Critical Bug တွေ Report လုပ်ပေးမယ့် Researcher တွေအတွက် ဆုကြေးငွေတိုးပေးတော့မယ့် Google

date_range 08 March 2017

Critical Bug တွေ Report လုပ်ပေးမယ့် Researcher တွေအတွက် ဆုကြေးငွေတိုးပေးတော့မယ့် Google

visibility 150 Views

                Bug Report လုပ်ပေးတဲ့ Developer တွေ၊ Research ကုမ္ပဏီတွေ၊ Individual တွေအတွက် Google မှာ “Vulnerability Rewards Program (VRP)” ဆိုတဲ့ ဆုကြေးငွေပေးတဲ့ Program လေးတစ်ခုရှိခဲ့တာ ကြာပါပြီ။ ဒီနေ့မှာတော့ Google က အဲ့ဒီ Program အတွက် ဆုကြေးငွေကို တိုးပေးတော့မယ်လို့ သူတို့ရဲ့ Security Blog ကြေငြာထားပါတယ်။

                Google Server တွေရဲ့ Remote Code Execution Bug တွေရှာပေးမယ့်သူကို ဆုကြေးငွေအဖြစ် အရင် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကနေ ၃၁,၃၃၇ ဒေါ်လာအထိ တိုးပေးထားပြီး၊ Unrestricted File System (သို့မဟုတ်) Database Access Bug တွေအတွက် ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကနေ ၁၃,၃၃၇ ဒေါ်လာအထိ တိုးပေးလိုက်ပါတယ်။

                အခုတိုးပေးလိုက်တဲ့ ဆုကြေးငွေပမာဏဟာ အရမ်းတော်တဲ့ Hacker တွေကို ဂုဏ်ပြုထားတဲ့နံပါတ်ပါ။ 1337 ဆိုတာ Internet ဗန်းစကားတစ်လုံးဖြစ်ပြီး၊ leet လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ Elite အရမ်းထူးချွန်သော လို့ထွက်ဆိုလို့ရပြီး အရမ်းတော်တဲ့ Hacker တွေ၊ Gamer တွေကို ခေါ်ကြတဲ့နံပါတ်ဖြစ်ပါတယ်။ ဒီအကြောင်းကို သေချာဖတ်ရှုချင်ရင် ဒီလင်ခ့် မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်။

Google က သူတို့ Security Blog မှာ

“အခုနှစ်ပိုင်းတွေမှာ Bug တွေရှာရတာ အရမ်းကိုခက်ခဲလာပါတယ်။ Researcher တွေအတွက်လည်း အချိန်ပိုကုန်ပါတယ်။ သူတို့ Bug တွေရှာလို့ ကုန်သွားတဲ့အချိန်တွေကို ကျနော်တို့ Google က လေးစားသောအားဖြင့် ကျနော်တို့ရဲ့ VRP Program ကို ပြောင်းလဲမှုလေး နည်းနည်းလုပ်လိုက်ရတာပါလို့”

ရေးသားထားပါတယ်။

                အဲ့ဒီ့အပြင် ယခင်နှစ်တွေတုန်းက ဘယ်နိုင်ငံတွေက ဒီ VRP Program မှာ Contribute ဘယ်လိုလုပ်ခဲ့သလဲ၊ ဆုကြေးငွေပမာဏ ဘယ်လောက်ရယူခဲ့ကြသလဲ ဆိုတဲ့စာရင်းကိုလည်း ထုတ်ပြန်ထားပါသေးတယ်။


                အိန္ဒိယနိုင်ငံက ၂၀၁၆ ခုနှစ်မှာ Bug Report အရေအတွက်ဟာ ၂၀၁၅ ခုနှစ်တုန်းကထက် ၄၀% ပိုပို့ခဲ့ပြီး၊ ဆုကြေးငွေရရှိတဲ့ ရာခိုင်နှုန်းဟာလည်း ၃၀% ထိပိုမိုရရှိခဲ့ပါတယ်။

                တရုတ်နိုင်ငံကတော့ ၂၀၁၅ ခုနှစ်တုန်းက ပို့ပေးတဲ့ Bug Report အရေအတွက်ထက် ၃ဆထိပိုတဲ့ Bug Report တွေကို ၂၀၁၆ ခုနှစ်မှာ Google ကိုပို့ပေးနိုင်ခဲ့ပြီး၊ ဂျာမနီနိုင်ငံကလည်း ၂၇%၊ ပြင်သစ်နိုင်ငံကလည်း ၄၄% စသည်ဖြင့်  Bug Report တွေကို ပို့ပေးနိုင်ခဲ့ကြပါတယ်။

                ပြင်သစ်နိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် Google ကို Bug Report ပို့ပေးတဲ့ ထိပ်ဆုံးငါးနိုင်ငံထဲမှာ မနှစ်ကမှ စာရင်းဝင်လာတာ ဖြစ်ပါတယ်။


References
Gadgets 360
About Author
Assinged Tags
Google VRP Program Leet 1337 Bug Report
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed