နာမည်ကြီး Jailbreaker တစ်ယောက်ကို Security ပိုင်းအတွက် အလုပ်ခန့်လိုက်တဲ့ Apple

date_range 16 March 2017

နာမည်ကြီး Jailbreaker တစ်ယောက်ကို Security ပိုင်းအတွက် အလုပ်ခန့်လိုက်တဲ့ Apple

visibility 8150 Views

                ဘယ် Operating System မဆို Security Flaws တွေရှိတယ်ဆိုတာ လူတိုင်းငြင်းမရတဲ့ အရာတစ်ခုပါ။ iOS ကြိုက်တဲ့သူတွေက iOS ဘယ်လောက်ကောင်းကြောင်း၊ Android ကြိုက်တဲ့သူတွေက Android ဘယ်လောက်ကောင်းကြောင်း ပြောချင်သလောက်ပြောကြပါစေ၊ Malware တွေ၊ Adware တွေ၊ Virus တွေကတော့ တစ်ခုပြီးတစ်ခု မရိုးရအောင် ထွက်နေမှာပါပဲ။

                ဘယ် OS ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်မိုက်တယ် ငြင်းခုံပြီး Fan Boy တွေလုပ်နေမယ့်အစား၊ ဘယ် Malware ကတော့ဖြင့် ဘယ်ဖုန်းကိုဒုက္ခပေးနေတယ်၊ ဘယ် Adware ကတော့ဖြင့် ဘယ်လိုဒုက္ခပေးမယ် ဆိုတဲ့သတင်းတွေကို စောင့်ကြည့်နေမှသာ မိမိရဲ့အရေးကြီးတဲ့ Data တွေကို အခုလိုဒီဂျစ်တယ်ခေတ်ကြီးမှာ လုံလုံခြုံခြုံသိမ်းထားနိုင်ပါလိမ့်မယ်။

                နည်းပညာ ကုမ္ပဏီကြီးတွေမှာ သူတို့ထုတ်လုပ်ထားတဲ့ OS မှာ Security Flaws တွေကို နေ့စဥ်ရှာဖွေနေတဲ့ သီးသန့်အဖွဲ့တွေရှိပေမယ့် တစ်ချို့ Security Flaws တွေကို ရှာမတွေ့ကြပါဘူး။ ပြင်ပက အရမ်းတော်တဲ့ Hacker တွေ၊ Developer တွေရဲ့ အကူအညီကိုလည်း ယူရပါသေးတယ်။ 

                နည်းပညာ ကုမ္ပဏီကြီးတွေအားလုံးမှာ သူတို့ထုတ်လုပ်ထားတဲ့ Product တွေ အကုန်လုံးရဲ့ Security Flaws တွေ၊ Fatal Error တွေ၊ Bug တွေကို ကူညီပြီးရှာဖွေပြီး Report တင်ပေးနေကြတဲ့ Hacker တွေ၊ Developer တွေကို ဆုကြေးငွေပြန်ပေးတဲ့ အစီအစဉ်တွေ ရှိကြပါတယ် (Google ရဲ့ ဆုကြေးငွေ အစီအစဉ်အကြောင်းကို ဒီလင့်ခ် မှာဖတ်ရှုလို့ရပါတယ်)။ 

                တစ်ချို့အရမ်းတော်တဲ့ Developer တွေ၊ Hacker တွေဟာ ဘယ်နည်းပညာကုမ္ပဏီမှာမှ အလုပ်လုပ်ကြပါဘူး။ နေ့စဉ် Security Flaws တွေ၊ Fatal Error တွေ၊ Bug တွေကိုပဲ ထိုင်ရှာကြပါတယ်။ ပြီးရင် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီကို Report လုပ်၊ ရတဲ့ဆုကြေးငွေကို ယူပြီးတော့ပဲ ပိုက်ဆံရှာကြပါတယ်။

                ရှင်းရှင်းပြောရရင် Apple ကသူ့ iOS ကို Jailbreak လုပ်ပြီး သုံးနေကြတယ်ဆိုတာ သိပါတယ်။ ရှင်းရှင်းပြောရရင် Jailbreaker တွေကို နာမည်နဲ့ပါသိပါတယ်။ ဒါပေမယ့် လွှတ်ထားပါတယ်။ ပြီးရင် Jailbreaker တွေထဲက အတော်ဆုံးတွေကို Apple မှာ အလုပ်ပြန်ခန့်ပါတယ်။ တရားစွဲတာတွေ၊ ထောင်ချတာတွေ မလုပ်ပါဘူး။ 

                ဒီလိုမျိုးလုပ်တာက Apple မှ မဟုတ်ပါဘူး။ နည်းပညာကုမ္ပဏီကြီးတွေ အကုန်လုံး ဒီနည်းလမ်းကို သုံးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ Product တွေမှာ ရှိနေတဲ့ Security Flaws တွေကို ဒီလို Hacker တွေ၊ Developer တွေကပဲ​ အသိဆုံးမို့လို့ပါ။ ရှင်းရှင်းပြောရရင် ငါးကြင်းဆီနဲ့၊ ငါကြင်းပြန်ကြော်လိုက်တာပါပဲ။

                Jonathan Zdziarski ဆိုတာ iOS Jailbreaking and Hacking နဲ့ iPhone Security ပိုင်းမှာ အရမ်း၊ အရမ်းကိုတော်တဲ့သူတွေထဲက တစ်ယောက်ပါ။ iOS Hacking Community မှာတော့ သူက NerveGas ဆိုတဲ့ အမည်နဲ့ပါ။ Apple နဲ့ FBI နဲ့ ပြဿနာတက်တုန်းကလည်း Apple ဘက်ကနေလိုက်ပြီး လေ့လာချက်တွေ၊ တွေ့ရှိချက်တွေကို ထုတ်ပေးခဲ့တာလည်း သူပါပဲ။

                သူ့ရဲ့ Twitter Account ဟာလည်း Hacking ပိုင်း၊ Security ပိုင်းတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ ပြည့်နေခဲ့တယ်ဆိုတာ အကြောင်းရှိပါတယ်။ Apple မှာ အလုပ်လုပ်တော့မှာ ဖြစ်တဲ့အတွက် ဒီ Twitter Account လေးကို ဖျက်သိမ်းလိုက်တာကြောင့် ဖြစ်ပါတယ်။

                iPhone Jailbreaking Community မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ Zdziarski ဟာ ဒီနေ့မှာတော့ Apple က သူတို့ရဲ့ Security Engineering and Architecture Team မှာ အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

Zdziarski က သူ့ရဲ့ကိုယ်ပိုင် Blog လေးမှာ

“ဒီနေ့မှာတော့ Apple က သူတို့ရဲ့ Security Engineering and Architecture Team မှာ အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းချက်ကို ကျနော်လက်ခံလိုက်ပါပြီလို့ ဝမ်းမြောက်စွာ ကြေငြာပါတယ်ဗျာ။ ဒီလိုမျိုး လူတွေရဲ့ Privacy ကို စိတ်အားထက်သန်စွာ ကာကွယ်ပေးနေတဲ့ Team နဲ့ အလုပ်လုပ်ရတော့မှာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်ဗျ။
ကျနော် လုပ်သင့်တယ်လို့ ခံစားနေရတာကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ လူတစ်ယောက်ရဲ့ Privacy ဆိုတာ အရမ်းကိုအရေးကြီးပါတယ်။ အခုလို ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ နေထိုင်နေတဲ့ ကျနော်တို့တွေအားလုံးဟာ ကိုယ့်အကြောင်းကို လိုတာထပ်ပိုပြီး ထုတ်ဖော်နေကြတာဖြစ်တဲ့အတွက် ကိုယ့် Privacy ဟာ လုံခြုံမှုသိပ်မရှိတော့ပါဘူး။ ဒီလိုမျိုး လူတွေရဲ့ Privacy ကို စိတ်အားထက်သန်စွာ ကာကွယ်ပေးနေတဲ့ Team နဲ့ အလုပ်လုပ်ရတော့မှာဆိုတာကို တွေးတွေးပြီး ကျနော် အရမ်းကိုပျော်နေပါတယ်။”

လို့ ရေးသားထားပါတယ်။

References
Cult Of Mac
About Author
Assinged Tags
Android iPhone iOS Malware Virus Security Adware Jailbreaking
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed