iOS 10.3 မှာ သင်သတိမထားမိတဲ့ အကောင်းဆုံး Feature တစ်ခု

date_range 29 March 2017

iOS 10.3 မှာ သင်သတိမထားမိတဲ့ အကောင်းဆုံး Feature တစ်ခု

visibility 21960 Views

                မနေ့ညကပဲ iOS နဲ့ macOS အတွက် OS Update တွေကို Apple က Release လုပ်ခဲ့ပါတယ်။ iOS 10.3 အတွက်သတင်းကို ဒီလင်ခ့် မှာဖတ်ရှုနိုင်ပြီး macOS 10.12.4 အတွက်သတင်းကိုတော့ ဒီလင့်ခ် မှာဖတ်ရှုနိုင်ပါတယ်။ အခု OS Update တွေထဲမှာ Feature အသစ်တွေ အများကြီးပါဝင်လာတယ် ဆိုပေမယ့် လူတိုင်းကအရေးမကြီးဘူးလို့ထင်ကြတဲ့ Feature လေးတစ်ခုရှိပါတယ်။

အဲ့ဒီ Feature ကဘာလဲ?

                ဒီ Feature လေးကတော့ တခြားမဟုတ်ပါဘူး။ APFS ဆိုတဲ့ Apple ရဲ့ File System အသစ်ပါ။ အရှည်ကောက်ဆိုရင်တော့ Apple File System ပေါ့။ ၁၉၉၈ ခုနှစ်ထဲက HFS+ File System ကိုပဲ အသုံးပြုလာခဲ့တဲ့ Apple ဟာ မနှစ်က WWDC မှာတုန်းက APFS ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ 

                မနေ့ညက iOS 10.3 နဲ့၊ macOS 10.12.4 တို့ တရားဝင်ထွက်ရှိလာပြီးတဲ့ နောက်မှာတော့ ဒီ APFS ဆိုတဲ့ File System အသစ်လေးလည်း ထွက်ရှိလာတဲ့ OS Update တွေမှာ ပါရှိလာပါတယ်။ ဒါပေမယ့် ဒီ Feature လေးကို လူတိုင်းသတိမထားမိပါဘူး။ ဖတ်ရတာပျင်းတယ်ဆိုပြီး ကျော်သွားတာများကြမှာပါ။ ဒါပေမယ့် ဒီ Feature လေးက ယခုထွက်ရှိလာတဲ့ OS Update တွေထဲမှာ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။

ဘာလို့ အကောင်းဆုံး Feature ပါလို့ ပြောနိုင်တာလဲ?

                ဘာဖြစ်လို့ APFS က အကောင်းဆုံး Feature တစ်ခုပါလို့ ပြောနိုင်လဲဆိုတာကို အောက်မှာသူရဲ့ကောင်းကျိုးတွေကို တစ်ခုခြင်းစီ ကြည့်ကြည့်လိုက်ရအောင်။

Apple Product အကုန်လုံးအတွက် File System တစ်ခုထဲသာ ဖြစ်တော့ခြင်း

                APFS ရဲ့ အဓိကကောင်းကွက်က ယခုလက်ရှိ Apple Product တွေမှာ အသုံးပြုနေတဲ့ HFS+ File System ကို လွယ်လွယ်ကူကူ အစားထိုးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး APFS က macOS အတွက်ရော၊ iOS အတွက်ရော၊ tvOS အတွက်သာမက watchOS အတွက်တောင်မှ ကိုက်ညီမယ့် File System တစ်ခုဖြစ်ပါတယ်။

အခုလက်ရှိ Apple Product တွေအကုန်လုံးအတွက် Optimize လုပ်ထားခြင်း

                Flash ဒါမှမဟုတ် Solid-State Storage အသုံးပြုထားတဲ့ Device တွေအတွက် Storage ပိုင်းကို Optmize လုပ်ထားပါတယ်။ Boot Time တွေ၊ App Loading Time တွေ ပိုမြန်သွားမယ်ပေါ့။ ဒါတင်မဟုတ်ပါဘူး။ Data Transfer Rate လည်း သိသိသာသာ မြန်ဆန်လာမှာ ဖြစ်ပါတယ်။

                နောက်တစ်ချက်အနေနဲ့ APFS က Available Storage တွက်တာကိုပါ ပြန်လည်ပြင်ဆင်ထားပါတယ်လို့ The Next Web က ရေးသားထားပါတယ်။ OS Update လုပ်လိုက်တဲ့သူအကုန်လုံး Usable Storage Space တွေပါ အရင်ကထက်တိုးလာတယ်လို့လည်း ဆိုထားပါသေးတယ်။

Encryption ပိုမိုကောင်းမွန်လာခြင်း

                APFS ရဲ့ Encryption ပိုင်းအတွက် macOS က Full Disk Encryption ဆိုတဲ့ Feature ရယ်၊ iOS မှာပါဝင်တဲ့ File တစ်ခုခြင်းစီကို Encrypt လုပ်ပေးတဲ့ Data Protection Feature ရယ် ပေါင်းစပ်ထားတာဆိုတော့ Security ပိုင်းမှာ အရင်ကထက် ပိုမိုလုံခြုံမှာ ဖြစ်ပါတယ်။

အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်ခြင်း

                Apple က သူတို့ရဲ့ File System အသစ် APFS ကို လာမယ့်နှစ်တွေများစွာတိုင်အောင် အသုံးပြုဖို့စီစဉ်ထားပါတယ်။ အခုခဏလေးပဲသုံး၊ ပြီးရင် File System တစ်ခုလုံးပြန်ပြောင်းဆိုရင် အသုံးပြုသူတွေ ဒုက္ခရောက်မှာ အသေအချာပါပဲ။ 

                ဒါကြောင့်မို့ APFS ဟာ ခဏလေးပဲလောင်မယ့် ကောက်ရိုးမီးလို မဖြစ်အောင်လို့ Apple ဘက်က သေချာပြင်ဆင်ထားပါတယ်။ နောက်ပြီး APFS ဟာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေအတွက်လည်း Ready ဖြစ်ပြီးသားပါ။

APFS ကို အသုံးပြုချင်ရင် ဘယ်လိုလုပ်ရမလဲ?

                ဘာမှလုပ်စရာမလိုပါဘူး iOS နဲ့ macOS ကို Update လုပ်လိုက်တာနဲ့ APFS ကို ရရှိမှာပါ။ APFS ကို ရရှိဖို့အတွက် Fresh Install လုပ်စရာမလိုတာကိုတော့ Apple ကို ချီးကျူးပါတယ်။ 

References
The Next Web Cult Of Mac
About Author
Assinged Tags
iOS macOS APFS File System HFS
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed