိတဲ့ Email ကနေ Website Link တွေ၊ Attachment တွေကို ဖွင့်ကြည့်မိခြင်း 

            တကယ်လို့ ကိုယ်မသိတဲ့ Email Address ကနေ Website Link တွေ၊ Attachment တွေပါတဲ့ Mail ဝင်နေတယ်ဆိုရင် မဖွင့်ကြည့်သေးပဲနဲ့ အရင်ဆုံးပို့တဲ့သူကို အရင်ပြန်ပြီး စုံစမ်းသင့်ပါတယ်။ Website လိပ်စာ၊ Company လိပ်စာပါလာတယ်ဆိုရင်လည်း အရင် အင်တာနက်မှာ အဲ့ဒီလိပ်စာကို သီးခြားရှာကြည့်ပြီး အစစ်အမှန်ဟုတ်မဟုတ် တိုက်ကြည့်သင့်ပါတယ်။ မဟုတ်ရင် Attachment, Links တွေကတစ်ဆင့် Virus, Trogen, Key Logger တွေမျိုးစုံ ဝင်ရောက်လာနိုင်ပါတယ်။ 

၆။ အများပြည်သူသုံး Wifi မှာ အရေးကြီးအလုပ်တွေကို ပြုလုပ်ခြင်း 

                ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ်၊ အခြား Public Area မှာ Free Wifi ရလို့ သုံးတော့မယ်ဆိုရင် သတိထားသင့်တာက သင်က သင့်ကိုယ်ပိုင် အင်တာနက်ကို သုံးနေတာမဟုတ်တော့ဘူးဆိုတာပါ။ သင်နဲ့ အတူ Wifi Share သုံးနေတဲ့ Network ပိုင်းကျွမ်းကျင်သူတစ်ယောက်က သင်ဘယ် Website တွေ၊ Application တွေသုံးနေတယ်ဆိုတာကို သိနေနိုင်သလို တကယ်လို့ သင်ကအရေးကြီးတဲ့ Bank Account စစ်တာမျိုး၊ Balance transfer မျိုးကို လုပ်နေတယ်ဆိုရင် သင့် Bank Account ကလည်း လုံခြုံစိတ်ချရမှုရှိမှာ မဟုတ်တော့ပါဘူး။

                အဲ့ဒါကြောင့် အများပြည်သူသုံး Wifi ကို အသုံးပြုတော့မယ်ဆိုရင် လိုအပ်သလောက်ပဲ အသုံးပြုပြီး၊ အရေးကြီး Websites တွေကိုတော့ ကိုယ်ပိုင်အင်တာနက်နဲ့ပဲ အသုံးပြုသင့်ပါတယ်။ 

၇။ ကိုယ်အသုံးပြုနေတဲ့ Operation System နဲ့ Apps တွေကို Update မှန်မှန်မလုပ်ခြင်း 

                Apple, Google, Microsoft အကုန်လုံးက သူတို့ရဲ့ Operation System နဲ့ Browser, Antivirus စတဲ့ Apps အကုန်လုံးကို Update မှန်မှန်ပြုလုပ်ပေးလေ့ရှိပါတယ်။ 

                ဒီလို Update တွေမှာ များသောအားဖြင့် လုံခြုံရေးကို Fix လုပ်ပေးထားတဲ့ Security Patches Update တွေပါတတ်တဲ့အတွက် ကျိန်းသေအမြဲ Update လုပ်ထားတာက စိတ်အချရဆုံးဖြစ်မှာပါ။ Browser တွေကအစ ပုံမှန် Update လုပ်သင့်တဲ့ အကြောင်းရင်းကို ကျနော်တို့ တင်ဆက်ထားတာ ဒီမှာ ထပ်မံဖတ်ရှုနိုင်ပါတယ်။

                ဥပမာ ပြောရရင် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ WannaCry Ransomware က Update ဖြစ်တဲ့ Windows 10 PC တွေထက် Update မဖြစ်တော့တဲ့ Windows XP, Windows 7 တွေကို အဓိကထားတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ် Update အမြဲလုပ်ထားတာ အကောင်းဆုံးဖြစ်မှာပါ။

References
Cnet
About Author
Assinged Tags
Malwares Security Cyber Security User Privacy Mobile Security Update Privacy
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed