macOS 10.12.4 ယနေ့ထွက်ရှိ

date_range 28 March 2017

macOS 10.12.4 ယနေ့ထွက်ရှိ

visibility 500 Views

                ယခု macOS 10.12.4 မှာတော့ Apple က “Night Shift Mode” ကို macOS အတွက် စတင်မိတ်ဆက်လိုက်ပါတယ်။ “Night Shift Mode” ဆိုတာက ဖုန်း Screen ကပဲဖြစ်ဖြစ်၊ Laptop Screen ကပဲဖြစ်ဖြစ် ထုတ်လွှတ်လိုက်တဲ့ အလင်းတန်းတွေထဲက အိပ်ချင်စိတ်ကို လျော့နည်းစေတဲ့ “Blue Light Level” (အပြာရောင် အလင်းတန်း Level) ကို လျှော့ချပေးတဲ့ စနစ်တစ်ခု ဖြစ်ပြီး၊ Apple က iOS 9.3 မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။

                “Night Shift Mode” ကို အသုံးပြုချင်တယ် ဆိုရင်တော့ “System Preferences” ထဲက “Displays Section” ထဲမှာ သွားပြီးတော့ ဖွင့်နိုင်သလို၊ “Siri” ကို အသုံးပြုပြီးတော့လည်း ဖွင့်နိုင်ပါတယ်။

                macOS အတွက် ယခု Update ကတော့ “Night Shift Mode” ကို ဦးစားပေးထားတယ် ဆိုပေမယ့် တခြား Feature အသစ်တွေဖြစ်တဲ့ Cricket ပွဲစဥ်တွေရဲ့ ရလဒ်များကို “Siri” မှာ မေးနိုင်ခြင်း၊ PDFKit အတွက် API အားဖြည့်ထားခြင်း၊ “iCloud” အတွက် Analytics Option များပါဝင်လာခြင်း၊ စတာတွေလဲ ပါဝင်လာပါတယ်။

                Update လုပ်ချင်တယ်ဆိုရင်တော့ Mac App Store ထဲက Update ဆိုတဲ့ Tab ထဲမှာသွားပြီး Update လုပ်နိုင်ပါတယ်။ Major Update မဟုတ်ပဲ၊ Minor Update ပဲဖြစ်တာကြောင့် ချက်ချင်းကြီး Update လုပ်ဖို့တော့ မလိုအပ်ပါဘူး။ 

                Size ကလည်း 1.56 GB ရှိတာကြောင့် Size ကြီးပါတယ်။ အကယ်လို့ Update လုပ်ချင်တယ်ဆိုရင်လည်း မိမိရဲ့ Mac ကို Back Up အရင်လုပ်ထားဖို့တော့ Recommend ပေးပါတယ်။

References
MacWorld
About Author
Assinged Tags
macOS
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed